အရေးပေါ်
ပြည်တွင်းသတင်း

ဒကာ၊ ဒကာမတွေနဲ့အတူ ကခုန်ခဲ့တဲ့ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးကို လူဝတ်လဲကာ နယ်နှင်ဒဏ်ပေး

၂၀၂၆ အောက်တိုဘာ ၂ Myo Taw
ဒကာ၊ ဒကာမတွေနဲ့အတူ ကခုန်ခဲ့တဲ့ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးကို လူဝတ်လဲကာ နယ်နှင်ဒဏ်ပေး

ဒကာ၊ ဒကာမတွေနဲ့အတူ ကခုန်ခဲ့တဲ့ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးကို လူဝတ်လဲကာ နယ်နှင်ဒဏ်ပေး

အောက်တိုဘာ ၂

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ သင်္ကန်းဝတ်နဲ့ အမျိုးသမီးတွေနဲ့အတူ ကခုန်ခဲ့တဲ့ ဘုန်းကြီးကို သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က လူဝတ်လဲပြီး နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်သံဃနာယကအဖွဲ့က အဖွဲ့စုံခေါ်ကာ လူဝတ်လဲ နယ်နှင်ဒဏ်ပေးလိုက်တာလို့ သိရပါတယ်။

အဆိုပါဘုန်းကြီးဟာ “ကိုရင်ရသေ့” ၊ “လာဘ်တိုးဘုန်းကြီး” ၊ “မြင်းစီးကိုယ်တော်” စတဲ့ အမည်တွေနဲ့ လူမှုကွန်ရက်နဲ့ TikTok ပေါ်တွေမှာ လူသိများထင်ရှားသူ ဖြစ်ပြီး သာသနာ အကြည်ညိုပျက်အောင်လုပ်ဆောင်မှုနဲ့ အခုလို ရေးယူခံခဲ့ရတာလို့ သိရပါတယ်။

“သူက ဓာတ်လိုလို၊ သိုက်လိုလိုတွေလည်း လုပ်တယ်။ ဒီဘက်မှာက နာမည်ကြီးတယ်။ ဒကာ ဒကာမ လည်း ပေါတယ်၊ ငွေလည်း ရွှင်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

မြို့နယ်သံဃနာယကအဖွဲ့က စစ်ဆေးပြီး နောက်တနေ့မှာ လူမှုကွန်ရက်ပေါ်က အကောင့်တွေ အားလုံး ဖျက်သွားခဲ့တယ်လို့ သိရပြီး နေရာမှာတင် လူဝတ်လဲကာ ခံဝန်ကတိ ထိုးခိုင်းပြီး နယ်နှင်ဒဏ်ပေးခဲ့တာလို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

အယ်လ်နီညို အမြင့်ဆုံး အခြေအနေသို့ နှစ်ကုန်ပိုင်းမှာ ရောက်ရှိနိုင်တယ်လို့ဆို မိုးလေဝသ

အယ်လ်နီညို အမြင့်ဆုံး အခြေအနေသို့ နှစ်ကုန်ပိုင်းမှာ ရောက်ရှိနိုင်တယ်လို့ဆို

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ အောက်တိုဘာ ၁ ရက် ထုတ်ပြန်ချက်အရ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ရဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့်…

ဖတ်ရန်
မိုးမိတ်မြို့ အနီးက အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းကို သိမ်းပိုက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်တွေ တပ်ပြန်ဆုတ်သွား ပြည်တွင်းသတင်း

မိုးမိတ်မြို့ အနီးက အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းကို သိမ်းပိုက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်တွေ တပ်ပြန်ဆုတ်သွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီး ညောင်နီကျေးရွာရှိ ရွှေမြင့်တင်တောင်က အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တပ်ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ဖတ်ရန်
တိုက်ခန်းပေါ် ဆန်းရှိတ်တက်ပြင်တဲ့ အမျိုးသား ခြေချော်ပြီး ပြုတ်ကျလို့ သေဆုံး ပြည်တွင်းသတင်း

တိုက်ခန်းပေါ် ဆန်းရှိတ်တက်ပြင်တဲ့ အမျိုးသား ခြေချော်ပြီး ပြုတ်ကျလို့ သေဆုံး

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်းရှိ တိုက်ခန်းတခုပေါ်က ဆန်းရှိတ်ကို တက်ပြင်တဲ့ အမျိုးသား ခြေချော်ပြီး ပြုတ်ကျကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
အရှင်ဆေကိန္ဒရဲ့ ဓမ္မဒူတလူငယ်ကျောင်းမှာ ကလေးငယ်တွေကို စစ်ရေးပြပုံစံ လေ့ကျင့်ပေးနေတဲ့ ရုပ်သံထွက်ပေါ်လာ ပြည်တွင်းသတင်း

အရှင်ဆေကိန္ဒရဲ့ ဓမ္မဒူတလူငယ်ကျောင်းမှာ ကလေးငယ်တွေကို စစ်ရေးပြပုံစံ လေ့ကျင့်ပေးနေတဲ့ ရုပ်သံထွက်ပေါ်လာ

ဓမ္မဒူတအရှင်ဆေကိန္ဒ ဦးဆောင်ဖွင့်လှစ်ထားတဲ့ ဓမ္မဒူတလူငယ်ကျောင်းမှာ အလယ်တန်းအဆင့် Grade 5 နဲ့ Grade 6 အရွယ် ကလေးငယ်တွေကို စစ်တပ်ပုံစံ ကိုယ်လက်ကြံ့ခိုင်ရေး (PT)၊…

ဖတ်ရန်