အရေးပေါ်
ပြည်တွင်းသတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ဆွမ်းကပ်ပြီး မွေးနေ့ဆုတောင်းစာတင်ခဲ့တဲ့ NLD အမတ်ဟောင်း ဒေါက်တာစောနိုင် ထောင် ၃ နှစ် ချမှတ်ခံရ

၂၀၂၆ ဇူလိုင် ၂၆ Myo Taw
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ဆွမ်းကပ်ပြီး မွေးနေ့ဆုတောင်းစာတင်ခဲ့တဲ့ NLD အမတ်ဟောင်း ဒေါက်တာစောနိုင် ထောင် ၃ နှစ် ချမှတ်ခံရ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ဆွမ်းကပ်ပြီး မွေးနေ့ဆုတောင်းစာတင်ခဲ့တဲ့ NLD အမတ်ဟောင်း ဒေါက်တာစောနိုင် ထောင် ၃ နှစ် ချမှတ်ခံရ

ဇူလိုင် ၂၆

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့အတွက် သံဃာတော်တွေကို ဆွမ်းနဲ့လှူဖွယ်ပစ္စည်းတွေ လှူဒါန်းပြီး မွေးနေ့ဆုတောင်းစာတင်ခဲ့တာကြောင့် အဖမ်းခံထားရတဲ့ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာစောနိုင်ကို အာဏာသိမ်းစစ်အစိုးရက ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ရတယ်လို့ သိရပါတယ်။

ဒေါက်တာစောနိုင်ဟာ ဇွန် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့အတွက် တန်းဆွမ်းကြွနေတဲ့ သံဃာတော်တွေကို ဆွမ်း၊ ဟင်း၊ အလှူငွေနဲ့ သင်္ကန်းတွေ လှူဒါန်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကာ အလုံးစုံ အပြီးအပြတ် အမြန်ဆုံး လွတ်မြောက်ပါစေကြောင်း Facebook လူမှုကွန်ရက်မှာ ဆုတောင်းစာတင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ဇွန် ၁၉ ရက်နေ့မှာပဲ အာဏာသိမ်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဒေါက်တာစောနိုင်နဲ့ ဇနီးဖြစ်သူကို တောင်ဥက္ကလာပမြို့နယ်က နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့ပြီး ဇနီးဖြစ်သူကိုတော့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ကာ ဒေါက်တာစောနိုင်ကိုတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူခဲ့ကာ အင်းစိန်ထောင်ကို ပိုခဲ့ပြီးနောက် အခုလို ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တာဖြစ်ပါတယ်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)အရ အများဆုံး ထောင်ဒဏ် ၃ နှစ် အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်တာဖြစ်ပြီး အာဏာသိမ်းစစ်အစိုးရက ဒေါက်တာစောနိုင်ကို အမြင့်ဆုံးပြစ်ဒဏ် ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။

ဒေါက်တာစောနိုင်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ တောင်ဥက္ကလာပမြို့နယ်ကနေ NLD ပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ အနိုင်ရခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသူ ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့  အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေး ပြည်တွင်းသတင်း

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေး

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)မှ တာဝန်ရှိသူတွေဟာ ဇူလိုင်လ ၂၃ ရက်နေ့က အွန်လိုင်းမှတစ်ဆင့် တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့ကြတယ်လို့…

ဖတ်ရန်
ပုလောမြို့နယ်မှာ ပလုံကောက်တဲ့ အမျိုးသမီး ၁ ဦး မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံး ပြည်တွင်းသတင်း

ပုလောမြို့နယ်မှာ ပလုံကောက်တဲ့ အမျိုးသမီး ၁ ဦး မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ ပလုံကောက်တဲ့ အမျိုးသမီ ၁ ဦး မြေမြှုပ်မိုင်း နင်းမိရာက သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
အာဏာသိမ်းစစ်တပ်က Grade 12 ကျောင်းသားကို အဆောင်ထဲအထိ ဝင်ရောက်ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်း ပြည်တွင်းသတင်း

အာဏာသိမ်းစစ်တပ်က Grade 12 ကျောင်းသားကို အဆောင်ထဲအထိ ဝင်ရောက်ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ အသက် ၁၇ နှစ်အရွယ် Grade 12 ကျောင်းသား ၁ ဦးကို အာဏာသိမ်းစစ်တပ်က ဇူလိုင် ၂၃ ရက် ညပိုင်းမှာ…

ဖတ်ရန်