ရုပ်သံ
ပြည်တွင်းသတင်း
စက်တင်ဘာ ၂၈ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံတဝန်း မိုးသည်းထန်နိုင်ပြီး ကမ်းရိုးတန်းဒေသတွေ အထူးသတိပြုရန်လို
စက်တင်ဘာ ၂၈
နိုင်ငံတကာမိုးလေဝသဌာနတွေရဲ့ ခန့်မှန်းချက်အရ ကပ္ပလီပင်လယ်နဲ့ မြန်မာနိုင်ငံတောင်ပိုင်းကမ်းရိုးတန်းအနီးမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အားကောင်းလာပြီး မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိလာကာ မြောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ မုန်တိုင်းငယ်ဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းအနီးကနေတစ်ဆင့် ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဆက်လက်ရွေ့လျားနိုင်တယ်လို့ ဆိုပါတယ်။
မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းနဲ့ ကပ္ပလီပင်လယ်အနီးတဝိုက်မှာ မိုးတိမ်တောင်တွေ ထူထပ်စွာဖြစ်ပေါ်နေပြီး မိုးသည်းထန်တာ၊ လျှပ်စီးလက်တာ၊ မိုးကြိုးပစ်တာနဲ့ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
အမြင့်ဆုံးလေတိုက်နှုန်းဟာ တစ်နာရီကို ၃၅ မိုင်ကနေ မိုင် ၄၀ ဝန်းကျင်အထိ ရှိနိုင်ပြီး မြန်မာ့ပင်လယ်ပြင်နဲ့ ကမ်းရိုးတန်းဒေသတွေမှာ လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံတဝန်း နေရာအနှံ့အပြား မိုးရွာနိုင်ပြီး တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပါတယ်။
အထူးသဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးတာ၊ လေပြင်းတိုက်တာ၊ လျှပ်စီးလက်တာ၊ မိုးကြိုးပစ်တာနဲ့ မိုးထစ်ချုန်းတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် ကမ်းရိုးတန်းဒေသတွေမှာ လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာနဲ့ လှိုင်းကြီးတာတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ရေလုပ်ငန်းတွေကို ယာယီရပ်နားထားသင့်ပြီး မြေနိမ့်ပိုင်းနဲ့ ရေလွှမ်းမိုးလေ့ရှိတဲ့ ဒေသတွေက ပြည်သူတွေအနေနဲ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖြစ်ပေါ်နိုင်တဲ့ လျှပ်တစ်ပြက်ရေလွှမ်းမိုးမှုအန္တရာယ်ကို သတိပြုနေထိုင်သင့်ပါတယ်။
ရေစိုပျက်စီးနိုင်တဲ့ ပစ္စည်းတွေကို ရေလွတ်နိုင်တဲ့ အမြင့်နေရာတွေမှာ ကြိုတင်ရွှေ့ပြောင်းထားသင့်သလို သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ မသန်စွမ်းသူတွေကိုလည်း ရေဘေးအန္တရာယ်ကင်းတဲ့ နေရာတွေကို ကြိုတင်ပြောင်းရွှေ့ထားသင့်တယ်လို့ သတိပေးထားပါတယ်။
ဒါ့အပြင် လျှပ်စီးနဲ့ မိုးကြိုးကျရောက်နေချိန်မှာ ကွင်းပြင်နဲ့ လယ်ကွင်းတွေထဲ အလုပ်လုပ်တာကို ရှောင်ရှားသင့်ပြီး တောင်ကုန်းတောင်တန်းနဲ့ ကမ်းပါးအနီးမှာ နေထိုင်သူတွေအနေနဲ့လည်း မြေပြို၊ ကမ်းပြိုမှုအန္တရာယ်ကို ကြိုတင်သတိပြုဖို့ လိုအပ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သတင်းထုတ်ပြန်ပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့…