ဘီးလင်းမြို့နယ်မှာ ကားနဲ့ ခရီးသွားနေစဉ် အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရ
နိုဝင်ဘာ ၂၁
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်ကြီးကျေးရွာမှာ ကားနဲ့ ခရီးသွားခဲ့တဲ့ အမျိုးသားတဦး အမည်မသိ လူ ၂ ဦးရဲ့ သေနတ်နဲ့ စောင့်ကြိုပစ်ခတ်ခြင်းခံရတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၂၁ ရက်၊ ဒီကနေ့ မနက် ၄ နာရီခွဲခန့်က ဘီးလင်းမြို့နယ်၊ ဝင်းကကျေးရွာဘက်ကနေ တောင်စွန်းကျေးရွာဘက်ကို ဘီးလင်း-တောင်စွန်း-ဝင်းက ကားလမ်းအတိုင်း ကားနဲ့တဦးတည်း ခရီးသွားရာက ဘီးလင်းမြို့နယ်၊ တောင်ကြီးကျေးရွာအနီးမှာ အမျိုးသား ၂ ဦးက လက်နက်ငယ်နဲ့ ၆ ချက် ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
“သေနတ်နဲ့ ကားကို လမ်းဘေးကနေ လှမ်းပစ်တာ၊ လုတာလား မသိဘူး။ ဆင်းအင်းရွာဘက် ဆိုင်ကယ်နဲ့ ပြန်ထွက်သွားတယ်လို့ ပြောတယ်၊ ဘာလို့ပစ်တာတော့ မသိသေးဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
သေနတ်နဲ့ ပစ်ခတ်ရတာကြောင့် ဦးမောင်စံ ဆိုသူ ဝဲဘက်နံ၊ လက်မောင်းနဲ့ ဝမ်းဗိုက်တွေမှာ လက်နက်ငယ် ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်(စိုးရိမ်ရ)ထိမှန်ခဲ့ပြီး ပစ်ခတ်ခဲ့တဲ့သူတွေကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
မြို့တော် News Channel