အရေးပေါ်
ပြည်တွင်းသတင်း

နတ်မောက်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆေးမှုကို ရှောင်တိမ်းထွက်ပြေးတဲ့ ဗိုလ်မှူး ၁ ဦး ပြင်းထန်ဒဏ်ရာရပြီး ၁ ဦး သေဆုံး

၂၀၂၆ ဇူလိုင် ၂၃ Myo Taw
နတ်မောက်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆေးမှုကို ရှောင်တိမ်းထွက်ပြေးတဲ့ ဗိုလ်မှူး ၁ ဦး ပြင်းထန်ဒဏ်ရာရပြီး ၁ ဦး သေဆုံး

နတ်မောက်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆေးမှုကို ရှောင်တိမ်းထွက်ပြေးတဲ့ ဗိုလ်မှူး ၁ ဦး ပြင်းထန်ဒဏ်ရာရပြီး ၁ ဦး သေဆုံး

ဇူလိုင် ၂၃

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွာမွန် - ဇရပ်ကုန်း လမ်းပိုင်းမှာ တော်လှန်ရေး တပ်ဖွဲ့တွေက ရှောင်တခင် စစ်ဆေးမှုတွေ လုပ်ဆောင်နေချိန် ဗိုလ်မှူး ၁ ဦး အပါအဝင် အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၄ ဦးလိုက်ပါလာတဲ့ ကားကို စစ်ဆေးဖို့အတွက် တားရာက ထွက်ပြေးသွားခဲ့တာကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၁ ဦး သေဆုံးသွားခဲ့တယ်လို့ နတ်မောက် ပကဖ အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၁၇ မိနစ်ခန့်မှာ နတ်မောက် ပကဖ မှ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဟာ ရွာမွန် - ဇရပ်ကုန်း လမ်းပိုင်းကို ရှောင်တခင်စစ်ဆေးရေး ဆောင်ရွက်နေချိန် ဗိုလ်မှူး ငြိမ်းထူးဇော် အပါအဝင် အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၄ ဦးဟာ Honda Fit ခဲရောင်ကားနဲ့ မောင်းနှင်လာခဲ့တာဖြစ်ပြီး တော်လှန်ရေး ရဲဘော်တွေကို မြင်သွားပြီးနောက် နောက်ကြောင်းပြန်လှည့်ကာ ထွက်ပြေးမောင်းနှင်သွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ပြန်လှည့်ပြေးတဲ့ လမ်းကြောင်းမှာ ကင်းပုန်းဝပ်နေတဲ့ နတ်မောက် ပကဖ ရဲဘော်တွေက ထပ်မံတားဆီးချိန်မှာ ဗိုလ်မှူး ငြိမ်းထူးဇော်က ပစ္စတိုနဲ့ စတင်ပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

"နတ်မောက်၊ ကျောက်ပန်းတောင်း မိတ္တီလာ ကြားလို့ ပြောရမယ်။ ကျနော်တို့က လမ်းပိုင်းကို လုံခြုံရေးအရ စစ်ဆေးနေချိန်မှာ သူတို့က ဝင်လာပြီး နောက်ပြန်လှည့်ပြေးသွားတာ။ ကင်းပုန်းဝပ်နေတဲ့ ရဲဘော်တွေက ပြည်သူ့ကားမှတ်လို့ မပစ်ဘဲ ထပ်တား​ဖို့လုပ်နေတုန်းမှာ ကားထဲကနေ ပစ္စတိုနဲ့ သူတို့က စပစ်တော့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တာ။ ပစ်ခတ်မှုအတွင်းမှာပဲ သူတို့က ထွက်ပြေးရင်း အဝေးရောက်မှ အရှည် ၃ ချက် ပြန်ပစ်သေးတယ်" လို့ နတ်မောက် ပကဖ မှ ရဲဘော်တဦးက မြို့တော်ကို ပြောပါတယ်။

အပြန်အလှန် ပစ်ခတ်မှုကြောင့် ဗိုလ်မှူး ငြိမ်းထူးဇော် ပြင်းထန် ဒဏ်ရာရရှိခဲ့သလို အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၁ ဦးလည်း ပွဲချင်းပြီး သေဆုံးကာ ကျန် ၂ ဦးမှာလည်း ထိခိုက်ဒဏ်ရာတွေ ရရှိသွားကြောင်း သတင်းပေးတွေထံက ပြန်လည်သိရတယ်လို့ ဆိုပါတယ်။

ဗိုလ်မှူး ငြိမ်းထူးဇော်နှင့် ပါလာတဲ့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေဟာ နတ်မောက်မြို့နယ်၊ ဂွေးကုန်းကျေးရွာ အရှေ့ဘက်ရှိ အမှတ် (၂) ပင်မဆက်သွယ်ရေးတပ်မှာ တာဝန်ထမ်းဆောင်နေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

ဝါဆိုလပြည့်နေ့မှာ လွတ်ငြိမ်းပေးမယ်လို့ သတင်းတွေ ထွက်ပေါ် ပြည်တွင်းသတင်း

ဝါဆိုလပြည့်နေ့မှာ လွတ်ငြိမ်းပေးမယ်လို့ သတင်းတွေ ထွက်ပေါ်

ဝါဆိုလပြည့်နေ့မှာ လွတ်ငြိမ်းပေးမယ်လို့ အကျဉ်းထောင်တွေမှာ သတင်းတွေထွက်ပေါ်နေပြီး အကျဥ်းထောင်တွေကလည်း အကျဥ်းသား အရွေ့အပြောင်းတွေ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

ဖတ်ရန်
ဥပဒေကျော်လွန်ကာ ပေါ်တာဆွဲ ဖမ်းဆီးနေမှုကို မည်သို့ဆောင်ရွက်ပေးမလဲလို့ အတုအယောင်လွှတ်တော်မှာ မေးမြန်း
VIDEO Afternoon NEWS

ဥပဒေကျော်လွန်ကာ ပေါ်တာဆွဲ ဖမ်းဆီးနေမှုကို မည်သို့ဆောင်ရွက်ပေးမလဲလို့ အတုအယောင်လွှတ်တော်မှာ မေးမြန်း

ဥပဒေကျော်လွန်ကာ အတင်းပေါ်တာဆွဲ ဖမ်းဆီးနေမှုကို မည်သို့ဆောင်ရွက်ပေးမလဲလို့ အတုအယောင်လွှတ်တော်မှာ မေးမြန်းတဲ့ သတင်းနှင့်အတူ မြို့တော်ရဲ့ နေ့လယ်ခင်းသတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့သတင်းများ…

ကြည့်ရန်
ပုလဲမြို့နယ်ထဲက ကျေးရွာတချို့မှာ အရေပြားရောဂါဖြစ်ပွားနေပြီး ဆေးဝါးအကူအညီလိုအပ်နေ ပြည်တွင်းသတင်း

ပုလဲမြို့နယ်ထဲက ကျေးရွာတချို့မှာ အရေပြားရောဂါဖြစ်ပွားနေပြီး ဆေးဝါးအကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ကျေးရွာတရွာရှိ NUG ကြားကာလ ပညာရေးကျောင်းတကျောင်းမှာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ဖတ်ရန်