အရေးပေါ်
မှုခင်းသတင်း

ပေါ်တာဆွဲခဲ့တဲ့ အုပ်ချုပ်ရေးမှူးကို မကျေနပ်လို့ ပေါ်တာဆွဲခံခဲ့ရဖူးသူက ဓားနဲ့ ခုတ်သတ်

၂၀၂၆ ဇူလိုင် ၇ Myo Taw
ပေါ်တာဆွဲခဲ့တဲ့ အုပ်ချုပ်ရေးမှူးကို မကျေနပ်လို့ ပေါ်တာဆွဲခံခဲ့ရဖူးသူက ဓားနဲ့ ခုတ်သတ်

ပေါ်တာဆွဲခဲ့တဲ့ အုပ်ချုပ်ရေးမှူးကို မကျေနပ်လို့ ပေါ်တာဆွဲခံခဲ့ရဖူးသူက ဓားနဲ့ ခုတ်သတ်

ဇူလိုင် ၇

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကွမ်းလောင်းရွာမှာ ပေါ်တာအဆွဲခံခဲ့ရတာကို မကျေနပ်လို့ အုပ်ချုပ်ရေးမှူးကို ဓားနဲ့ ခုတ်သတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၅ ရက်နေ့ နေ့လယ်ပိုင်းက အောင်လံမြို့၊ ပြလို့တိုက်နယ်၊ ကွမ်းလောင်းကျေးရွာ အဝင်နားမှာ တဦးတည်း ရွာအပြင်ကို ဆိုင်ကယ်စီးလာတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ယခင်စစ်မှုထမ်း ပေါ်တာဆွဲခံခဲ့ရဖူးတဲ့ ကျောက်စွယ်ကျိုးရွာက လူငယ်တဦးက ဓားနဲ့ စောင့်ကြို ခုတ်သတ်ခဲ့တယ်လို့ သိရပါတယ်။

“ပေါ်တာဆွဲခံရပြီး ငွေနဲ့ရွေးထားတဲ့ လူငယ်က ခုတ်တာလို့ ကြားတယ်၊ အုပ်ကြီးက စစ်သားတွေနဲ့ ပေါင်းပြီး ပေါ်တာဆွဲတာ ငွေညှစ်တာ တကယ်လုပ်နေတာ၊ အဲ့ကိစ္စကို အငြိုးအတေးထားပြီး လုပ်သွားတာ” လို့ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။

ဓားနဲ့ခုတ်ခံရသူဟာ ကွမ်းလောင်းကျေးရွာ အုပ်ချုပ်ရေးမှူး အသက် ၇၀ အရွယ် ဦးအေးဟန် ဆိုသူဖြစ်ပြီး လက်မောင်းနဲ့ ဦးခေါင်း ဓားဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး ဓားနဲ့ ခုတ်သူဟာ ကျောက်စွယ်ကျိုးရွာသား အသက် ၃၀ ကျော်အရွယ် အမျိူးသားတဦး ဖြစ်တယ်လို့ သိရပါတယ်။

“ဒီဘက်မှာ အုပ်ကြီးတွေက အရင်အုပ်ကြီးတွေပဲ၊ အသစ် မရှိဘူး၊ ပြန်အရွေးခံလည်း ဒီလူတွေပဲ ပြန်လုပ်တာ၊ ထမင်းငတ်လို့ တပ်ထဲဝင်လာတဲ့ စစ်သားတွေနဲ့ ပေါင်းပြီး ရွာတွေထဲဝင် ချိန်းခြောက် ပေါ်တာဆွဲတာ၊ နှစ်လုံး သုံးလုံးသမားတွေကို လိုင်းကြေးတောင်း ရပေါက်ရလမ်း မှန်သမျှ သူတို့အကုန်လုပ်ကြတာ၊ မိုးကောင်ရွာက အုပ်ချုပ်ရေးမှူးလည်း အရင်နှစ်အစလောက်က အသတ်ခံရဖူးတယ်” လို့ ဒေသခံတဦးက ထပ်မံပြောဆိုပါတယ်။

လတ်တလောမှာ အုပ်ချုပ်ရေးမှူးကို ရှင်းလင်းခဲ့တဲ့လူငယ်ကို ဖမ်ဆီးရမိဖို့ အာဏာသိမ်းစစ်အုပ်စုက လိုက်လံ ရှာဖွေနေတယ်လို့ သိရပြီး သေဆုံးသူ အုပ်ချုပ်ရေးမှူးကိုတော့ ဇူလိုင်လ ၆ ရက်နေ့ ညနေပိုင်းက ကျေးရွာသုသာန်မှာပဲ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

