အရေးပေါ်
ပြည်တွင်းသတင်း

အသက် ၈ နှစ်အရွယ် ကျောင်းသူလေး အသတ်ခံရမှု တရားမျှတမှုရရှိဖို့နဲ့ တရားခံ ဖမ်းဆီးရမိဖို့ ဒေသခံတွေ တောင်းဆို

၂၀၂၆ နိုဝင်ဘာ ၈ Myo Taw
အသက် ၈ နှစ်အရွယ် ကျောင်းသူလေး အသတ်ခံရမှု တရားမျှတမှုရရှိဖို့နဲ့ တရားခံ ဖမ်းဆီးရမိဖို့ ဒေသခံတွေ တောင်းဆို

အသက် ၈ နှစ်အရွယ် ကျောင်းသူလေး အသတ်ခံရမှု တရားမျှတမှုရရှိဖို့နဲ့ တရားခံ ဖမ်းဆီးရမိဖို့ ဒေသခံတွေ တောင်းဆို

နိုဝင်ဘာ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကျောင်းသူ ကလေးငယ်တဦး စာသင်ကျောင်းကနေ ပြန်လာစဉ် ပျောက်ဆုံးသွားခဲ့ပြီး နောက်ရက်မှာ သေဆုံးလျက် တွေ့ခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က စာသင်ကျောင်းကနေ ပြန်တဲ့လမ်းမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပြီး နိုဝင်ဘာလ ၄ ရက်နေ့မှာ စာသင်ကျောင်းကို သွားတဲ့ လမ်းဘေးသရက်ခြံထဲမှာ ကလေးငယ်ရဲ့ ရုပ်အလောင်းကို တွေ့ခဲ့ကြတယ်လို့ သိရပါတယ်။

“လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ပုံလည်း တွေ့တယ်။ ပြီးတော့ ရက်ရက်စက်စက် သတ်သွားတာ၊ ဒါကို ထိထိရောက်ရောက် အာဏာပိုင်တွေက ဖမ်းဆီးအရေးယူပေးနိုင်မှ ဒီဒေသကလူတွေ ကလေးတွေအတွက် စိတ်ချရမှာ။ ခုအဖြစ်က ကလေးရှိတဲ့ မိဘတွေအကုန် ကြောက်နေကြပြီ” လို့ ဒေသခံအမျိုးသမီးတဦးက မြို့တော်ကို ပြောပါတယ်။

သေဆုံးသွားတဲ့ ကျောင်းသူ ကလေးငယ်လေးဟာ အသက် ၈ နှစ်သာရှိသေးတဲ့ မလှိုင်းဝတီစိုး (ခ) မချစ်ဖူးငုံ ဖြစ်ပြီး ကောင်းဘိုကျေးရွာအုပ်စု၊ လင်းလေအင်းကျေးရွာမှာ နေထိုင်တဲ့သူဖြစ်တယ်လို့ သိရပါတယ်။

ကျောင်းသူ ကလေးငယ်ရဲ့ ရုပ်အလောင်းကို နိုဝင်ဘာလ ၅ ရက်နေ့မှာ ကျေးရွာက သင်္ဂြိုဟ်ပေးခဲ့ကြပြီး သေဆုံးမှုနဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်တပ် လက်အောက်ခံ ရပ်စောက်မြို့နယ် ရဲတပ်ဖွဲ့က သေမှုသေခင်း ဖွင့်လှစ်ထားပေမယ့် လူသတ်မှုကျူးလွန်တဲ့ တရားခံကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ကျောင်းသူ ကလေးငယ်ကို လူမဆန်စွာ လိင်ပိုင်းဆိုင်ရာကိစ္စတွေနဲ့အတူ ရက်ရက်စက်စက် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ကျူးလွန်ခဲ့သူကို အမြန်ဆုံးဖမ်းဆီးရမိဖို့နဲ့ ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြတယ်လို့ သိရပါတယ်။

ရပ်စောက်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်၊ PNO ပြည်သူ့စစ်တပ်၊ RCSS တပ်နဲ့ SSPP တပ်တို့ ရှိတယ်လို့ သိရပြီး အဖွဲ့အားလုံးကိုလည်း ဒေသခံတွေက ဆက်ကြေးပေးရတယ်လို့ သိရပါတယ်။

