အရေးပေါ်
ပြည်တွင်းသတင်း

အိန္ဒိယနဲ့ ရခိုင်ပြည်နယ်ကြား ကုန်သွယ်ရေးလမ်းပိုင်းမှာ ရေကြီးမြေပြိုမှုတွေကြောင့် ကုန်သည်တွေနဲ့ ကုန်ကားတွေ ပိတ်မိနေ

၂၀၂၆ ဇူလိုင် ၁၃ Myo Taw
အိန္ဒိယနဲ့ ရခိုင်ပြည်နယ်ကြား ကုန်သွယ်ရေးလမ်းပိုင်းမှာ ရေကြီးမြေပြိုမှုတွေကြောင့် ကုန်သည်တွေနဲ့ ကုန်ကားတွေ ပိတ်မိနေ

အိန္ဒိယနဲ့ ရခိုင်ပြည်နယ်ကြား ကုန်သွယ်ရေးလမ်းပိုင်းမှာ ရေကြီးမြေပြိုမှုတွေကြောင့် ကုန်သည်တွေနဲ့ ကုန်ကားတွေ ပိတ်မိနေ

ဇူလိုင် ၁၃

ရခိုင်ပြည်နယ်နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကြားက ကုန်သွယ်ရေးလမ်းပိုင်းမှာ ရေကြီးမြေပြိုမှုတွေကြောင့် ကုန်ကားအစီးရေ ရာနဲ့ချီ ပိတ်မိနေတယ်လို့ သိရပါတယ်။

ဇူလိုင် ၇ ရက်နေ့က စတင်ကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့နယ်နဲ့ လန်ဂလိုအိမြို့ အနီးမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အဓိကလမ်းပိုင်းပေါ်က ချင်းပြည်နယ် ပလက်ဝမြို့နယ်အပိုင် တပ်ပုချေကျေးရွာလည်း ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။။

“လမ်းတလျှောက်က ရွာတွေ ရေနစ်မြုပ်နေတယ်၊ ကုန်ကားတွေပေါ်က ပစ္စည်းတွေ ပုတ်ပွကုန်တာလည်း ရှိတယ်၊ ပိတ်မိနေတဲ့ ကုန်သည်တွေလည်း အများကြီးရှိတယ်၊ ပိတ်မိနေတဲ့ ကားတွေလည်း အစီးရေ ၃၀၀ ကျော်တယ်၊ ရေကြောင်းကနေလည်း သွားလို့မရဘူး” လို့ ကုန်သယ်တဦးက ပြောပါတယ်။

အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်နယ်ကို ကုန်ပစ္စည်းတွေ သယ်ဆောင်ရာမှာ ချင်းပြည်နယ်၊ ပလက်ဝမြို့အထိ ကုန်းလမ်း၊ ရေလမ်းတွေ ကနေတဆင့် သယ်ယူပြီး အဲ့ဒီကနေ ကုလားတန်မြစ်ကို အသုံးပြုကာ ရေလမ်းကနေ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို သယ်ဆောင်ကြတာဖြစ်ပြီး လက်ရှိမှာတော့ ရေကြီးမြေပြိုတွေကြောင့် ကုန်းလမ်းကော ရေလမ်းပါ အသုံးပြုလို့မရ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

“ရှင်လက်ဝကျေးရွာမှာလည်း ရေကြီးပြီး စက်လှေတွေ သွားလာလို့မရ ဖြစ်နေတယ်၊ တပ်ပုချေရွာလည်း ရေကြီးနေတော့ ပစ္စည်းတွေ သယ်မရဘူး၊ အခုအခြေအနေက ရေဘေးအတွက် ဆေးဝါးနဲ့ ရိက္ခာပါ ပြတ်တောက်နေတယ်” လို့ ကုန်သယ်တဦးက ပြောပါတယ်။

အဓိကလမ်းပိုင်းမှာ ရေကြီးမြေပြိုမှုတွေကြောင့် မြန်မာနိုင်ငံဘက်မှ ကုန်သည်တွေနဲ့ ကုန်ကားအစီး ၃၀၀ ကျော်ဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်မှာ ပိတ်မိနေတာ ၇ ရက်ခန့်ရှိပြီလို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှာ စစ်မှုထမ်း အလှည့်ကျလို့ဆိုကာ လူငယ်တွေကို ဖမ်းဆီးနေပြီး စစ်တပ်ထံ ပြန်ရောင်းစားနေ ပြည်တွင်းသတင်း

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှာ စစ်မှုထမ်း အလှည့်ကျလို့ဆိုကာ လူငယ်တွေကို ဖမ်းဆီးနေပြီး စစ်တပ်ထံ ပြန်ရောင်းစားနေ

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဆင်သေကျေးရွာအုပ်စု၊ ဆင်သေရွာအုပ်ချုပ်ရေးမှူးက နယ်ထိန်းရဲတွေနဲ့ ပူးပေါင်းကာ ကျေးရွာက လူငယ်တွေကို စစ်မှုထမ်းအလှည့်ကျလို့ဆိုကာ ဖမ်းဆီးပြီး ငွေကြေးနဲ့ ရောင်းစားတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့မှုအရ…

ဖတ်ရန်
ဧရာဝတီမြစ်ဖျားပိုင်းမှာ မိုးအဆမတန် များပြားလာနိုင်တာကြောင့် မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ဆို မိုးလေဝသ

ဧရာဝတီမြစ်ဖျားပိုင်းမှာ မိုးအဆမတန် များပြားလာနိုင်တာကြောင့် မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ဆို

လာမယ့် ၇ ရက်အတွင်း အနောက်တောင် မုတ်သုံလေဟာ ပုံမှန်ထက် အားကောင်းခြင်းနှင့် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းအနီးမှာ ဖြစ်ပေါ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်း တို့ရဲ့ သက်ရောက်မှုကြောင့်…

ဖတ်ရန်
ပေါင်းတလည်မှာ ရဲတပ်သားတဦး သူ့ကိုယ်သူ သေနတ်နဲ့ပစ်ကာ သေဆုံး
VIDEO ပြည်တွင်းသတင်း

ပေါင်းတလည်မှာ ရဲတပ်သားတဦး သူ့ကိုယ်သူ သေနတ်နဲ့ပစ်ကာ သေဆုံး

ပေါင်းတလည်မှာ ရဲတပ်သားတဦး သူ့ကိုယ်သူ သေနတ်နဲ့ပစ်ကာ သေဆုံး တဲ့ သတင်းနှင့်အတူ မြို့တော်ရဲ့ နေ့လယ်ခင်းသတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့သတင်းများ…

ကြည့်ရန်