ကျောက်တန်းမှာ အမျိုးသမီးတဦး ပက်လက်အနေအထား လယ်ကွင်းထဲ သေဆုံးလျက်တွေ့ရှိ
ကျောက်တန်းမှာ အမျိုးသမီးတဦး ပက်လက်အနေအထား လယ်ကွင်းထဲ သေဆုံးလျက်တွေ့ရှိတဲ့ သတင်းနှင့်အတူ မြို့တော်ရဲ့ နေ့လယ်ခင်း သတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့သတင်းများ…
ပဲခူးမှာ စိတ်ကျန်းမာရေး ချို့တဲ့နေတဲ့ လူငယ်တဦးနဲ့ အခြားလူငယ်တွေ ပျောက်ဆုံးနေပြီး ဒီကနေ့အထိ အဆက်အသွယ်မရသေး
ဇူလိုင် ၂၉
ပဲခူးတိုင်း၊ ပဲခူးမြို့၊ အလင်းရောင်ရပ်ကွက် ၉ လမ်းမှာ နေထိုင်တဲ့ လူငယ်တစ်ဦးဟာ ၂ ရက်ကြာသည်အထိ ပျောက်ဆုံးနေတာကြောင့် မိသားစုတွေက စိတ်ပူပန်နေကြရတယ်လို့ သိရပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိ မောင်နိုင်ဖြိုးဝေ ဟာ ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းထဲက ပျောက်သွားတာ ဖြစ်ပြီး ဒီကနေ့ ဇူလိုင်လ ၂၉ ရက်နေ့အထိ မိသားစုဝင်တွေဟာ အဆက်အသွယ် မရရှိသေးဘူးလို့ သိရပါတယ်။
"၂၇ ရက်နေ့က ကျမ ဆူလိုက်လို့ မောင်လေးက အိမ်ကနေ စိတ်ဆိုးပြီး ဆင်းသွားတာ။ ဒီနေ့နဲ့ဆို ၂ ရက်ရှိပြီ။ သူက လူကောင်းလည်း မဟုတ်ဘူး။ ဉာဏ်ရည်မမီ စကားလည်း မပီဘူး။ တခါမှလည်း အပြင်ထွက် မသွားဖူး မလာဖူးဘူး။ ၂၈ ရက်နေ့က ဝေါမြို့ဘက်ကို ရောက်နေတယ်ဆိုပြီး သတင်းကြားလို့ လိုက်စုံစမ်းကြည့်သေးတယ်။ ခုတော့ အစပျောက်နေလို့ အရမ်းစိတ်ပူနေရတယ်။ တွေ့တဲ့သူရှိရင် 09668829337 ကို ဆက်သွယ်ပေးဖို့ မေတ္တာရပ်ခံပါတယ်" လို့ မောင်နိုင်ဖြိုးဝေရဲ့ အမဖြစ်သူက မြို့တော်ကို ပြောပါတယ်။
အလားတူ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ တော်ကလပ်ကျေးရွာအုပ်စု၊ ကြည်ကုန်းကျေးရွာမှ အဘ ဦးအောင်ဆင့်နဲ့ အမိ ဒေါ်မြင့်မြင့်အေး တို့ရဲ့သား မောင်ဇော်မျိုးအောင် ဟာလည်း ဇူလိုင်လ ၁၅ ရက်နေ့ကတည်းက ပျောက်ဆုံးနေခဲ့ပြီး မိသားစုနဲ့ ဒီကနေ့ ဇူလိုင်လ ၂၉ အထိ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်း လပွတ္တာမြို့နယ်၊ လိပ်သစ်ကျေးရွာနေ စိုးအောင်၊ အောင်ဆင့်၊ ထွန်းလင်းအောင်နှင့် အောင်ကိုဇော် တို့ဟာ လှိုင်သာယာမြို့နယ်၊ ရိုးကြီးမှာနေထိုင်ပြီး အလယ်ရွာကို ဆန်သွားထမ်းရင်း ဇူလိုင်လ ၁၃ ရက်နေ့ မနက်ကတည်းက ပျောက်ဆုံးသွားခဲ့ပြီး ဒီကနေ့ ဇူလိုင်လ ၂၉ ရက်အထိ အဆက်အသွယ်မရသေးဘူးလို့ သိရပါတယ်။
မြို့တော် News Channel
ကျောက်တန်းမှာ အမျိုးသမီးတဦး ပက်လက်အနေအထား လယ်ကွင်းထဲ သေဆုံးလျက်တွေ့ရှိတဲ့ သတင်းနှင့်အတူ မြို့တော်ရဲ့ နေ့လယ်ခင်း သတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့သတင်းများ…
၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ထောက်ပို့ယာဉ်က ကျောင်းဆရာမနဲ့ ကလေးငယ် စီးလာတဲ့ဆိုင်ကယ်ကို ဝင်တိုက်လို့ ကျောင်းဆရာမဖြစ်သူ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