အရေးပေါ်
ပြည်တွင်းသတင်း

သင်္ကန်းကျွန်းမြို့နယ်ထဲမှာ ပြည့်တန်ဆာလုပ်ငန်းတွေ လမ်းမပေါ်မှာ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေတယ်လို့ဆို

၂၀၂၆ စက်တင်ဘာ ၂၁ Myo Taw
သင်္ကန်းကျွန်းမြို့နယ်ထဲမှာ ပြည့်တန်ဆာလုပ်ငန်းတွေ လမ်းမပေါ်မှာ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေတယ်လို့ဆို

သင်္ကန်းကျွန်းမြို့နယ်ထဲမှာ ပြည့်တန်ဆာလုပ်ငန်းတွေ လမ်းမပေါ်မှာ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေတယ်လို့ဆို

စက်တင်ဘာ ၂၁

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇ/တောင် 'Hi Hotel' အနီးမှာ ပြည်တန်ဆာလုပ်ငန်းတွေ ပေါ်ပေါ်ထင်ထင် တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေပြီး အဲ့ဒီထဲမှာ ပြည်ပထွက်မယ့် အမျိုးသမီးငယ်တွေပါ ပါဝင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်က ဇ/တောင် ရပ်ကွက်အနီးမှာ စစ်ဘေးရှောင်လာသူတချို့နဲ့ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တွေဟာ ကားမှတ်တိုင်နဲ့ ဟိုတယ်အနီးတဝိုက်တွေမှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်စားနေကြသူတွေ၊ ဆိုင်ကယ်ကယ်ရီဂိတ်က ကယ်ရီသမားတွေရဲ့ အရက်ဝိုင်းတွေနဲ့ စည်းကားနေပြီး ည ၈ နာရီကျော်တဲ့အထိ လမ်းပေါ်လူစည်ကားနေတယ်လို့ ဆိုပါတယ်။

"ရပ်ကွက်ထဲကလူကြီးတွေ ဖြတ်သွားရင်တောင် ဈေးဦးမပေါက်သေးလို့ သွားမလား ဦး ဆိုပြီး ဈေးလိုက်ညှိတယ်၊ လူငယ်လူရွယ်တွေဆိုလည်း လက်လိုက်ဆွဲတာတွေတောင် ရှိနေတယ်၊ သူတို့ကြောင့် တချို့ကားမှတ်တိုင်ကဆင်းပြီး ရပ်ကွက်ထဲပြန်တဲ့ မိန်းကလေးတွေကို ပြည့်တန်ဆာအထင်နဲ့ လိုက်နှောက်ယှက်ခံရတာတွေပါ ရှိနေပြီ" လို့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့နေရာမှာ နယ်စုံကရောက်လာတဲ့ အမျိုးသမီးငယ်တွေများပြီး အများစုက ဒီလိုလုပ်ငန်းတွေနဲ့ ပိုက်ဆံရှာဖွေကာ ပြည်ပထွက်ခွာသွားသူတွေလည်း ရှိတယ်လို့ပြောပါတယ်။

"ကျနော်တို့သိသလောက်က တချို့က ဒီမှာလာလုပ်စားတယ်၊ ပြီးရင် အိုမန်၊ ဒူဘိုင်းဘက် ထွက်သွားကြတယ်၊ တရားဝင်လိုင်စင်ရနေတဲ့ နေရာတခုလို ဖြစ်နေတာ၊ ခုနောက်ပိုင်းကျ အရမ်းကို ရဲတင်းလာတာ" လို့ ဒေသခံတဦးက ထပ်မံပြောဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် မြို့မရဲစခန်းက လိုင်းကြေးရယူထားတာကြောင့် ခုလိုလုပ်ဆောင်နေတာတွေကို ဖမ်းဆီးတာမျိုး မရှိဘူးလို့ ဝေဖန်ပြောဆိုမှုတွေရှိနေပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေနဲ့ ရဲတွေဟာ အတော်လေး ရင်းနှီးနေကြတယ်လို့လည်း ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

လတ်တလောမှာ ဒေသခံရပ်ကွက်နေသူတွေအဖို့ စိတ်ဒုက္ခမျိုးစုံ ရင်ဆိုင်နေကြရပြီး ရဲတပ်ဖွဲ့ဝင်တွေကပါ ပြည့်တန်ဆာတွေနဲ့ ပျော်ပါးနေတာကြောင့် ကူညီဖြေရှင်း ဆောင်ရွက်ပေးမယ့်သူမရှိ ဖြစ်နေတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

ကုလသမဂ္ဂ မှာ ဆက်လက်ရှိနေမယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို ရုပ်သံ Trending

ကုလသမဂ္ဂ မှာ ဆက်လက်ရှိနေမယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို

ကုလသမဂ္ဂ မှာ ဆက်လက်ရှိနေမယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုလသမဂ္ဂ ရုံးချုပ်အနီးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း…

ကြည့်ရန်
အမြောက်တပ်က စစ်သား ၂ ဦး သေနတ်ယူဆောင် ထွက်ပြေးသွားလို့ အပူတပြင်း ရှာဖွေနေ ပြည်တွင်းသတင်း

အမြောက်တပ်က စစ်သား ၂ ဦး သေနတ်ယူဆောင် ထွက်ပြေးသွားလို့ အပူတပြင်း ရှာဖွေနေ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အမတ (၃၄၄)၊ အမြောက်တပ်မှ တပ်ကြပ်တဦးနဲ့ စစ်မှုထမ်းအပတ်စဥ် ၈ က တပ်သားတဦး ဟာ သေနတ်တလက်၊ လက်ပစ်ဗုံးတလုံးနဲ့အတူ ထွက်ပြေးသွားခဲ့တယ်လို့…

ဖတ်ရန်
ရန်ကုန်မှာ အမျိုးသမီးငယ်ထံက ဓါး နဲ့ ထောက် လုယက်ပြီး တာဆီးသူတွေကိုပါ ဓါး နဲ့ ခုတ်မှုဖြစ်ပွား ရုပ်သံ Afternoon NEWS

ရန်ကုန်မှာ အမျိုးသမီးငယ်ထံက ဓါး နဲ့ ထောက် လုယက်ပြီး တာဆီးသူတွေကိုပါ ဓါး နဲ့ ခုတ်မှုဖြစ်ပွား

ရန်ကုန်မှာ အမျိုးသမီးငယ်ထံက ဓါး နဲ့ ထောက် လုယက်ပြီး တာဆီးသူတွေကိုပါ ဓါး နဲ့ ခုတ်မှုဖြစ်ပွားတဲ့ သတင်းနှင့်အတူ မြို့တော်ရဲ့ နေ့လယ်ခင်းသတင်း တင်ဆက်မှု…

ကြည့်ရန်