အရေးပေါ်
ပြည်တွင်းသတင်း

နေပြည်တော်မှာ ငလျင်ထောက်ပံ့ငွေလက်ခံဖို့ ဘဏ်အကောင့်ဖွင့်ခိုင်းပေမဲ့ စာအုပ်ထဲငွေမဝင်ဘဲ ထွေအုပ်နဲ့ ဘဏ်ပေါင်းပြီး လုပ်စားနေ

၂၀၂၆ စက်တင်ဘာ ၁၀ Myo Taw
နေပြည်တော်မှာ ငလျင်ထောက်ပံ့ငွေလက်ခံဖို့ ဘဏ်အကောင့်ဖွင့်ခိုင်းပေမဲ့ စာအုပ်ထဲငွေမဝင်ဘဲ ထွေအုပ်နဲ့ ဘဏ်ပေါင်းပြီး လုပ်စားနေ

နေပြည်တော်မှာ ငလျင်ထောက်ပံ့ငွေလက်ခံဖို့ ဘဏ်အကောင့်ဖွင့်ခိုင်းပေမဲ့ စာအုပ်ထဲငွေမဝင်ဘဲ ထွေအုပ်နဲ့ ဘဏ်ပေါင်းပြီး လုပ်စားနေ

စက်တင်ဘာ ၁၀

နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာ ငလျင်ဘေးသင့်အတွက် ထောက်ပံ့ပေးတဲ့စာရင်းမှာ နာမည်ပါတဲ့သူတွေကို ရိုးရိုးဘဏ်အကောင့်နဲ့ မရဘူးလို့ဆိုကာ KBZ Special Bank Account တွေ ဖွင့်ခိုင်းနေတယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့မှုအရ သိရပါတယ်။

ငလျင်ထောက်ပံ့ကြေးပေးရာမှာ နေအိမ်ပျက်စီးမှု နှစ်ထပ် တစ်ထပ် အသီးသီးခွဲထားပြီး ပျက်စီးဆုံးရှုံးမှုများတဲ့ အိမ်ဆိုရင် ထောက်ပံ့ကြေးငွေ ၁၁၆၄၀၀၀၀ ကျပ် ထောက်ပံ့ကာ နေအိမ်တပိုင်း၊ တချို့တဝက်ပျက်စီး နာမည်စာရင်းမှာ ပါဝင်တဲ့သူတွေကိုတော့ ၁၆ သိန်း ထောက်ပံ့မယ်လို့ ပြောဆိုခဲ့တယ်လို့ သိရပါတဘ်။

"ငလျင်ထောက်ပံ့ကြေးငွေက များတာကြောင့် တခါတည်း အကုန်ထုတ်လို့ရအောင်ဆိုပြီး Special Account ဖွင့်ခိုင်းတာပါ၊ စာအုပ်လည်းဖွင့်ပြီးကော ငွေက စာအုပ်ထဲ ဝင်မလာဘူး၊ ထွေအုပ်နဲ့ ဘဏ်မန်နေဂျာပေါင်းပြီး ထုတ်လိုက်တယ် ကြားတယ်၊ ငလျင်ဘေးသင့်တဲ့ သူတွေကိုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူကတဆင့် ထုတ်ပေးတယ်၊ သိချင်တာက စာအုပ်ဖွင့်တဲ့ ကာယကံရှင်မပါဘဲ ထွေအုပ်နဲ့ ဘဏ်မန်နေဂျာက ဘယ်လိုငွေထုတ်လိုက်သလဲပေါ့၊ အစက ဘဏ်ကလက်မခံဘူး ကြားတယ်၊ နောက်တော့ ဘယ်လိုညှိလိုက်တယ် မသိဘူး" လို့ ငလျင်ဘေးသင့် ဒေသခံတဦးက မြို့တော်ကိုပြောပါတယ်။

ငလျင်ဘေးသင့်တဲ့ ပြည်သူတွေလက်ထဲကို ထောက်ပံ့ငွေ အမှန်တကယ် တိုက်ရိုက်ရောက်ရှိနိုင်ဖို့ ဘဏ်စာအုပ်တွေ ဖွင့်ခိုင်းခဲ့တာလို့ သိရပြီး ပျက်စီးဆုံးရှုံးမှုများတဲ့ သူတွေကို ငလျင်ထောက်ပံ့ကြေးငွေ ၁၁၆၄၀၀၀၀ ကျပ် ပေးမယ်လို့ ပြောဆိုထားပေမယ့် အမှန်တကယ် ထုတ်ပေးတဲ့အချိန်မှာတော့ ၁၆ သိန်းပဲ ရတဲ့သူတွေ များတယ်လို့ ဆိုပါတယ်။

"သူတို့ စပြောတုန်းကကျ စာအုပ်တွေထဲ ဝင်ရမယ့်ငွေက ၁၁၆ သိန်း ကျော်လို့ ပြောတယ်။ အမှန်တကယ် အုပ်ကြီးကတဆင့် ထုတ်ပေးတော့ ၁၆ သိန်းပဲ ရတဲ့သူတွေ များတယ်၊ ထွေအုပ်၊ ဘဏ်နဲ့ အုပ်ကြီးတွေပေါင်းပြီး လုပ်စားနေကြတာ" လို့ ဘုရင့်နောင်ရပ်ကွက်နေ ငလျင်ဘေးသင့် ဒေသခံတဦးက မြို့တော်ကိုပြောပါတယ်။

ယခင်အခေါက် ထောက်ပံ့မှုတွေ ပေးတုန်းကလည်း နိုင်ငံတကာကပေးတဲ့ အိမ်ဆောက် သံချောင်းတွေ၊ သွပ်တွေ၊ ဘိလပ်မြေတွေကို ငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ အိမ်ထောင်စုတွေကို မပေးဘဲ ဘုရင့်နောင်ရုံးခေါ်ပြီး ထောက်ပံ့မယ့် အိမ်ဆောက် ပစ္စည်းတွေအစား ပိုက်ဆံပဲယူပါမယ်ဆိုတဲ့အကြောင်း ဝန်ခံလက်မှတ်ထိုးခိုင်းကာ ငွေကြေးအနည်းငယ်ပဲ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂ နှစ်က ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့လှူဒါန်းရမယ့် ပစ္စည်းတွေကိုလည်း မြေပြင်ကို ထောက်ပံ့မှုမရှိဘဲ လက်ရှိအချိန်အထိ ထွေအုပ်ရုံးထဲမှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိ ရုပ်သံ ပြည်တွင်းသတင်း

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိ

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့သတင်းများ…

ကြည့်ရန်
အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ သံသယတရားခံကို ဖမ်းဆီးရမိ ပြည်တွင်းသတင်း

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ သံသယတရားခံကို ဖမ်းဆီးရမိ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ပန်းတောကျေးရွာမှာ ကျူရှင်ကနေ အိမ်ပြန်လာတဲ့ အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူ မဆောင်းနှင်းဖြူကို နားကပ်လုယက်ပြီး လူသတ်မှုကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့…

ဖတ်ရန်