လင်မယား ၂ ဦး လယ်ထဲက ဆိုင်ကယ်နဲ့ ပြန်လာစဉ် PNO ပြည်သူ့စစ် မောင်းလာတဲ့ကားနဲ့ တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံး မှုခင်းသတင်း

လင်မယား ၂ ဦး လယ်ထဲက ဆိုင်ကယ်နဲ့ ပြန်လာစဉ် PNO ပြည်သူ့စစ် မောင်းလာတဲ့ကားနဲ့ တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ PNO ပြည်သူ့စစ်တွေ မောင်းနှင်လာတဲ့ ကားနဲ့ လင်းမယား ၂ ယောက် စီးလာတဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ အမျိုးသား…

ဖတ်ရန်
နေပြည်တော် သီရိရတနာ အဆင့်မြင့်ဈေးအနီးမှာ လူသတ်ပြီး ဆိုင်ကယ်လုယက်ခဲ့တဲ့ တရားခံ ၂ ဦးကို မသေမချင်း ကြိုးကွင်းစွပ် သေဒဏ်ချမှတ် မှုခင်းသတင်း

နေပြည်တော် သီရိရတနာ အဆင့်မြင့်ဈေးအနီးမှာ လူသတ်ပြီး ဆိုင်ကယ်လုယက်ခဲ့တဲ့ တရားခံ ၂ ဦးကို မသေမချင်း ကြိုးကွင်းစွပ် သေဒဏ်ချမှတ်

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သီရိရတနာ အဆင့်မြင့်ဈေးအနီးမှာ လူသတ်ပြီး ဆိုင်ကယ် လုယက်ခဲ့တဲ့ အမျိုးသား ၂ ဦးကို မသေမချင်း ကြိုးကွင်းစွပ် သေဒဏ်၊ အလုပ်နဲ့ ထောင်ဒဏ်…

ဖတ်ရန်
သူခိုးနဲ့ ယောကျာ်းဖြစ်သူတို့ လုံးထွေးသတ်ပုတ်နေစဉ် သံတုတ်နဲ့ ရိုက်ကာ ဝင်ရောက်ကူညီရာက ယောကျာ်းကော သူခိုးပါ ၁၀ ချက်စီ ချုပ်လိုက်ရ မှုခင်းသတင်း

သူခိုးနဲ့ ယောကျာ်းဖြစ်သူတို့ လုံးထွေးသတ်ပုတ်နေစဉ် သံတုတ်နဲ့ ရိုက်ကာ ဝင်ရောက်ကူညီရာက ယောကျာ်းကော သူခိုးပါ ၁၀ ချက်စီ ချုပ်လိုက်ရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နေအိမ်ထဲဝင်ခိုးတဲ့ သူခိုးနဲ့ ယောကျာ်းဖြစ်သူတို့ လုံးထွေးသတ်ပုတ်နေတာကို ဇနီးဖြစ်သူက သံတုတ်နဲ့ ဝင်ရိုက်ရာက သူခိုးကော ယောကျာ်းဖြစ်သူပါ နှစ်ယောက်စလုံး ၁၀ ချက်စီ ချုပ်လိုက်ရတယ်လို့…

ဖတ်ရန်
Non CDM ကျောင်းဆရာမကို ယောက်ျားဖြစ်သူ ရှေ့မှာတင် အာဏာသိမ်းစစ်အုပ်စုမှ တပ်ဖွဲ့ဝင် ၅ ဦးက လိင်ပိုင်းဆိုင်ရာပြုကျင့် မှုခင်းသတင်း

Non CDM ကျောင်းဆရာမကို ယောက်ျားဖြစ်သူ ရှေ့မှာတင် အာဏာသိမ်းစစ်အုပ်စုမှ တပ်ဖွဲ့ဝင် ၅ ဦးက လိင်ပိုင်းဆိုင်ရာပြုကျင့်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့မှာ Non CDM ကျောင်းဆရာမကို အာဏာသိမ်းစစ်အုပ်စုမှ တပ်ဖွဲ့ဝင် ၅ ဦးက ယောက်ျားဖြစ်သူ ရှေ့မှာတင် လိင်ပိုင်းဆိုင်ရာပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်