အရေးပေါ်
ပြည်တွင်းသတင်း

ဗေဒင်ဟောပြီး ချဲဂဏန်းပေးတဲ့ ဗိုလ်မှူး AA ပစ်လိုက်တဲ့ လက်နက်ကြီး ထိမှန်သေဆုံး

၂၀၂၆ စက်တင်ဘာ ၁၆ Myo Taw
ဗေဒင်ဟောပြီး ချဲဂဏန်းပေးတဲ့ ဗိုလ်မှူး AA ပစ်လိုက်တဲ့ လက်နက်ကြီး ထိမှန်သေဆုံး

ဗေဒင်ဟောပြီး ချဲဂဏန်းပေးတဲ့ ဗိုလ်မှူး AA ပစ်လိုက်တဲ့ လက်နက်ကြီး ထိမှန်သေဆုံး

စက်တင်ဘာ ၁၆

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်းကျိုးစခန်းမှာ တာဝန်ကျတဲ့ ဗေဒင်ဆရာ ဗိုလ်မှူး ဝေကမ္ဘာစိုး လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၅ ရက် မနေ့က မနက် ၁၀ နာရီခန့်မှာ ညောင်ကျိုးစခန်းထဲကို အာရက္ခတပ်တော် AA နဲ့ PDF တပ်ဖွဲ့တွေက ပစ်လိုက်တဲ့လက်နက်ကြီး စခန်းထဲကျကာ လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားခဲ့တာလို့ ၎င်းနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

"သူက ဗေဒင်သင်တန်းလည်းဖွင့်ထားတယ်၊ တပ်အသိုင်းအဝိုင်းထဲလည်း နာမည်ကြီးတယ်၊ လက်နက်ကြီးကျတာမှာ ပွဲခြင်းပြီးဆုံးသွားတယ်၊ အလောင်းကို ရွှေတောင်မြို့ထိသယ်ပြီး သင်္ဂြိုဟ်လိုက်ကြတယ်၊ ခုရက်ထဲ စစ်သားတွေ အတော်သေတယ်၊ အရင်လို ဥသျှစ်ပင်သင်္ချိုင်းမှာ မသင်္ဂြိုဟ်တော့ဘူး၊ ပြည်နားက ရွှေတောင်ထိသယ်ပြီး သင်္ဂြိုဟ်တော့တယ်၊ သတင်းတွေထွက်မှာဆိုးလို့ ပြောတယ်" လို့ သေဆုံးသူနဲ့ နီးစပ်သူထံက သိရပါတယ်။

ဗိုလ်မှူး ဝေကမ္ဘာစိုးဟာ သေဆုံးချိန်မှာ အသက် ၃၇ နှစ်ရှိတယ်လို့သိရပြီး ဗေဒင်ပညာကို Online မှတဆင့် ဟောကြားပြီး Online ကနေ ဗေဒင်သင်တန်းလည်း ဖွင့်ထားတဲ့သူလို့ သိရပါတယ်။

"သူက ၂ လုံး ၃ လုံး ဂဏန်းတွေလည်းပေးတယ်၊ တခါတလေတော့မှန်တယ်၊ အဲ့ကိုပြောင်းတာ မကြာသေးဘူး၊ သူတာဝန်ကျတဲ့ ညောင်ကျိုးရွာမှာ လူလည်းမရှိတော့သလောက်ဖြစ်နေပြီ၊ တပ်စခန်းပဲ ရှိတော့တာ၊ အင်အားလည်းများတယ်၊ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်အစပ်နေရာလည်းဖြစ်တယ်၊ ကပစ(၁၆) လည်းရှိတော့ တပ်က အကုန်နီးပါး အဲဒီကိုပို့ထားတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

ညောင်ကျိုးစခန်းဟာ ကပစ(၁၆)အခြေစိုက်ရာ ညောင်ခြေထောက်ရွာနဲ့ ၁၁ မိုင်ခန့်သာဝေးတယ်လို့ သိရပြီး ကပစ(၁၆)ရဲ့ ကာကင်းစခန်းတခုလည်း ဖြစ်တယ်လို့သိရကာ အာရက္ခတပ်တော် AA နဲ့ အာဏာသိမ်း စစ်တပ်တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ နေရာလည်းဖြစ်တယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

တာချီလိတ်မှာ ထိုင်းဘက်က ဝင်ရောက်လာတဲ့ အသားငါးနဲ့ ဟင်းသီးဟင်းရွက်တွေကို ဖမ်းဆီးနေလို့ ဈေး ၂ ဆနီးပါး မြင့်တက် ပြည်တွင်းသတင်း

တာချီလိတ်မှာ ထိုင်းဘက်က ဝင်ရောက်လာတဲ့ အသားငါးနဲ့ ဟင်းသီးဟင်းရွက်တွေကို ဖမ်းဆီးနေလို့ ဈေး ၂ ဆနီးပါး မြင့်တက်

ထိုင်း-မြန်မာနယ်စပ်၊ တာချီလိတ်မြို့မှာ ထိုင်းဘက်ကနေ မြန်မာဘက်ကို အေးခဲအသားတွေနဲ့ ဟင်းသီးဟင်းရွက်တွေ သယ်ဆောင်လာတဲ့ ယာဉ်တွေကို တရားမဝင်ကုန်စည် သယ်ဆောင်လာတယ်လို့ဆိုကာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
အာဏာသိမ်းစစ်တပ်က ကံပေါက်ရွာကို ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံးကြဲခဲ့လို့ မိသားစုဝင် ၃ ဦး သေဆုံး ပြည်တွင်းသတင်း

အာဏာသိမ်းစစ်တပ်က ကံပေါက်ရွာကို ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ ဗုံးကြဲခဲ့လို့ မိသားစုဝင် ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နဲ့ အနောက်ဘက် ၅ မိုင်အကွာမှာရှိတဲ့ ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်ရဲ့ ဂျိုင်ရိုကော်ပတာ ၃ စီးက စက်တင်ဘာလ ၁၅ ရက်နေ့ နေ့လယ်…

ဖတ်ရန်
အိမ်ထောင်ရှင် အမျိုးသား ၂ ဦးကို ဖမ်းဆီးသွားကာ ငွေကျပ် သိန်း ၂၀၀ ငွေညှစ်ပြီး ပြန်လွှတ်ပေး ပြည်တွင်းသတင်း

အိမ်ထောင်ရှင် အမျိုးသား ၂ ဦးကို ဖမ်းဆီးသွားကာ ငွေကျပ် သိန်း ၂၀၀ ငွေညှစ်ပြီး ပြန်လွှတ်ပေး

မန္တလေးတိုင်း၊ အောင်မြေသာဇံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်မှာ အိမ်ထောင်စုနှစ်စုမှ အသက် ၃၀ ဝန်းကျင်အရွယ်ရှိ အမျိုးသား ၂ ဦးကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး…

ဖတ်ရန်