အရေးပေါ်
ပြည်တွင်းသတင်း

အသက် ၄ နှစ်အရွယ် ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်ဖို့ ကြံရွယ်ခဲ့သူကို ဖမ်းဆီးအမှုဖွင့်

၂၀၂၆ ဇူလိုင် ၃၁ Myo Taw
အသက် ၄ နှစ်အရွယ် ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်ဖို့ ကြံရွယ်ခဲ့သူကို ဖမ်းဆီးအမှုဖွင့်

အသက် ၄ နှစ်အရွယ် ကလေးငယ်ကို လိင်ပိုင်းဆိုင်ရာ ပြုကျင့်ဖို့ ကြံရွယ်ခဲ့သူကို ဖမ်းဆီးအမှုဖွင့်

ဇူလိုင် ၃၁

ရန်ကုန်တိုင်း၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာအုပ်စု၊ ဆေးဘိုဝကျေးရွာမှာ အသက် ၄ နှစ်အရွယ် ကလေးငယ်ကို ခေါ်ဆောင်သွားပြီး လိင်ပိုင်းဆိုင်ရာ ပြုကျင့်ဖို့ ကြံရွယ်ခဲ့သူကို ဖမ်းဆီးကာ အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၃၀ ရက် မနေ့က ညနေ ၅ နာရီခွဲ အချိန်ခန့်မှာ ရွှေပျောက်ကျေးရွာအုပ်စု၊ ဆေးဘိုဝကျေးရွာနေ အသက် ၂၄ နှစ်အရွယ်ရှိ သားညီ(ခ)ဗီဂျေး ဟာ တရွားတည်းနေ ဒေါ်တင်မြ(အမည်လွှဲ)ရဲ့ သမီးဖြစ်သူ အသက် ၄ နှစ်အရွယ်ရှိ မချမ်းမြေ့(အမည်လွှဲ) ကို ပွေ့ချီခေါ်ဆောင်သွားတာကို မိခင်ဖြစ်သူက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ထိုသို့တွေ့ရှိရပြီး မသင်္ကာလို့ တရွားတည်းနေ သူရလင်းချစ် နဲ့ ဟိန်းမင်းထွေးတို့ကို ခေါ်ဆောင်ကာ လိုက်လံရှာဖွေခဲ့ကြတယ်လို့ သိရပါတယ်။

လိုက်လံရှာဖွေစဉ် ဗီဂျေးကို ဆေးဘိုဝကျေးရွာအုပ်စုနဲ့ တဆက်တည်းရှိတဲ့ မြန်မာ့ဆက်သွယ်ရေး အော်တိုအိတ်ချိန်းရုံးဘေးရှိ တောထဲမှာ တွေ့ရှိခဲ့ပြီး ဗီဂျေးရဲ့ ခန္ဓာကိုယ်မှာ အဝတ်ဗလာနဲ့ ကလေးငယ်ရဲ့ ဘောင်းဘီကျွတ်လျက် အပေါ်မှတက်ခွပြီး ပါးစပ်အား လက်နဲ့ပိတ်ကာ မျက်နှာကို လက်သီးနဲ့ထိုးပြီး လိင်ပိုင်းဆိုင်ရာ ပြုကျင့်ဖို့ ကြံရွယ်နေတာကို တွေ့ခဲ့ကြရတယ်လို့ ဆိုပါတယ်။

မိခင်ဖြစ်သူက အော်ဟစ်ခဲ့တာကြောင့် ဗီဂျေးမှာ ထွက်ပြေးသွားခဲ့ပြီး သူရလင်းချစ် နဲ့ ဟိန်းမင်းထွေးတို့က လိုက်လံဖမ်းဆီးခဲ့ရာ ရွှေပျောက်-သီလဝါ လမ်းမကြီးဘေး သုံးရာသီ ထန်းရည်ဆိုင်အနီးမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

လတ်တလောမှာ တရားခံ သားညီ (ခ) ဗီဂျေးကို ကျောက်တန်းမြို့မ ရဲစခန်းမှာ ဖမ်းဆီးကာ (ပ)၈၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ - ၃၇၆/၅၁၁ နဲ့ အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

စစ်မှုထမ်း ဥပဒေကို ဆက်လက် အကောင်အထည်ဖော် ကျင့်သုံးသွားမယ်လို့ မင်းအောင်လှိုင် ပြောဆို ပြည်တွင်းသတင်း

စစ်မှုထမ်း ဥပဒေကို ဆက်လက် အကောင်အထည်ဖော် ကျင့်သုံးသွားမယ်လို့ မင်းအောင်လှိုင် ပြောဆို

အာဏာသိမ်း အစိုးရရဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (၁၂) ရက်မြောက်နေ့ကို ဒီကနေ့ ဇူလိုင် ၃၁ ရက်မှာမှာ ကျင်းပခဲ့ပြီး ကိုယ့်ကိုကိုယ် ခန့်ထားတဲ့…

ဖတ်ရန်
သင်္ကန်းကျွန်းမြို့နယ်မှာ YBS ခရီးသည်တင်ကားတစီး မီးလောင်မှုဖြစ်ပွား
VIDEO Afternoon NEWS

သင်္ကန်းကျွန်းမြို့နယ်မှာ YBS ခရီးသည်တင်ကားတစီး မီးလောင်မှုဖြစ်ပွား

သင်္ကန်းကျွန်းမြို့နယ်မှာ YBS ခရီးသည်တင်ကားတစီး မီးလောင်မှုဖြစ်ပွားတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့သတင်းများ နားဆင်နိုင်ပါပြီ

ကြည့်ရန်
ကလေးငယ်တွေကို စိတ်ငြိမ်ဆေးနဲ့ ဆန်အရက်တိုက်ကာ လိင်တူဆက်ဆံခိုင်းပြီး ဗီဒီယိုရိုက်ကာ Telegram မှာ ရောင်းစားခဲ့သူ ထောင်အနှစ် ၄၀ ချမှတ်ခံရ ပြည်တွင်းသတင်း

ကလေးငယ်တွေကို စိတ်ငြိမ်ဆေးနဲ့ ဆန်အရက်တိုက်ကာ လိင်တူဆက်ဆံခိုင်းပြီး ဗီဒီယိုရိုက်ကာ Telegram မှာ ရောင်းစားခဲ့သူ ထောင်အနှစ် ၄၀ ချမှတ်ခံရ

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ ကလေးငယ်တွေကို ဆေးတိုက်ပြီး လိင်တူဆက်ဆံခိုင်းကာ ဗွီဒီယိုရိုက်ကူးပြီး Telegram Channel မှာ ရောင်းစားခဲ့တဲ့ တရားခံကို ထောင်အနှစ် ၄၀ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဖတ်ရန်