ရုပ်သံ
ပြည်တွင်းသတင်း
မင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံ ရောက်ရှိနေတာကြောင့် ဘေးအန္တရာယ်တစ်ခုခု သင့်ဦးမယ်လို့ ပြောဆိုမှုတွေ ရှိနေ
မင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံ ရောက်ရှိနေတာကြောင့် ဘေးအန္တရာယ်တစ်ခုခု သင့်ဦးမယ်လို့ ပြောဆိုမှုတွေ ရှိနေ
စက်တင်ဘာ ၄
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ကြူကြူလှ တို့ဟာ ဒီကနေ့ စက်တင်ဘာလ ၄ ရက်နေ့မှာ ဗီယက်နမ်နိုင်ငံကို ၂ ရက်တာခရီး စတင်ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။
မင်းအောင်လှိုင်ဟာ ဗီယက်နမ်နိုင်ငံမှာ စက်တင်ဘာလ ၄ ရက်နေ့ကနေ စက်တင်ဘာလ ၆ ရက်နေ့အထိ ရှိမှာဖြစ်တာကြောင့် ဗီယက်နမ်နိုင်ငံမှာ ဘေးအန္တရာယ်တစ်ခုခု ကျရောက်ဦးမယ်လို့ မြန်မာပြည်သူတွေက ပြောဆိုနေတာပါ။
"ဒါတွေက တိုက်ဆိုင်မှုလို့ပဲ ပြောပြော ဂြိုလ်ဆိုးကောင် သွားလေရာမှာ ဘေးသင့်နေတာ။ တကြိမ်တစ်ခါတည်းလည်း မဟုတ်ဘူး။ ပြီးခဲ့တဲ့ ထိုင်းခရီးစဉ်မှာဆိုလည်း ကျောင်းတွင်းမှာ သေနတ်ပစ်ခတ်မှု၊ ကလေးငယ်လေးတွေရှိတဲ့ ကျောင်းအဆောက်အဦထဲကို ကားနဲ့ဝင်တိုက်မှု၊ အနုတင်အစိုးရကို ဆန္ဒပြမှုတွေ၊ ခရိုင်သုံးခုလုံးမှာ တိုက်ခိုက်ခံရမှုနဲ့ ဘန်ကောက်မှာ မီးလောင်မှုတွေ ဒါတွေက သူရောက်ရှိနေတဲ့အချိန်မှာကော သူပြန်ပြီးတဲ့ အချိန်မှာကော ဆက်တိုက်ဆိုသလို ဖြစ်ခဲ့တာ။ ခုလည်း ဗီယက်နမ် ကိုရောက်နေတာဆိုတော့ ဗီယက်နမ်မှာ တစ်ခုခုဖြစ်မှာကို စိုးရိမ်မိတယ်" လို့ မြန်မာပြည်သူတွေက Social Medai မှာ ပြောဆိုရေးသား နေကြပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဗီယက်နမ်ခရီးစဉ်အပြီး စက်တင်ဘာလ ၁၁ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံကိုလည်း သွားရောက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ဗီယက်နမ်နှင့် ကမ္ဘောဒီးယားခရီးစဉ်တွေ အပါအဝင် မင်းအောင်လှိုင် ဟာ ၃ လအတွင်း အာဆီယံ အဖွဲ့ဝင်နိုင်ငံ ၄ နိုင်ငံအထိ သွားရောက်ခဲ့ပြီး စက်တင်ဘာလ ၁၁ ရက်နေ့မှာ သွားရောက်မယ့် ကမ္ဘောဒီးယားခရီးစဉ်ဟာ သူ့အတွက် ၈ နိုင်ငံမြောက် နိုင်ငံခြားခရီးစဉ်လည်း ဖြစ်ပါတယ်။
မြို့တော် News Channel
ဓာတ်ပုံများ (1)
ဆက်စပ် သတင်းများ
ရုပ်သံ
ပြည်တွင်းသတင်း
ရုပ်သံ
ပြည်တွင်းသတင်း
ကမ်းသာယာကမ်းခြေမှာ ရေဆင်းဆော့ရာက ဇနီးမောင်နှံ ၂ ဦးနဲ့ စစ်ရှောင် ၁ ဦး အပါအဝင် လူငယ် ၄ ဦး ရေနစ်သေဆုံး
ရုပ်သံ
ပြည်တွင်းသတင်း
အောက်တိုဘာ ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
လာမယ့် ၂ ရက်အတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ပြီး ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ဆို
အိန္ဒိယမိုးလေဝသဌာန (IMD) ၊ ထိုင်းမိုးလေဝသဌာန နှင့် ICON Model ရဲ့ ထုတ်ပြန်ချက်တွေအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ၎င်းနှင့် ဆက်စပ်နေတဲ့ အန္ဒမန်ကျွန်းစုတွေပေါ်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု…