အရေးပေါ်
ပြည်တွင်းသတင်း

အလုပ်ရှင်အကြောင်းပြန်ကြားမှုမရှိခြင်းကို အကြောင်းပြုပြီး ကျွမ်းကျင်လုပ်သားတွေရဲ့ ပြည်ပထွက်ခွာခွင့်ကို အာဏာသိမ်းအစိုးရ ပိတ်ပင်

၂၀၂၆ နိုဝင်ဘာ ၁၇ Myo Taw
အလုပ်ရှင်အကြောင်းပြန်ကြားမှုမရှိခြင်းကို အကြောင်းပြုပြီး ကျွမ်းကျင်လုပ်သားတွေရဲ့ ပြည်ပထွက်ခွာခွင့်ကို အာဏာသိမ်းအစိုးရ ပိတ်ပင်

အလုပ်ရှင်အကြောင်းပြန်ကြားမှုမရှိခြင်းကို အကြောင်းပြုပြီး ကျွမ်းကျင်လုပ်သားတွေရဲ့ ပြည်ပထွက်ခွာခွင့်ကို အာဏာသိမ်းအစိုးရ ပိတ်ပင်

နိုဝင်ဘာ ၁၇

ပြည်ပမှာ အလုပ်ရရှိထားတဲ့ ကျွမ်းကျင်လုပ်သားတွေရဲ့ အလုပ်ရှင်နဲ့ ကုမ္ပဏီတွေကို သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးက ဆက်သွယ်အတည်ပြုမရပါက အာဏာသိမ်းအစိုးရ လုပ်ထုံးလုပ်နည်းအတိုင်း အလုပ်သမားတွေကို OWIC ကတ်ပြုလုပ်ခွင့်နဲ့ ပြည်ပထွက်ခွာခွင့် မပေးတော့တာကြောင့် အလုပ် သမားတွေ အလုပ်အကိုင်ဆုံးရှုံးနိုင်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

အလုပ်ရှင်နဲ့ ဆက်သွယ်လို့မရတဲ့ ထိုင်း၊ ဂျပန်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံတွေဆီ သွားရောက်အလုပ်လုပ်ကိုင်မယ့် ကျွမ်းကျင်လုပ်သားတွေရဲ့ အမည်စာရင်းတွေကို အခုလ နိုဝင်ဘာလအတွင်း အလုပ်သမားဝန်ကြီးဌာနရဲ့ Safe Migration Telegram ချန်နယ်မှတစ်ဆင့် ထုတ်ပြန်လာတာပါ။

နိုဝင်ဘာလအတွင်း ထုတ်ပြန်ထားတဲ့စာရင်းအရ အလုပ်ရှင်ထံ ဆက်သွယ်မရတဲ့ ကျွမ်းကျင်လုပ်သား ၁၀ ဦးနဲ့ အလုပ်ရှင်ရဲ့ အီးမေးလ်၊ ဖုန်းနံပါတ် မပါဝင်တာကြောင့် ပြန်လည်တင်ပြဖို့ အကြောင်းကြားခံရသူ ၃ ဦး ရှိတယ်လို့ သိရပါတယ်။

“အလုပ်သမားတစ်ယောက်က နိုင်ငံခြားမှာ အလုပ်ရဖို့ အင်တာဗျူးတွေ ဖြေ၊ စာရွက်စာတမ်းတွေ ပြင်ဆင်ပြီး အလုပ်ရရှိထားတာပါ။ အလုပ်ရှင်ဘက်က ဖုန်းမကိုင်တာ၊ အီးမေးလ် ပြန်မဖြေတာကြောင့် အလုပ်သမားကို ပြည်ပထွက်ခွင့် မပေးဘူးဆိုရင် နစ်နာသူက အလုပ်သမားပဲ။ အလုပ်ရှင်နဲ့ ဆက်သွယ်မရတဲ့ကိစ္စကို ဖြေရှင်းပေးမယ့် နည်းလမ်းရှာဖို့ထက် အလုပ်သမားကိုပဲ ထွက်ခွင့်မပေးတာက အလုပ်အကိုင် ဆုံးရှုံးမှုအထိ ဖြစ်လာနိုင်တယ်” လို့ ပြည်တွင်း၊ ပြည်ပ အလုပ်သမားအခွင့်အရေး လုပ်ဆောင်နေသူတစ်ဦး ပြောပါတယ်။

ဒါ့အပြင် အလုပ်သမားဝန်ကြီးဌာနက ပြည်ပမှ ခွင့်ပြန်လာပြီး ပြန်လည်ထွက်ခွာမယ့် အလုပ်သမားတွေကိုလည်း OWIC ကတ်နဲ့ ပြည်ပထွက်ခွာခွင့် လျှောက်ထားရာမှာ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ တရားဝင် ငွေလွှဲလမ်းကြောင်းကတဆင့် ပြန်လည်ပို့ထားတဲ့ အထောက်အထားနဲ့ ဝင်ငွေခွန်ပေးဆောင်ထားတဲ့ အထောက်အထားတွေ တင်ပြဖို့ကိုလည်း သတ်မှတ်ထားပါတယ်။

အဲဒီလိုသတ်မှတ်ချက်တွေကြောင့် အရင်လတွေအတွင်း ပြည်ပနိုင်ငံတွေထံ ပြန်လည်ထွက်ခွာဖို့ရာ စီစဉ်ထားတဲ့ အလုပ်သမား ၃၀၀ ထက်မနည်း အခက်အခဲကြုံတွေ့ခဲ့ရတယ်လို့လည်း သိရပါတယ်။

