အရေးပေါ်
ပြည်တွင်းသတင်း

နေပြည်တော် ရေပြာဂေါက်ကွင်း တာဝန်ခံ ဗိုလ်မှူးက လုပ်အားခ ခေါင်းပုံဖြတ်နေပြီး သူ့ကိုတိုင်ရင် PDF တွေဆီကို သတင်းပေးကာ သတ်ခိုင်းမယ်လို့ ခြိမ်းခြောက်

၂၀၂၆ စက်တင်ဘာ ၁၁ Myo Taw
နေပြည်တော် ရေပြာဂေါက်ကွင်း တာဝန်ခံ ဗိုလ်မှူးက လုပ်အားခ ခေါင်းပုံဖြတ်နေပြီး သူ့ကိုတိုင်ရင် PDF တွေဆီကို သတင်းပေးကာ သတ်ခိုင်းမယ်လို့ ခြိမ်းခြောက်

နေပြည်တော် ရေပြာဂေါက်ကွင်း တာဝန်ခံ ဗိုလ်မှူးက လုပ်အားခ ခေါင်းပုံဖြတ်နေပြီး သူ့ကိုတိုင်ရင် PDF တွေဆီကို သတင်းပေးကာ သတ်ခိုင်းမယ်လို့ ခြိမ်းခြောက်

စက်တင်ဘာ ၁၁

နေပြည်တော်၊ ဥပ္ပါတသန္တိဘုရားကြီးအနီး ရေပြာ-တပ်မတော်ဂေါက်ကွင်း တာဝန်ခံ ဗိုလ်မှူး ဖုန်းကျော် ဆိုသူဟာ ဂေါက်ကွင်းက ကယ်ရီအလုပ်သမားတွေရဲ့ လုပ်အားခကို ခေါင်းပုံဖြတ်ပြီး အမြတ်ထုတ်နေတယ်လို့ တပ်တွင်းသတင်းပေးပို့မှုအရ သိရပါတယ်။

ရေပြာဂေါက်ကွင်းဟာ အာဏာသိမ်းစစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိပြီး စစ်ရုံးထဲက အရာရှိကြီးတွေနဲ့ တပ်မတော်နဲ့ နီးစပ်တဲ့လုပ်ငန်းရှင်တချို့ လာရောက်ကစားကြတဲ့ ဂေါက်ကွင်းဖြစ်သလို အာဏာသိမ်းစစ်တပ်က ဦးစီးကျင်းပတဲ့ တပ်မတော်(ကြည်း၊ ရေ၊ လေ) ဂေါက်ပြိုင်ပွဲတွေ ကျင်းပတဲ့နေရာလည်း ဖြစ်ပါတယ်။

အဆိုပါဂေါက်ကွင်းမှာ ကယ်ရီလုပ်သား ၃၀၀ ကျော်ရှိပြီး ဂေါက်ကွင်းတာဝန်ခံ ဗိုလ်မှူး ဖုန်းကျော်ဆိုသူက ကယ်ရီလုပ်သားတွေကို သူတို့နဲ့မဆိုင်တဲ့ သန့်ရှင်းရေးအလုပ်တွေပါ ခိုင်းစေနေပြီး အထက်ကိုတော့ သန့်ရှင်းရေးအလုပ်သမားစားရင် လိမ်တင်ကာ လုပ်အားခတွေကို ခေါင်းပုံဖြတ်ပြီး ကြီးပွားချမ်းသာနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

"သူက ဂေါက်ကွင်းတာဝန်ခံအနေနဲ့ ပြောင်းလာတုန်းက ဗိုလ်ကြီးအဆင့်နဲ့ပါ၊ ပြောင်းလာခါကစ ဆိုင်ကယ်အစုတ်ကလေးနဲ့ အလုပ်လာတာ၊ ခုဆို တာဝန်ခံလုပ်တာ ၁၀ နှစ်ကျော်သွားပြီ၊ကယ်ရီသမားတွေကို သန့်ရှင်းရေးအလုပ်တွေ ခိုင်းတယ်၊ အထက်ကိုကျတော့ အလုပ်သမားစာရင်း လိမ်တင်တယ်၊ အဲဒါနဲ့ပဲ ဆယ်နှစ်ကျော်ဆိုတော့ အတော့်ကို ချမ်းသာနေပြီ၊ ဒက္ခိဏမှာ အိမ်နဲ့ခြံအပြင် ရေပြာသောက်ရေသန့်စက်ရုံ အနောက်ဘက်မှာ ၃ ဧကကျော်တဲ့ ခြံကြီးလည်း ပိုင်ထားတယ်၊ သူ့ရဲ့ ဗိုလ်မှူးလစာနဲ့ဆို ဒါတွေဘယ်လိုမှ ဝယ်နိုင်မှာမဟုတ်ဘူး" လို့ ရေပြာဂေါက်ကွင်း ကယ်ရီဝန်ထမ်းတဦးက မြို့တော်ကို ပြောပါတယ်။

ရေပြာဂေါက်ကွင်းမှာ တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ရတဲ့ အရာရှိတွေဟာ ရာထူးတိုးရင် တခြားနေရာကို ပြောင်းရွှေ့သွားကြရပေမယ့် လက်ရှိတာဝန်ခံ ဗိုလ်မှူး ဖုန်းကျော်ကတော့ မပြောင်းရဘဲ အထက်လူကြီးတွေနဲ့ ညှိကာ တာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နေတာ ၁၀ နှစ် ကျော်သွားပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

"သူက အထက်လူကြီးတွေကိုလည်း အတော်ပိုင်တယ်၊ ငွေကြေးချမ်းသာလာတော့ လာဘ်ထိုးပြီး ပေါင်းထားတာ၊ ဂေါက်ကွင်းမန်နေဂျာ ဦးကျော်စိုး နဲ့ ဖြိုးဝေဇော် တို့ကလည်း သူနဲ့အတူ ပေါင်းစားနေကြတာ" လို့ ကယ်ရီဝန်ထမ်းတဦးက ထပ်မံပြောဆိုပါတယ်။

ဒါ့အပြင် ဗိုလ်မှူး ဖုန်းကျော်ဟာ သူ့ကို တိုင်တန်းတဲ့ သူတွေကိုသိရင် လူငှားပြီး သတ်ခိုင်းမှာ ဖြစ်ကြောင်းနဲ့ PDF ထဲမှာလည်း သူ့ရဲ့အသိမိတ်ဆွေတွေ ရှိတာကြောင့် တိုင်တဲ့သူကို ဒလံလို့ စွပ်စွဲပြီး PDF ကို သတင်းပေးကာ သတ်ခိုင်းမှာဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (14)

ဆက်စပ် သတင်းများ

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိ ရုပ်သံ Afternoon NEWS

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိ

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့သတင်းများ…

ကြည့်ရန်
အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ သံသယတရားခံကို ဖမ်းဆီးရမိ ပြည်တွင်းသတင်း

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ သံသယတရားခံကို ဖမ်းဆီးရမိ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ပန်းတောကျေးရွာမှာ ကျူရှင်ကနေ အိမ်ပြန်လာတဲ့ အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူ မဆောင်းနှင်းဖြူကို နားကပ်လုယက်ပြီး လူသတ်မှုကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့…

ဖတ်ရန်