အရေးပေါ်
ပြည်တွင်းသတင်း

ဇီးကုန်မြို့က KTV ပိုင်ရှင် ပြည်သူ့စစ်ခေါင်းဆောင်းဟောင်း ဓားနဲ့ အချက် ၂၀ အထိုးခံရလို့ သေဆုံး

၂၀၂၆ နိုဝင်ဘာ ၁၇ Myo Taw
ဇီးကုန်မြို့က KTV ပိုင်ရှင် ပြည်သူ့စစ်ခေါင်းဆောင်းဟောင်း ဓားနဲ့ အချက် ၂၀ အထိုးခံရလို့ သေဆုံး

ဇီးကုန်မြို့က KTV ပိုင်ရှင် ပြည်သူ့စစ်ခေါင်းဆောင်းဟောင်း ဓားနဲ့ အချက် ၂၀ အထိုးခံရလို့ သေဆုံး

နိုဝင်ဘာ ၁၇

ပဲခူးတိုင်း၊ ဇီးကုန်းမြို့က KTV ပိုင်ရှင် ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းတဦး နေအိမ်မှာ ဓားနဲ့ အချက် ၂၀ အထိုးခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၆ ရက်၊ မနက် ၅ နာရီခွဲခန့်က ဇီကုန်းမြို့၊ အမှတ်(၁) ကွက်သစ်၊ အေးမြရွှေပြည်မြို့သစ်ရှိ ဆန်စက်ဝင်းက နေအိမ်မှာ “သံယောဇဉ်” KTV ပိုင်ရှင် ပြည်သူ့စစ်ခေါင်းဆောင်းဟောင်း အသက် ၆၀ နှစ်အရွယ် ဝက်သိုး(ခ)ကိုဇော်ဝမ်း ဆိုသူဟာ ဓားဒဏ်ရာ အချက် ၂၀နဲ့ အိပ်ယာပေါ်မှာ သေဆုံးနေခဲ့တာလို့ သိရပါတယ်။

“ဝက်သိုးက မိန်းမအရမ်းပွေတယ်၊ အသက်က ၆၀ ကျော်နေပြီ။ လက်ရှိ ပဲခူးတိုင်းဝန်ကြီးနဲ့ သူ့မိန်းမနဲ့က အမျိုးတော်တယ် ပြောတယ်။ အရင်က သူ့ကို လုပ်ကြံခံရတာ ၂ ကြိမ် ရှိတယ်လို့ ပြောတယ်။ အခုတော့ မိန်းမကိစ္စနဲ့ အရှော့ခံရတာ၊ အချက် ၂၀ တောင်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဝက်သိုး(ခ)ကိုဇော်ဝမ်းရဲ့ ဇနီးဖြစ်သူဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် မျိုးဆွေဝင်းနဲ့ ဆွေမျိုးတော်စပ်သူ ဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ဇနီးဖြစ်သူဟာ နတ်တလင်းမြို့ပေါ်က ဖြစ်တယ်လို့ သိရပါတယ်။

“လက်ရှိ ပဲခူးတိုင်းဝန်ကြီးချုပ် မျိုးဆွေဝင်းက အဲ့လူအိမ်ကို ခဏခဏ လာတယ်လို့ သိရတယ်။ အခုသေတဲ့သူက မိန်းမပွေတယ်၊ တခုလပ် တလင်ကွာ အကုန်မရှောင်ဘူး။ သူ့ကြောင့် ပြေးနေရတဲ့ မိသားစုတွေ အများကြီး” လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသူ ဝက်သိုးကို လူအုပ်စုနဲ့ သတ်သွားတာလို့ ဒေသခံတွေက ပြောဆိုနေကြပြီး မိန်းမကိစ္စကြောင့် အခုလို ဓားဒဏ်ရာ အချက် ၂၀ နဲ့ အသတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

နိုဝင်ဘာ ၂၂ ရက်နေ့ညကလည်း ဇီးကုန်းမြို့၊ ရွှေအရိပ် KTV မှာ သောက်စား ပျော်ပါးနေတဲ့ ပြည်သူ့စစ်တွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ပြည်သူ့စစ်တွေ သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွား ရုပ်သံ ပြည်တွင်းသတင်း

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွား

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွားတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု…

ကြည့်ရန်
ဘီးလင်းမြို့နယ်မှာ ကားနဲ့ ခရီးသွားနေစဉ် အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရ ပြည်တွင်းသတင်း

ဘီးလင်းမြို့နယ်မှာ ကားနဲ့ ခရီးသွားနေစဉ် အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်ကြီးကျေးရွာမှာ ကားနဲ့ ခရီးသွားခဲ့တဲ့ အမျိုးသားတဦး အမည်မသိ လူ ၂ ဦးရဲ့ သေနတ်နဲ့ စောင့်ကြိုပစ်ခတ်ခြင်းခံရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ပြည်ပလုပ်သားတွေရဲ့ ဘဏ်ငွေလွှဲနှုန်း တိုးမြှင့်လာပေမယ့် ပြင်ပပေါက်ဈေးထက် နည်းနေလို့ နစ်နာမှုတွေ ရှိနေဆဲ အလုပ်သမားရေးရာ

ပြည်ပလုပ်သားတွေရဲ့ ဘဏ်ငွေလွှဲနှုန်း တိုးမြှင့်လာပေမယ့် ပြင်ပပေါက်ဈေးထက် နည်းနေလို့ နစ်နာမှုတွေ ရှိနေဆဲ

ပြည်ပရောက် အလုပ်သားတွေရဲ့ လုပ်ခလစာ ငွေလွှဲနှုန်းကို အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၆၀၀ အထိ တိုးမြှင့်ပေးမယ်လို့ ပြည်တွင်းပုဂ္ဂလိကဘဏ်အချို့က နိုဝင်ဘာ ၁၉…

ဖတ်ရန်
ကျောက်မဲမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှု သုံးကြိမ်မြောက် ဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် ပါသွား ပြည်တွင်းသတင်း

ကျောက်မဲမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှု သုံးကြိမ်မြောက် ဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် ပါသွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ဗဟိုဈေးအနီး ဈေးတောင်ဘက်တိုက်တန်းက 'ရွှေတောင်တန်း' ရွှေဆိုင် ဓားပြတိုက်လုယက်ခံရပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် တန်ဖိုးရှိ ရွှေဆွဲကြိုးတွေ ပါသွားခဲ့တယ်လို့ ဒေသတွင်း…

ဖတ်ရန်