အရေးပေါ်
ပြည်တွင်းသတင်း

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ သံသယတရားခံကို ဖမ်းဆီးရမိ

၂၀၂၆ စက်တင်ဘာ ၁၄ Myo Taw
အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ သံသယတရားခံကို ဖမ်းဆီးရမိ

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ သံသယတရားခံကို ဖမ်းဆီးရမိ

စက်တင်ဘာ ၁၄

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ပန်းတောကျေးရွာမှာ ကျူရှင်ကနေ အိမ်ပြန်လာတဲ့ အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူ မဆောင်းနှင်းဖြူကို နားကပ်လုယက်ပြီး လူသတ်မှုကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့ သံသယတရားခံကို ဖမ်းဆီးရ မိထားတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၃ ရက် နေ့လယ် ၃ နာရီခန့်မှာ မဆောင်းနှင်းဖြူဟာ တရွာတည်းနေ ကျူရှင်ဆရာမ ဒေါ်ခင်မဉ္ဇူရဲ့ နေအိမ်ကို ကျူရှင်တက်ဖို့ သွားခဲ့ပြီး ကျူရှင်ဆင်းချိန် ညနေ ၅ နာရီခန့်အထိ နေအိမ်ကို ပြန်မရောက်လာတာကြောင့် မိသားစုဝင်တွေက လိုက်လံရှာဖွေခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီနောက် ည ၈ နာရီခန့်မှာ ပန်းတောကျေးရွာရှိ ရွာလမ်းဘေး ဝါးရုံအောက်မှာ မဆောင်းနှင်းဖြူကို ပက်လက်အနေအထားနဲ့ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ပြီး လည်ပင်းမှာ အဝတ်စည်းထားတာ တွေ့ရှိရတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

ရုပ်အလောင်းကို တွေ့ရှိချိန်မှာ မဆောင်းနှင်းဖြူ ဝတ်ဆင်ထားတဲ့ နားကပ်တရံကို မတွေ့ရှိတော့တာကြောင့် လုယက်ပြီး သတ်ဖြတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး လုယက်လူသတ်မှု ကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့ ဦးစန်းနိုင်ဆိုသူကို စက်တင်ဘာလ ၁၄ ရက် မနက်ပိုင်းမှာ ဖမ်းဆီးရမိထားပြီး တာတပေါနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၂၀ နဲ့ အမှုဖွင့်ကာ ဆက်လက်စစ်ဆေးနေတယ်လို့ ရဲနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

လက်ရှိမှာ သံသယတရားခံကို ရမန်တစ်ပတ်ယူထားပြီး တရားစွဲတင်နိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိ ရုပ်သံ Afternoon NEWS

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိ

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့သတင်းများ…

ကြည့်ရန်
စမ်းချောင်းက Bar 4U ဆိုင် ၀ါယာရှော့ဖြစ်ပြီး မီးလောင်ကာ ၀န်ထမ်း ၂ ဦးသေဆုံး ရုပ်သံ Afternoon NEWS

စမ်းချောင်းက Bar 4U ဆိုင် ၀ါယာရှော့ဖြစ်ပြီး မီးလောင်ကာ ၀န်ထမ်း ၂ ဦးသေဆုံး

စမ်းချောင်းက Bar 4U ဆိုင် ၀ါယာရှော့ဖြစ်ပြီး မီးလောင်ကာ ၀န်ထမ်း ၂ ဦးသေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၄…

ကြည့်ရန်