အရေးပေါ်
ပြည်တွင်းသတင်း

မုန်တိုင်းငယ် လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီးနောက် နိုင်ငံတဝန်း မိုးရွာသွန်းမှု သိသိသာသာ လျော့ကျသွားမယ်လို့ဆို

၂၀၂၆ စက်တင်ဘာ ၃၀ Myo Taw
မုန်တိုင်းငယ် လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီးနောက် နိုင်ငံတဝန်း မိုးရွာသွန်းမှု သိသိသာသာ လျော့ကျသွားမယ်လို့ဆို

မုန်တိုင်းငယ် လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားပြီးနောက် နိုင်ငံတဝန်း မိုးရွာသွန်းမှု သိသိသာသာ လျော့ကျသွားမယ်လို့ဆို

စက်တင်ဘာ ၃၀

အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ စက်တင်ဘာလ ၃၀ ရက် ဒီကနေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းမှ ရွေ့လျားလာတဲ့ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်သို့ ဆက်လက်တိုးဝင်ခဲ့ပြီး မြန်မာနိုင်ငံ မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း တို့အနီးမှာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ အားလျော့သွားပြီဖြစ်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်၊ တြိပူရနှင့် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းဒေသတွေဆီသို့ ဦးတည်ကာ နောက်ထပ် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း အဖြစ်သို့ တဖြည်းဖြည်း အားလျော့ပြီး ပျက်ပြယ်သွားမယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၁ ရက်မှ ၂ ရက်အတွင်း လေဖိအားနည်းစနစ် ကုန်းတွင်းပိုင်းမှာ ပျက်ပြယ်သွားပြီး မုတ်သုံလေပါ အားလျော့သွားမည်ဖြစ်ရာ မြန်မာနိုင်ငံ တဝှမ်းလုံးမှာ မိုးရွာသွန်းမှု အလွန်နည်းပါးသွားမယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၃ ရက်မှ ၄ ရက်အတွင်း စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့မှာ မိုးအနည်းငယ်မှ မိုးအသင့်အတင့် ရွာနိုင်ပြီး ကျန်တိုင်းနှင့် ပြည်နယ်အများစုမှာ မိုးပြတ်/မိုးပါးနေမယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၅ ရက်မှ ၆ ရက်အတွင်း အရှေ့ဘက်မှ လေပွေလှိုင်းတိမ်အချို့ တိုးဝင်လာနိုင်တာကြောင့် အထက်မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် တောင်ပိုင်းကမ်းရိုးတန်းတို့မှာ နေရာကွက်ကျား မိုးခေတ္တ ပြန်ရနိုင်ပေမယ့် မိုးအလွန်ကြီးနိုင်တဲ့ အခြေအနေ မရှိဘူးလို့ဆိုပါတယ်။

ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း နှင့် ကရင်ပြည်နယ်တို့မှာ အောက်တိုဘာလ ၁ ရက်မှစတင်ပြီး မုတ်သုံလေရော လေဖိအားနည်းစနစ်ပါ ကွယ်ပျောက်သွားမှာ ဖြစ်တာကြောင့် မိုးရွာသွန်းမှု ပါးသွားမယ်လို့ ဆိုပါတယ်။

ကရင်နီပြည်နယ်မှာ အောက်တိုဘာလ ၃ ရက်နေ့အထိ မုန်တိုင်းငယ် အားလျော့ပျက်ပြယ်သွားပြီး မုတ်သုံလေပါ အားလျော့သွားမှာဖြစ်ရာ မိုးရွာသွန်းမှု နည်းပါးသွားမယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၄ ရက်နေ့မှ ၆ ရက်အတွင်း ထိုင်းနိုင်ငံ အထက်ပိုင်းဘက်မှ အရှေ့လေပွေလှိုင်းအရှိန် တိုးဝင်လာနိုင်တာကြောင့် ဖားဆောင်း၊ ဘောလခဲ၊ မဲစဲ့နှင့် ရှားတော အပါအဝင် ကရင်နီပြည်နယ် တောင်ပိုင်းနှင့် အရှေ့ဘက် နယ်စပ်တလျှောက်မှာ နေရာကွက်ကျား မိုးပြန်လည် အသင့်အတင့် ရွာသွန်းနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (6)

ဆက်စပ် သတင်းများ

တောင်ဘို့ကြီးကျေးရွာမှာ အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးနေလို့ နေအိမ် ၁၅ လုံးကျော် မီးလောင်ပျက်စီး ပြည်တွင်းသတင်း

တောင်ဘို့ကြီးကျေးရွာမှာ အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးနေလို့ နေအိမ် ၁၅ လုံးကျော် မီးလောင်ပျက်စီး

မကွေးတိုင်း၊ ဆောမြို့နယ်၊ တောင်ဘို့ကြီးကျေးရွာကို စစ်ကြောင်းထိုးကာ တပ်ဆွဲထားတဲ့ အာဏာသိမ်းစစ်တပ်က ကျေးရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

ဖတ်ရန်
မန္တလေးတိုင်းမှာ ၂ ရက်အတွင်း ယာဉ်တိုက်မှုတွေ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသား ၃ ဦး ဒဏ်ရာရကာ ၁ ဦး စိုးရိမ်ရ ပြည်တွင်းသတင်း

မန္တလေးတိုင်းမှာ ၂ ရက်အတွင်း ယာဉ်တိုက်မှုတွေ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသား ၃ ဦး ဒဏ်ရာရကာ ၁ ဦး စိုးရိမ်ရ

မန္တလေးတိုင်းထဲက ပုသိမ်ကြီး၊ ဝမ်းတွင်းနဲ့ ရမည်းသင်းမြို့နယ်တွေမှာ စက်တင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်တွေအတွင်း ယာဉ်မတော်တဆမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အမျိုးသား ၃ ဦး…

ဖတ်ရန်
မိုးမိတ်မြို့အထွက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်စခန်းကုန်းလည်း အသိမ်းခံထားရ ပြည်တွင်းသတင်း

မိုးမိတ်မြို့အထွက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်စခန်းကုန်းလည်း အသိမ်းခံထားရ

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မိုးမိတ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

ဖတ်ရန်
အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူကို ခိုးယူပေါင်းသင်းခဲ့တဲ့ လူငယ်အမျိုးသားကို ဖခင်ဖြစ်သူက ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် ပြည်တွင်းသတင်း

အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူကို ခိုးယူပေါင်းသင်းခဲ့တဲ့ လူငယ်အမျိုးသားကို ဖခင်ဖြစ်သူက ပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်

တာချီလိတ်မြို့မှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတဦးကို အသက် ၁၆ နှစ်အရွယ် အမျိုးသားတဦးက နေအိမ်ကနေခေါ်ဆောင်ပြီး ၄ ရက်ကြာခန့် ပေါင်းသင်းနေထိုင်ခဲ့တာကြောင့် မိန်းကလေးငယ်ရဲ့…

ဖတ်ရန်