အရေးပေါ်
မိုးလေဝသ

မုတ်သုံလေ အားကောင်းမှုကြောင့် တိုင်းနဲ့ပြည်နယ်တချို့မှာ မိုးရေချိန် အလွန်များပြားနိုင်ပြီး မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ဆို

၂၀၂၆ ဇူလိုင် ၃၁ Myo Taw
မုတ်သုံလေ အားကောင်းမှုကြောင့် တိုင်းနဲ့ပြည်နယ်တချို့မှာ မိုးရေချိန် အလွန်များပြားနိုင်ပြီး မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ဆို

မုတ်သုံလေ အားကောင်းမှုကြောင့် တိုင်းနဲ့ပြည်နယ်တချို့မှာ မိုးရေချိန် အလွန်များပြားနိုင်ပြီး မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ဆို

ဇူလိုင် ၃၁

အနောက်တောင် မုတ်သုံလေဟာ မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အနောက်ဘက် ကမ်းရိုးတန်းတို့မှာ ဆက်လက်ပြီး အားကောင်းနေတယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်း သုံးသပ်ထားပါတယ်။

ဘင်္ဂလားပင်လယ်အော်မှ တိုက်ရိုက်တိုးဝင်လာတဲ့ ရေခိုးရေငွေ့ကြွယ်ဝတဲ့ မုတ်သုံလေစီးကြောင်းဟာ ရခိုင်ကမ်းရိုးတန်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်း တောင်တန်းကြီးတွေဆီသို့ အရှိန်ပြင်းပြင်းနဲ့ ဝင်ရောက်နေတာကြောင့် ၅ ရက်မှ ၇ ရက်အတွင်း စစ်ကိုင်းတိုင်း(အထက်ပိုင်း)နှင့် ရခိုင်ပြည်နယ်(မြောက်ပိုင်း)တို့မှာ မိုးရေချိန် ၃၅၀ မီလီမီတာမှ ၄၀၀ မီလီမီတာအထက်အထိ ရရှိနိုင်တယ်လို့ဆိုပါတယ်။

တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ ရက်ရှည်မိုးစွဲရွာသွန်းမှုကြောင့် စုစုပေါင်း မိုးရေချိန် ၂၀၀ မီလီမီတာ ဝန်းကျင်အထိ စုဆောင်းရရှိနိုင်ပြီး ပဲခူးတိုင်း(အရှေ့ပိုင်း) စစ်တောင်းမြစ်ဝှမ်းဟာလည်း မုတ္တမကွေ့မှ တက်လာတဲ့ တိမ်ထုတွေကြောင့် မိုးအသင့်အတင့် ဆက်လက် ရွာနေမယ်လို့ ဆိုပါတယ်။

မကွေးတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့မှာ ရခိုင်ရိုးမတောင်တန်းရဲ့ မိုးကွယ်ရပ်ဝန်းအောက်မှာ ကျရောက်နေဆဲဖြစ်တာကြောင့် ၇ ရက်အတွင်း စုစုပေါင်း မိုးရေချိန်ဟာ ၅၀ မီလီမီတာ အောက်သာ ရရှိနိုင်ပြီး မိုးရွာရက် ကျဲပါးနေဦးမယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်း(အထက်ပိုင်း)မှာ မိုးအဆမတန် များပြားမှုကြောင့် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်(အထက်ပိုင်း)တို့မှာ ရေကြီးရေလျှံမှု စတင်ဖြစ်ပေါ်လာပြီး အဆိုပါ မြစ်ရေထုဟာ ဩဂုတ်လဆန်းမှာ စစ်ကိုင်း၊ မန္တလေး၊ ပခုက္ကူ၊ ပြည်သို့ ဆက်လက်စီးဆင်းလာမှာ ဖြစ်တဲ့အတွက် သတိထား စောင့်ကြည့်ကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်း(အရှေ့ပိုင်း) စစ်တောင်းမြစ်ဝှမ်း (တောင်ငူ၊ ဖြူး၊ ရွှေကျင်)နှင့် တနင်္သာရီတိုင်းအတွင်းရှိ မြစ်ဝှမ်းဒေသတွေမှာ မြစ်ရေစိုးရိမ်ရေမှတ်အထက် ကျော်လွန်ကာ ရေလွှမ်းမိုးနိုင်ခြေ ကို သတိပြုရမယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေပြီး မိုးဆက်လက် ပိုလာမယ်လို့ဆို မိုးလေဝသ

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းနေပြီး မိုးဆက်လက် ပိုလာမယ်လို့ဆို

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ဇူလိုင်လ ၂၈ ရက် ဒီကနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ…

ဖတ်ရန်
လေဖိအားနည်းရပ်ဝန်း ဆက်လက်အားကောင်းလာနိုင်ပြီး ဒေသအချို့မှာ မိုးကြီးနိုင်တယ်လို့ဆို မိုးလေဝသ

လေဖိအားနည်းရပ်ဝန်း ဆက်လက်အားကောင်းလာနိုင်ပြီး ဒေသအချို့မှာ မိုးကြီးနိုင်တယ်လို့ဆို

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဇူလိုင်လ ၂၅ ရက် ဒီကနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်တွေအရ ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ၎င်းနှင့်ဆက်စပ်နေတဲ့…

ဖတ်ရန်
ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်းနှင့် တိုင်ဖွန်းမုန်တိုင်းရဲ့ ဆွဲအားကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း မိုးရွာသွန်းမှု သိသိသာသာ မြင့်တက်လာမယ်လို့ဆို မိုးလေဝသ

ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်းနှင့် တိုင်ဖွန်းမုန်တိုင်းရဲ့ ဆွဲအားကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း မိုးရွာသွန်းမှု သိသိသာသာ မြင့်တက်လာမယ်လို့ဆို

ECMWF နှင့် ICON မော်ဒယ် တို့ရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင် ၂၅ မှ ၂၆ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း (ဘင်္ဂလားဒေ့ရှ် -…

ဖတ်ရန်
မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းနှင့် ကမ်းရိုးတန်းဒေသတွေမှာ ဇူလိုင် ၂၅ ရက်မှ ၂၇ ရက်အတွင်း မိုးပိုမိုကောင်းလာနိုင်တယ်လို့ဆို မိုးလေဝသ

မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းနှင့် ကမ်းရိုးတန်းဒေသတွေမှာ ဇူလိုင် ၂၅ ရက်မှ ၂၇ ရက်အတွင်း မိုးပိုမိုကောင်းလာနိုင်တယ်လို့ဆို

ICON မော်ဒယ်ရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း/ကမ်းလွန်မှာ သမုဒ္ဒရာလေစီးပတ်လမ်းကြောင်း စတင်ဖွဲ့စည်းနေပြီး ဇူလိုင်လ ၂၆ ရက်နေ့ မနက်ပိုင်းမှာ ပိုမိုအားကောင်းလာမယ်လို့ ဆိုပါတယ်။

ဖတ်ရန်