အရေးပေါ်
ပြည်တွင်းသတင်း

စစ်မှုထမ်း ဥပဒေကို ဆက်လက် အကောင်အထည်ဖော် ကျင့်သုံးသွားမယ်လို့ မင်းအောင်လှိုင် ပြောဆို

၂၀၂၆ ဇူလိုင် ၃၁ Myo Taw
စစ်မှုထမ်း ဥပဒေကို ဆက်လက် အကောင်အထည်ဖော် ကျင့်သုံးသွားမယ်လို့ မင်းအောင်လှိုင် ပြောဆို

စစ်မှုထမ်း ဥပဒေကို ဆက်လက် အကောင်အထည်ဖော် ကျင့်သုံးသွားမယ်လို့ မင်းအောင်လှိုင် ပြောဆို

ဇူလိုင် ၃၁

အာဏာသိမ်း အစိုးရရဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (၁၂) ရက်မြောက်နေ့ကို ဒီကနေ့ ဇူလိုင် ၃၁ ရက်မှာမှာ ကျင်းပခဲ့ပြီး ကိုယ့်ကိုကိုယ် ခန့်ထားတဲ့ သမ္မတတု မင်းအောင်လှိုင်က အစိုးရ ရက် (၁၀၀) ပြည့်အဖြစ် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ကာကွယ်ရေးနဲ့ ပတ်သက်လို့ တပ်မတော်ကို ခေတ်မီတပ်မတော် (Standard Army)ဖြစ်အောင် ဖွဲ့စည်းတည်ဆောက်သွားမှာဖြစ်ပြီး အဲ့ဒီလို ဖြစ်စေဖို့အတွက် ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကိုလည်း ဆက်လက် အကောင်အထည်ဖော် ကျင့်သုံးသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

ပြည်တွင်းလုံခြုံရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ တာဝန်ရှိပေမဲ့ နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရ တပ်မတော်အနေနဲ့ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး ပါဝင်ဖြေရှင်း ဆောင်ရွက်နေရတာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပြည်သူလူထုနဲ့ အဓိကထိတွေ့နေရတဲ့ ရပ်ကွက်ကျေးရွာအုပ်စုအဆင့်၊ မြို့နယ်အဆင့်တွေမှာ တာဝန်ယူရတဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကိုလည်း အဂတိကင်းပြီး စွမ်းရည်ရှိတဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေဖြစ်အောင် စနစ်တကျ လေ့ကျင့်ပေးသွားမှာလည်း ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

"အသွင်ပြောင်း အစိုးရရဲ့ ရက် ၁၀၀ စီမံချက်ကာလ ပြည့်သွားပြီပေါ့။ ထိထိရောက်ရောက် လုပ်ပြနိုင်တာမျိုး မ‌တွေ့ရဘဲ ပြီးသွားတာ တွေ့ရတယ်။ အထူးသဖြင့် ငြိမ်ချမ်းရေးကိစ္စဆိုရင် စစ်တပ်နဲ့လက်ရှိ တိုက်ခိုက်နေတဲ့ အင်အားကြီးအဖွဲ့တွေ မပါတာ တွေ့ရတယ်။ စစ်အင်အားရဖို့ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ ဒီစီမံချက်ကာလမှာ ပိုများလာတာ တွေ့ရပါတယ်။ ရဲ တပ်ဖွဲ့အပါအဝင် ဌာနဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အဂတိမှုတွေ တိုးလာတာကလွဲရင် ဘာမှ မယ်မယ်ရရ လုပ်ပြတာ မတွေ့ခဲ့ရဘူးလို့ဆိုရမှာ ဖြစ်ပါတယ်" လို့ CDM ဗိုလ်မှူး စွယ်တော်က မြို့တော်ကို ပြောပါတယ်။

ဒါ့အပြင် သမ္မတတု မင်းအောင်လှိုင်က အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ဟာ အာဆီယံအဖွဲ့ရဲ့ ဘုံသဘောတူညီချက် မဟုတ်ဘဲ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက် နောက်ဆက်တွဲ အဖြစ်သာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်း အာဆီယံ နိုင်ငံအချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ်မှာ ခွဲခြားဆက်ဆံတာတွေ ပြုလုပ်ခဲ့ကြောင်း၊ အပြုသဘောမဆောင်တဲ့ ခွဲခြားဆက်ဆံမှုတွေကို တုံ့ပြန်ဆောင်ရွက်သွားမှာ ဖြစ်သလို အာဆီယံနဲ့ ဆက်ဆံရေးကို ကိုယ်ပိုင်နည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

အသက် ၄ နှစ်အရွယ် ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်ဖို့ ကြံရွယ်ခဲ့သူကို ဖမ်းဆီးအမှုဖွင့် ပြည်တွင်းသတင်း

အသက် ၄ နှစ်အရွယ် ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်ဖို့ ကြံရွယ်ခဲ့သူကို ဖမ်းဆီးအမှုဖွင့်

ရန်ကုန်တိုင်း၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာအုပ်စု၊ ဆေးဘိုဝကျေးရွာမှာ အသက် ၄ နှစ်အရွယ် ကလေးငယ်ကို ခေါ်ဆောင်သွားပြီး လိင်ပိုင်းဆိုင်ရာ ပြုကျင့်ဖို့ ကြံရွယ်ခဲ့သူကို ဖမ်းဆီးကာ အမှုဖွင့်တိုင်ကြားခဲ့တယ်လို့…

ဖတ်ရန်
သင်္ကန်းကျွန်းမြို့နယ်မှာ YBS ခရီးသည်တင်ကားတစီး မီးလောင်မှုဖြစ်ပွား
VIDEO Afternoon NEWS

သင်္ကန်းကျွန်းမြို့နယ်မှာ YBS ခရီးသည်တင်ကားတစီး မီးလောင်မှုဖြစ်ပွား

သင်္ကန်းကျွန်းမြို့နယ်မှာ YBS ခရီးသည်တင်ကားတစီး မီးလောင်မှုဖြစ်ပွားတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ကလေးငယ်တွေကို စိတ်ငြိမ်ဆေးနဲ့ ဆန်အရက်တိုက်ကာ လိင်တူဆက်ဆံခိုင်းပြီး ဗီဒီယိုရိုက်ကာ Telegram မှာ ရောင်းစားခဲ့သူ ထောင်အနှစ် ၄၀ ချမှတ်ခံရ ပြည်တွင်းသတင်း

ကလေးငယ်တွေကို စိတ်ငြိမ်ဆေးနဲ့ ဆန်အရက်တိုက်ကာ လိင်တူဆက်ဆံခိုင်းပြီး ဗီဒီယိုရိုက်ကာ Telegram မှာ ရောင်းစားခဲ့သူ ထောင်အနှစ် ၄၀ ချမှတ်ခံရ

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ ကလေးငယ်တွေကို ဆေးတိုက်ပြီး လိင်တူဆက်ဆံခိုင်းကာ ဗွီဒီယိုရိုက်ကူးပြီး Telegram Channel မှာ ရောင်းစားခဲ့တဲ့ တရားခံကို ထောင်အနှစ် ၄၀ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဖတ်ရန်