အရေးပေါ်
ပြည်တွင်းသတင်း

ဝါဆိုလပြည့်နေ့မှာ လွတ်ငြိမ်းပေးမယ်လို့ သတင်းတွေ ထွက်ပေါ်

၂၀၂၆ ဇူလိုင် ၂၃ Myo Taw
ဝါဆိုလပြည့်နေ့မှာ လွတ်ငြိမ်းပေးမယ်လို့ သတင်းတွေ ထွက်ပေါ်

ဝါဆိုလပြည့်နေ့မှာ လွတ်ငြိမ်းပေးမယ်လို့ သတင်းတွေ ထွက်ပေါ်

ဇူလိုင် ၂၃

ဝါဆိုလပြည့်နေ့မှာ လွတ်ငြိမ်းပေးမယ်လို့ အကျဉ်းထောင်တွေမှာ သတင်းတွေထွက်ပေါ်နေပြီး အကျဥ်းထောင်တွေကလည်း အကျဥ်းသား အရွေ့အပြောင်းတွေ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။

လာမယ့် ဇူလိုင်လ ၂၉ ရက်နေ့မှာ ကျရောက်မယ့် ဝါဆိုလပြည့်နေ့ ဗုဒ္ဓအခါတော်နေ့မှာ အာဏာသိမ်း အစိုးရအဖွဲ့က မတရားဖမ်းဆီးခံထားရတဲ့ အကျဉ်းသားတွေကို လွတ်ငြိမ်းပေးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

"ကျမတူလေးက ၂၀၂၁ အာဏာသိမ်းပြီးချိန်က ထောင် ၇ နှစ်နဲ့ အထဲမှာ ပြဿနာတက်လို့ ၃ နှစ် ထပ်တိုးတာ ၁၀ နှစ်ကျော် ကျသွားတယ်၊ ခုဝါဆိုလပြည့်နေမှာ လွတ်ငြိမ်းပါမယ်လို့ ပြောလွှတ်လိုက်တယ်၊ သူက လွတ်ငြိမ်းတွေကနေ လျော့ရက်တွေ ရထားတာနဲ့ ထောင်ထဲကပေးတဲ့ လျော့ရက်နဲ့ပေါင်းရင် သေချာသလောက်တော့ ရှိပါတယ်" လို့ နွေဦးတော်လှန်ရေး အစပိုင်းက မတရားဖမ်းဆီးခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသားတဦးရဲ့ မိသားစုဝင်က မြို့တော်ကို ပြောပါတယ်။

ဇူလိုင်လ ၂၃ ရက် ဒီကနေ့ မနက်ပိုင်းကလည်း တောင်ငူအကျဉ်းထောင်က အကျဉ်းသား ၁၀၀ ကျော် သာယာဝတီထောင်ကို ရွေ့ပြောင်းတယ်လို့ သိရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မန္တလေး အိုးဘိုထောင်ကနေ အကျဥ်သားတချို့ကို ထောင်အချုပ်ကားနဲ့ အပြင်ခေါ်ထုတ်သွားတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

"ခုရက်ပိုင်းထဲ အကျဉ်းသားတွေ အရွေ့အပြောင်း လုပ်နေတာက ဟုတ်ပါတယ်၊ လွတ်ငြိမ်းပေးဖို့က သေချာသလောက်ရှိတယ်၊ အရေအတွက်က များနိုင်မယ် ထင်တယ်" လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက မြို့တော်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ၅၈၆၄ ဦးနဲ့ နိုင်ငံခြားသား ၁၈၀ ဦး၊ ဧပြီလ ၁၇ ရက်နေ့ သင်္ကြန်နှစ်သစ်ကူးနေ့က ၄၈၉၃ ဦးနဲ့ နိုင်ငံခြားသား ၁၃ ဦး၊ ကျန်အကျဉ်းသားတွေကို ၆ ပုံ ၁ ပုံလျော့ပေးခဲ့ပြီး နိုဝင်ဘာလ ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာ ၅၀၅ က နဲ့ ဖမ်းဆီးခံရသူ ၃၀၈၅ ဦးနဲ့ ကျန်အကျဉ်းသား ၇၂၄ ဦး အပါအဝင် အမှုရင်ဆိုင်နေရသူတွေကိုလည်း လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၆ ခုနှစ် မြန်မာနှစ်သစ်ကူးသင်္ကြန်မှာ အကျဉ်းသား ၄၃၃၅ ဦးကို လွှတ်ပေးခဲ့ပြီး နိုင်ငံခြားသား ၁၇၉ ဦး လွှတ်ပေးခဲ့ကာ နှစ် ၄၀ အထက် ပြစ်ဒဏ်ကျခံနေရသူတွေကို နှစ် ၄၀ ထိ ပြစ်ဒဏ်လျှော့ပေးခဲ့ပြီး ကျန်အကျဉ်းသားတွေကို ၆ ပုံ ၁ ပုံ လျှော့ပေးခဲ့တယ်လို့ သိရပါတယ်။

မြို့တော် News Channel

#myotawnpt

#Myotaw

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

ဥပဒေကျော်လွန်ကာ ပေါ်တာဆွဲ ဖမ်းဆီးနေမှုကို မည်သို့ဆောင်ရွက်ပေးမလဲလို့ အတုအယောင်လွှတ်တော်မှာ မေးမြန်း
VIDEO ပြည်တွင်းသတင်း

ဥပဒေကျော်လွန်ကာ ပေါ်တာဆွဲ ဖမ်းဆီးနေမှုကို မည်သို့ဆောင်ရွက်ပေးမလဲလို့ အတုအယောင်လွှတ်တော်မှာ မေးမြန်း

ဥပဒေကျော်လွန်ကာ အတင်းပေါ်တာဆွဲ ဖမ်းဆီးနေမှုကို မည်သို့ဆောင်ရွက်ပေးမလဲလို့ အတုအယောင်လွှတ်တော်မှာ မေးမြန်းတဲ့ သတင်းနှင့်အတူ မြို့တော်ရဲ့ နေ့လယ်ခင်းသတင်း တင်ဆက်မှု ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့သတင်းများ…

ကြည့်ရန်
နတ်မောက်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆေးမှုကို ရှောင်တိမ်းထွက်ပြေးတဲ့ ဗိုလ်မှူး ၁ ဦး ပြင်းထန်ဒဏ်ရာရပြီး ၁ ဦး သေဆုံး ပြည်တွင်းသတင်း

နတ်မောက်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆေးမှုကို ရှောင်တိမ်းထွက်ပြေးတဲ့ ဗိုလ်မှူး ၁ ဦး ပြင်းထန်ဒဏ်ရာရပြီး ၁ ဦး သေဆုံး

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွာမွန် - ဇရပ်ကုန်း လမ်းပိုင်းမှာ တော်လှန်ရေး တပ်ဖွဲ့တွေက ရှောင်တခင် စစ်ဆေးမှုတွေ လုပ်ဆောင်နေချိန် ဗိုလ်မှူး ၁ ဦး အပါအဝင်…

ဖတ်ရန်
ပုလဲမြို့နယ်ထဲက ကျေးရွာတချို့မှာ အရေပြားရောဂါဖြစ်ပွားနေပြီး ဆေးဝါးအကူအညီလိုအပ်နေ ပြည်တွင်းသတင်း

ပုလဲမြို့နယ်ထဲက ကျေးရွာတချို့မှာ အရေပြားရောဂါဖြစ်ပွားနေပြီး ဆေးဝါးအကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ကျေးရွာတရွာရှိ NUG ကြားကာလ ပညာရေးကျောင်းတကျောင်းမှာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ဖတ်ရန်