“အလုပ်သမားတွေဆီက အခွန်ငွေ လိုချင်တယ်၊ လစာရဲ့ ၂၅ ရာခိုင်နှုန်းကိုလည်း ပြန်လွှဲခိုင်းတယ်ဆိုရင် အလုပ်သမားတွေ ပြည်ပမှာ အလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့ အခြေအနေတွေကိုလည်း လွယ်ကူအောင် စီစဉ်ပေးသင့်တာပေါ့။ ပြည်ပထွက်ခွင့်ကို တင်းကျပ်ထားလို့ အလုပ်တွေပါ ပြုတ်သွားရင် အလုပ် သမားတွေရဲ့ ကြိုးစားမှုနဲ့ ကုန်ကျစရိတ်တွေ အလဟဿဖြစ်သွားနိုင်တယ်” လို့ ဂျပန်နိုင်ငံရှိ အလုပ်သမားတစ်ဦးက ပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ ပြည်ပမှာ အလုပ်ရရှိဖို့အတွက် ကိုယ်တိုင်ကြိုးစားအားထုတ်ရတဲ့အပြင် ထွက်ခွာခွင့်ရရှိရေးအတွက်ပါ အခက်အခဲတွေ ထပ်မံရင်ဆိုင်နေရပြီး အလုပ်ရှင်ဘက်မှ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ အကျိုးဆက်ကိုပါ အလုပ်သမားတွေကပဲ ခံနေရတဲ့အခြေအနေ ဖြစ်ပေါ်နေတယ်လို့ သူကဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြည်ပကို အလုပ်သွားရောက်လုပ်ကိုင်သူတွေအပေါ် စည်းမျဉ်းစည်းကမ်းနဲ့ ထွက်ခွာခွင့်ဆိုင်ရာ ကန့်သတ်ချက်တွေ တိုးမြှင့်လာခဲ့သလို ၂၀၂၅ ခုနှစ်အတွင်းမှစကာ ပြည်ပရောက်အလုပ်သမားတွေရဲ့ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို တရားဝင် ငွေလွှဲလမ်းကြောင်းကတစ်ဆင့် မိသားစုထံ ပြန်လည်ပို့ရန် သတ်မှတ်ခဲ့တာပါ။

အလားတူပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ ပြည်တွင်းကို ခွင့်ပြန်လာပြီး ပြန်လည်ထွက်ခွာရာမှာ OWIC ကတ်၊ ဝင်ငွေခွန်နဲ့ ငွေလွှဲအထောက်အထားတွေ တင်ပြရတဲ့အပြင် အခုအခါ ကိုယ်ပိုင်အစီအစဉ်နဲ့ ပြည်ပသွားရောက်မယ့် ကျွမ်းကျင်လုပ်သားတွေအတွက်လည်း အလုပ်ရှင်နဲ့ သံရုံးကြား အတည်ပြုဆက်သွယ်နိုင်ရေးကို ပြည်ပထွက်ခွာခွင့် ရရှိဖို့ရာအရေးကြီးတဲ့ အချက်တစ်ခုအဖြစ် သတ်မှတ်လာခဲ့တာ ဖြစ်ပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွား ရုပ်သံ ပြည်တွင်းသတင်း

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွား

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွားတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု…

ကြည့်ရန်
ဘီးလင်းမြို့နယ်မှာ ကားနဲ့ ခရီးသွားနေစဉ် အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရ ပြည်တွင်းသတင်း

ဘီးလင်းမြို့နယ်မှာ ကားနဲ့ ခရီးသွားနေစဉ် အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်ကြီးကျေးရွာမှာ ကားနဲ့ ခရီးသွားခဲ့တဲ့ အမျိုးသားတဦး အမည်မသိ လူ ၂ ဦးရဲ့ သေနတ်နဲ့ စောင့်ကြိုပစ်ခတ်ခြင်းခံရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ပြည်ပလုပ်သားတွေရဲ့ ဘဏ်ငွေလွှဲနှုန်း တိုးမြှင့်လာပေမယ့် ပြင်ပပေါက်ဈေးထက် နည်းနေလို့ နစ်နာမှုတွေ ရှိနေဆဲ အလုပ်သမားရေးရာ

ပြည်ပလုပ်သားတွေရဲ့ ဘဏ်ငွေလွှဲနှုန်း တိုးမြှင့်လာပေမယ့် ပြင်ပပေါက်ဈေးထက် နည်းနေလို့ နစ်နာမှုတွေ ရှိနေဆဲ

ပြည်ပရောက် အလုပ်သားတွေရဲ့ လုပ်ခလစာ ငွေလွှဲနှုန်းကို အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၆၀၀ အထိ တိုးမြှင့်ပေးမယ်လို့ ပြည်တွင်းပုဂ္ဂလိကဘဏ်အချို့က နိုဝင်ဘာ ၁၉…

ဖတ်ရန်
ကျောက်မဲမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှု သုံးကြိမ်မြောက် ဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် ပါသွား ပြည်တွင်းသတင်း

ကျောက်မဲမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှု သုံးကြိမ်မြောက် ဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် ပါသွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ဗဟိုဈေးအနီး ဈေးတောင်ဘက်တိုက်တန်းက 'ရွှေတောင်တန်း' ရွှေဆိုင် ဓားပြတိုက်လုယက်ခံရပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် တန်ဖိုးရှိ ရွှေဆွဲကြိုးတွေ ပါသွားခဲ့တယ်လို့ ဒေသတွင်း…

ဖတ်ရန်