အရေးပေါ်
ပြည်တွင်းသတင်း

လွိုင်လင်ခရိုင် လျှပ်စစ်အင်ဂျင်နီယာက ခွဲတမ်းငွေတောင်းတာတွေနဲ့ ကိုယ်ရေးကိုယ်တာ ပျော်ပါးစရိတ်တွေကိုပါ ရှင်းခိုင်းနေ

၂၀၂၆ နိုဝင်ဘာ ၁၉ Myo Taw
လွိုင်လင်ခရိုင် လျှပ်စစ်အင်ဂျင်နီယာက ခွဲတမ်းငွေတောင်းတာတွေနဲ့ ကိုယ်ရေးကိုယ်တာ ပျော်ပါးစရိတ်တွေကိုပါ ရှင်းခိုင်းနေ

လွိုင်လင်ခရိုင် လျှပ်စစ်အင်ဂျင်နီယာက ခွဲတမ်းငွေတောင်းတာတွေနဲ့ ကိုယ်ရေးကိုယ်တာ ပျော်ပါးစရိတ်တွေကိုပါ ရှင်းခိုင်းနေ

နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်လျှပ်စစ်ရုံးက ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးရဲမင်းထက်ဟာ မြို့နယ်တာဝန်ခံတွေဆီကနေ အကြောင်းအမျိုးမျိုးပြပြီး ခွဲတမ်းငွေတွေ ကောက်ခံနေသလို ကိုယ်ရေးကိုယ်တာ ပျော်ပါးစရိတ်တွေကိုပါ ရှင်းခိုင်းနေတယ်လို့ ဌာနတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မိုင်းပွန်၊ လွိုင်လင်၊ နမ့်စန်၊ ခိုလမ်၊ ကာလိ၊ ကွန်ဟိန်း၊ မိုင်းနောင်၊ မိုင်းရှူး၊ ကျေးသီး၊ ပင်လုံ၊ လဲချားနဲ့ မိုင်းကိုင်မြို့နယ်တွေဆီကနေ ရုံးစစ်ဧည့်ခံစရိတ်၊ ကွန်ပျူတာပြင်ဆင်စရိတ်နဲ့ လမ်းကြောင်းစရိတ်တွေအပြင် တောင်ကြီးပြည်နယ်ရုံး အစည်းအဝေးသွားတိုင်း တမြို့နယ်ကို ကျပ် ၁ သိန်းနှုန်း ခွဲတမ်းတောင်းနေတယ်လို့လည်း ဆိုပါတယ်။

“မြို့နယ်တာဝန်ခံတွေဆိုတာ ကိုယ့်မြို့မှာ လူသိများတော့ အဲဒီလိုနေရာတွေ လိုက်ပို့ရတာ အရမ်းမျက်နှာပူရသလို အိမ်ကမိသားစုတွေ သိသွားပြီး ပြဿနာတက်ရတာတွေလည်း ရှိတယ်။ တောင်ကြီးသွားတဲ့ ညတွေဆိုရင်လည်း သူခေါ်တဲ့ မိန်းကလေးရဲ့ KPay နံပါတ်ကို ဖုန်းဆက်လှမ်းပို့ပြီး မြို့နယ်တာဝန်ခံတယောက်ယောက်ကို ငွေလွှဲရှင်းခိုင်းပါတယ်” လို့ လျှပ်စစ်ဌာနနဲ့ နီးစပ်သူတဦးက မြို့တော်ကို ပြောပါတယ်။

ရုံးလာစစ်တဲ့အခါမှာလည်း မြို့နယ်တာဝန်ခံတွေကိုယ်တိုင် သွားကြိုပြန်ပို့ လုပ်ပေးရပြီး နေ့ခင်းမှာ အနှိပ်ခန်းနဲ့ ညပိုင်းမှာ KTV တွေ လိုက်ပို့ပေးရသလို မိန်းကလေးတွေခေါ်ပေးတာအထိ လုပ်ပေးနေရတယ်လို့ သိရပါတယ်။

“ခွဲတမ်းပေးနိုင်တဲ့ မြို့နယ်တွေကိုပဲ မျက်နှာသာပေးပြီး မပေးနိုင်တဲ့ မြို့နယ်တာဝန်ခံတွေကိုတော့ အလုပ်ပိုင်းမှာ နည်းမျိုးစုံနဲ့ အပြစ်ရှာ ဖိအားပေးနေတာကြောင့် အတော်လေး ကျပ်တည်းနေကြပါတယ်” လို့ ဌာနတွင်း သတင်းရင်းမြစ်တဦးက မြို့တော်ကို ပြောပါတယ်။

အလှည့်ကျ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေရတဲ့ ကာလအတွင်း ပြည်သူတွေ မီးရရှိရေး လုပ်ငန်းတွေကြားကနေ အခုလို တောင်းဆိုမှုတွေကြောင့် မြို့နယ်တာဝန်ခံတွေ အခက်တွေ့နေကြရပေမဲ့ သက်ဆိုင်ရာဘက်ကတော့ တရားဝင် တုံ့ပြန်ပြောဆိုတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွား ရုပ်သံ Daily NEWS

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွား

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွားတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု…

ကြည့်ရန်
ဘီးလင်းမြို့နယ်မှာ ကားနဲ့ ခရီးသွားနေစဉ် အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရ ပြည်တွင်းသတင်း

ဘီးလင်းမြို့နယ်မှာ ကားနဲ့ ခရီးသွားနေစဉ် အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်ကြီးကျေးရွာမှာ ကားနဲ့ ခရီးသွားခဲ့တဲ့ အမျိုးသားတဦး အမည်မသိ လူ ၂ ဦးရဲ့ သေနတ်နဲ့ စောင့်ကြိုပစ်ခတ်ခြင်းခံရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ပြည်ပလုပ်သားတွေရဲ့ ဘဏ်ငွေလွှဲနှုန်း တိုးမြှင့်လာပေမယ့် ပြင်ပပေါက်ဈေးထက် နည်းနေလို့ နစ်နာမှုတွေ ရှိနေဆဲ အလုပ်သမားရေးရာ

ပြည်ပလုပ်သားတွေရဲ့ ဘဏ်ငွေလွှဲနှုန်း တိုးမြှင့်လာပေမယ့် ပြင်ပပေါက်ဈေးထက် နည်းနေလို့ နစ်နာမှုတွေ ရှိနေဆဲ

ပြည်ပရောက် အလုပ်သားတွေရဲ့ လုပ်ခလစာ ငွေလွှဲနှုန်းကို အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၆၀၀ အထိ တိုးမြှင့်ပေးမယ်လို့ ပြည်တွင်းပုဂ္ဂလိကဘဏ်အချို့က နိုဝင်ဘာ ၁၉…

ဖတ်ရန်
ကျောက်မဲမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှု သုံးကြိမ်မြောက် ဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် ပါသွား ပြည်တွင်းသတင်း

ကျောက်မဲမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှု သုံးကြိမ်မြောက် ဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် ပါသွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ဗဟိုဈေးအနီး ဈေးတောင်ဘက်တိုက်တန်းက 'ရွှေတောင်တန်း' ရွှေဆိုင် ဓားပြတိုက်လုယက်ခံရပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် တန်ဖိုးရှိ ရွှေဆွဲကြိုးတွေ ပါသွားခဲ့တယ်လို့ ဒေသတွင်း…

ဖတ်ရန်