ရုပ်သံ
Daily NEWS
ဗန်းမော်ကို တက်လာတဲ့ စစ်တပ် ရေယာဥ်အုပ်စုက သေဆုံးရုပ်အလောင်းတွေကို ဒေသခံတွေက ဆယ်ယူပြီး သင်္ဂြိုဟ်ပေးနေရ
ဗန်းမော်ကို တက်လာတဲ့ စစ်တပ် ရေယာဥ်အုပ်စုက သေဆုံးရုပ်အလောင်းတွေကို ဒေသခံတွေက ဆယ်ယူပြီး သင်္ဂြိုဟ်ပေးနေရ
စက်တင်ဘာ ၆
ဗန်းမော်ဘက်ကို စစ်ကူဖို့ တက်လာတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ ရေယာဉ်တွေ တိုက်ခိုက်ခံရပြီးနောက် သေဆုံးစစ်သည်တွေရဲ့ ရုပ်အလောင်းတွေကို မြစ်ကမ်းနားဘေးမှာနေတဲ့ ဒေသခံတွေက ဆယ်ယူပြီး သင်္ဂြိုဟ်ပေးနေရတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၄ ရက်နေ့က စတင်ကာ ရွှေကူ နဲ့ စင်းခန်းကြား တိုက်ပွဲမှာ ဧရာဝတီမြစ်ထဲ မျောပါလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင် ရုပ်အလောင်းတွေကို မြစ်ကမ်းနားဘေးမှာ နေထိုင်ကြတဲ့ ဒေသခံတွေက နေ့စဥ်တွေ့နေရတယ်လို့ သိရပါတယ်။
" မပခ တံဆိပ်တွေနဲ့ မျောလာတာ ဘယ်လောက် သေတယ် မသိဘူး။ ဒီနေ့အထိ ထီးချိုင့် ဘက်မှာတွေ့တာ ၁၀ လောင်းကျော်ပြီ။ ကျည်ကာဝတ်ထားတဲ့ အလောင်းတွေဆိုရင် မပေါ်လောက်ဘူး။ တချို့အလောင်းတွေကို ဆယ်ယူပြီး သင်္ဂြိုဟ်ပေးလိုက်ကြတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ကို ထောက်ခံသူတွေကတော့ ရုပ်အလောင်းတွေဟာ ဒေသတွင်းက ရေလုပ်သားတွေရဲ့ ရုပ်အလောင်းတွေလို့ ပြောဆိုနေကြပေမဲ့ လက်မောင်းက ဘတ်တံဆိပ်နဲ့ ယူနီဖောင်းတွေက အာဏာသိမ်းစစ်တပ်ရဲ့ တံဆိပ်တွေ ဖြစ်နေတယ်လို့ သိရပါတယ်။
မြို့တော် News Channel
ဓာတ်ပုံများ (1)
ဆက်စပ် သတင်းများ
ရုပ်သံ
Daily NEWS
ရုပ်သံ
Afternoon NEWS
ကမ်းသာယာကမ်းခြေမှာ ရေဆင်းဆော့ရာက ဇနီးမောင်နှံ ၂ ဦးနဲ့ စစ်ရှောင် ၁ ဦး အပါအဝင် လူငယ် ၄ ဦး ရေနစ်သေဆုံး
ရုပ်သံ
Daily NEWS
အောက်တိုဘာ ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
လာမယ့် ၂ ရက်အတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ပြီး ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ဆို
အိန္ဒိယမိုးလေဝသဌာန (IMD) ၊ ထိုင်းမိုးလေဝသဌာန နှင့် ICON Model ရဲ့ ထုတ်ပြန်ချက်တွေအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ၎င်းနှင့် ဆက်စပ်နေတဲ့ အန္ဒမန်ကျွန်းစုတွေပေါ်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု…