အရေးပေါ်
ပြည်တွင်းသတင်း

ကျောက်မဲမြို့နယ် လဝက ရုံးမှာ တရားဝင်လိုလို ငွေကြေး သိန်းနဲ့ချီ တောင်းခံနေ

၂၀၂၆ စက်တင်ဘာ ၁၃ Myo Taw
ကျောက်မဲမြို့နယ် လဝက ရုံးမှာ တရားဝင်လိုလို ငွေကြေး သိန်းနဲ့ချီ တောင်းခံနေ

ကျောက်မဲမြို့နယ် လဝက ရုံးမှာ တရားဝင်လိုလို ငွေကြေး သိန်းနဲ့ချီ တောင်းခံနေ

စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ လဝက ရုံးက ပြည်သူတွေကို လဝက လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး တရားဝင်လိုလို ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့မှုအရ သိရပါတယ်။

ဒုလဝကမှူး ဒေါ်အိအိသက် ဆိုသူဟာ မြို့နယ်မှူးကြေးအတွက်လို့ဆိုပြီး အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင် ပြုလုပ်သူတွေထံကနေ သိန်းချီ တောင်းခံနေတယ်လို့ သိရတယ်။

၆/၇ အမှုတွဲတွေဆိုရင် မြို့နယ်မှူးကြေး၊ ခရိုင်မှူးကြေး၊ ရုံးကြေးအတွက်လို့ဆိုကာ သိန်းဆယ်ချီ တောင်းခံနေပြီး ငွေကြေးပေးဆောင်ရာမှာ ငွေသားဆိုလျှင် ရုံးကပေးတဲ့ စာအိတ်နဲ့ ထည့်ပေးရသလို ငွေသားမပါရင်တော့ ဒေါ်အိအိသက်ရဲ့ Kpay နံပါတ် 09788420515 ကို လွှဲပေးခိုင်းလေ့ ရှိတယ်လို့ သိရပါတယ်။

ဒေါ်အိအိသက်ဟာ ကျောက်မဲမြို့နယ်ရုံးမှာ အနေအကြာဆုံး ဝန်ထမ်းဖြစ်ပြီး သူနဲ့ မတည့်သူတွေကို နယ်ပြောင်းရအောင်လုပ်လို့ ပြောင်းရွှေ့ခဲ့ရသူတွေလည်း အများကြီး ရှိခဲ့တယ်လို့ သိရပါတယ်။

သူမဟာ စစ်ဗိုလ်တဦးရဲ့ ဇနီးဖြစ်ပြီး မြို့နယ်လဝကမှူး ဦးထင်အောင်နဲ့ လက်ထောက်မြို့နယ်မှူး ဦးမျိုးထွန်းဦးကိုပင် မလေးမစား ဆက်ဆံလေ့ရှိတယ်လို့ သိရပါတယ်။

ကျောက်မဲမြို့ဟာ စစ်တပ်ဘက်က ပြန်လည်သိမ်းပိုက်ခဲ့တဲ့ မြို့ဖြစ်ပြီး အုပ်ချုပ်ရေးယန္တယား ပြန်လည်လည်ပတ်မှုနဲ့အတူ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ အကျင့်ပျက်မှုတွေ မကြာခဏ ထွက်ပေါ်နေပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ကမ်းသာယာကမ်းခြေမှာ ရေဆင်းဆော့ရာက ဇနီးမောင်နှံ ၂ ဦးနဲ့ စစ်ရှောင် ၁ ဦး အပါအဝင် လူငယ် ၄ ဦး ရေနစ်သေဆုံး ရုပ်သံ ပြည်တွင်းသတင်း

ကမ်းသာယာကမ်းခြေမှာ ရေဆင်းဆော့ရာက ဇနီးမောင်နှံ ၂ ဦးနဲ့ စစ်ရှောင် ၁ ဦး အပါအဝင် လူငယ် ၄ ဦး ရေနစ်သေဆုံး

ကမ်းသာယာကမ်းခြေမှာ ရေဆင်းဆော့ရာက ဇနီးမောင်နှံ ၂ ဦးနဲ့ စစ်ရှောင် ၁ ဦး အပါအဝင် လူငယ် ၄ ဦး ရေနစ်သေဆုံးတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု…

ကြည့်ရန်
လာမယ့် ၂ ရက်အတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ပြီး ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ဆို ပြည်တွင်းသတင်း

လာမယ့် ၂ ရက်အတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ပြီး ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ဆို

အိန္ဒိယမိုးလေဝသဌာန (IMD) ၊ ထိုင်းမိုးလေဝသဌာန နှင့် ICON Model ရဲ့ ထုတ်ပြန်ချက်တွေအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ၎င်းနှင့် ဆက်စပ်နေတဲ့ အန္ဒမန်ကျွန်းစုတွေပေါ်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု…

ဖတ်ရန်