မြို့တော် News Channe၈

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ပုသိမ်ကြီးမြို့နယ်မှာ 'ငါပျူစောထီးကွ' ဆိုပြီး သေနတ်နဲ့ ပစ်ခတ် ဓားပြတိုက်သွားလို့ တူဝရီး ၃ ဦးစလုံး သေဆုံး ပြည်တွင်းသတင်း

ပုသိမ်ကြီးမြို့နယ်မှာ 'ငါပျူစောထီးကွ' ဆိုပြီး သေနတ်နဲ့ ပစ်ခတ် ဓားပြတိုက်သွားလို့ တူဝရီး ၃ ဦးစလုံး သေဆုံး

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာ (မြောက်ပိုင်း) ကားလမ်းဘေးက 'ထာဝရ' ဖုန်းဆိုင်ကို အမျိုးသားတဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး သေနတ်ပစ်ခတ် ဓားပြတိုက်ရာက ၃ ဦး…

ဖတ်ရန်
ဖုန်းအားလာသွင်းတဲ့ KIA တပ်သားက အိမ်ရှင်ကို ဖုန်းခိုးတယ်လို့ စွပ်စွဲပြီး တုတ်နဲ့ရိုက်လို့ ဒဏ်ရာပြင်းထန်ရကာ ဆေးရုံတင်ထားရ ပြည်တွင်းသတင်း

ဖုန်းအားလာသွင်းတဲ့ KIA တပ်သားက အိမ်ရှင်ကို ဖုန်းခိုးတယ်လို့ စွပ်စွဲပြီး တုတ်နဲ့ရိုက်လို့ ဒဏ်ရာပြင်းထန်ရကာ ဆေးရုံတင်ထားရ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ အနောက်မြောက်ဘက်က မန်နိမ်းရွာမှာ ဖုန်းခိုးတယ်လို့ စွပ်စွဲချက်နဲ့ KIA နဲ့ MNDAA က တပ်သား ၂…

ဖတ်ရန်
ဗိုလ်တထောင်မြို့နယ်မှာ မသန်စွမ်းအမျိုးသားတဦးရဲ့ ရုပ်အလောင်းကို ရေပိုက်လုံးထဲမှာ ပုပ်ပွနေတဲ့ အနေအထားနဲ့ တွေ့ ပြည်တွင်းသတင်း

ဗိုလ်တထောင်မြို့နယ်မှာ မသန်စွမ်းအမျိုးသားတဦးရဲ့ ရုပ်အလောင်းကို ရေပိုက်လုံးထဲမှာ ပုပ်ပွနေတဲ့ အနေအထားနဲ့ တွေ့

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ၁ ရပ်ကွက်၊ လင်းဇဒေါင်းအနီးက ရေပိုက်လုံးထဲမှာ အိမ်ရာမဲ့ မသန်စွမ်း အမျိုးသားတဦး ပုပ်ပွသေဆုံးနေခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
စက်သုံးဆီပြတ်လပ်မှုကြောင့် ပဲခူးတိုင်းရှိ တောင်သူတွေ မိုးစပါးရိတ်သိမ်းရေးနှင့် ဆောင်းသီးနှံစိုက်ပျိုးရေး အခက်ကြုံနေ ပြည်တွင်းသတင်း

စက်သုံးဆီပြတ်လပ်မှုကြောင့် ပဲခူးတိုင်းရှိ တောင်သူတွေ မိုးစပါးရိတ်သိမ်းရေးနှင့် ဆောင်းသီးနှံစိုက်ပျိုးရေး အခက်ကြုံနေ

ပဲခူးတိုင်းအတွင်းရှိ လယ်ယာလုပ်ကိုင်သူတွေအနေနဲ့ မိုးစပါးရိတ်သိမ်းချိန်မှာ စက်သုံးဆီပြတ်လပ်မှုအပြင် ဈေးနှုန်းအဆမတန် မြင့်တက်မှုတွေကြောင့် ရိတ်သိမ်းရေးလုပ်ငန်းတွေမှာ အခက်အခဲဖြစ်နေသလို ဆောင်းသီးနှံစိုက်ပျိုးရန် ပြင်ဆင်မှုတွေလည်း ရပ်တန့်နေရတယ်လို့ ဒေသခံတောင်သူတွေထံမှ သိရပါတယ်။

ဖတ်ရန်