ရုပ်သံ
Daily NEWS
အောက်တိုဘာ ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
လူ ၈ ဦး သေဆုံးခဲ့တဲ့ 'နယူးမန္တလာထွန်း'ယာဥ်လိုင်း ရန်ကုန်-ပြင်ဦးလွင် ခရီးစဉ်ပြေးဆွဲခွင့် ပိတ်သိမ်းခံရ
အောက်တိုဘာ ၂၉
လူ ၈ ဦး သေဆုံးခဲ့တဲ့ 'နယူးမန္တလာထွန်း'ယာဉ်လိုင်း ရန်ကုန်-ပြင်ဦးလွင် ခရီးစဉ်ပြေးဆွဲခွင့် ပိတ်ခံရတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က ပြင်ဦးလွင်ကနေ ရန်ကုန်ကိုမောင်းနှင်လာတဲ့ 'နယူးမန္တလာထွန်း' ခရီးသည်တင်ယာဉ်ဟာ ၁၉ မိုင်အရောက် မီးသတ်ကွေ့အနီးမှာ ဘရိတ်ပေါက်ပြီးနောက် Nissan Wingroad AD Van ယာဉ်ကိုဝင်ကြိတ်မိပြီး ချောက်ထဲထိုးကျခဲ့ကာ ကားပေါ်လိုက်ပါလာတဲ့ ခရီးသည်တွေ ထိခိုက်ဒဏ်ရာရခဲ့ပြီး ၈ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက် 'နယူးမန္တလာထွန်း'ယာဉ်လိုင်းကို ရန်ကုန်-ပြင်ဦးလွင် ခရီးစဉ်ပြေးဆွဲခွင့် ယာယီပိတ်သိမ်းထားတယ်လို့ 'နယူးမန္တလာထွန်း'ယာဉ်လိုင်းဘက်က ထုတ်ပြန်ထားတဲ့ တောင်းပန်စာမှာ ဖော်ပြထားတာတွေ့ရပြီး အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် မိသားစုတွေနဲ့အတူ ထပ်တူဝမ်းနည်းရကြောင်းလည်း ဖော်ပြပြောဆိုထားပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးခဲ့သူတွေအတွက် 'နယူမန္တလားထွန်း'ယာဥ်လိုင်းက အာမခံလျော်ကြေးကိစ္စတွေ၊ လိုအပ်တဲ့ဆေးကုသမှုတွေနဲ့ အခြားကူညီဆောင်ရွက်ပေးရမယ့် ကိစ္စတွေကို ဆက်လက်လုပ်ဆောင်ပေးသွားမယ်လို့ 'နယူးမန္တလာထွန်း'ယာဉ်လိုင်းက ပြောဆိုထားပါတယ်။
လတ်တလောမှာ ဒဏ်ရာရသူတွေဟာ ပြင်ဦးလွင်ဆေးရုံ၊ မန္တလေးဆေးရုံကြီးနဲ့ မန္တလေး ကလေးဆေးရုံတို့မှာ ဆေးကုသမှုခံယူနေကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် ၅ ဦးနဲ့ ဝန်ထမ်း ၃ ဦးအပါ စုစုပေါင်း ၈ ဦး အသက်ဆုံးရှုံးခဲ့ပြီး ခရီးသည် အတော်များများ ဒဏ်ရာပြင်းထန်ရခဲ့တယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
Daily NEWS
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
အိန္ဒိယမိုးလေဝသဌာန (IMD) ၊ ထိုင်းမိုးလေဝသဌာန နှင့် ICON Model ရဲ့ ထုတ်ပြန်ချက်တွေအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ၎င်းနှင့် ဆက်စပ်နေတဲ့ အန္ဒမန်ကျွန်းစုတွေပေါ်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု…
ပြည်တွင်းသတင်း
မွန်ပြည်နယ်၊ သထုံမြို့၊ မိုးကောင်းကျေးရွာ၊ ဖရဲသီးဆိုင်တန်းရှေ့က ရန်ကုန်-မော်လမြိုင်သွား ကားလမ်းမပေါ်မှာ ခရီးသည်တင် Express နဲ့ ဆိုင်ကယ်တို့တိုက်မိပြီး အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ လမ်းသွားလမ်းလာ အရပ်သားတွေနဲ့ လူငယ်တွေကို အာဏာသိမ်းစစ်တပ်နဲ့ ရဲက မတရားပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ မြေပြင်ကင်းထောက်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။