အရေးပေါ်
ပြည်တွင်းသတင်း

သရက်ချောင်းမြို့နယ်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် အရပ်သား ၃ ထောင်ကျော် စစ်ရှောင်နေရ

၂၀၂၆ နိုဝင်ဘာ ၁၇ Myo Taw
သရက်ချောင်းမြို့နယ်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် အရပ်သား ၃ ထောင်ကျော် စစ်ရှောင်နေရ

သရက်ချောင်းမြို့နယ်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် အရပ်သား ၃ ထောင်ကျော် စစ်ရှောင်နေရ

နိုဝင်ဘာ ၁၇

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က တောင်ပျောက်တိုက်နယ်မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အာဏာသိမ်းစစ်တပ်ဘက်က အရပ်သား ၂၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့က စတင်ကာ တောင်ပျောက်တိုက်နယ်၊ သဲချောင်းကြီးကျေးရွာကို အာဏာသိမ်း စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“၁၅ ရက်နေ့ကတည်းက ဖြစ်တာ၊ အဲ့မှာ အကျအဆုံးများပြီး ရွာတွေကို လေကြောင်းကနေ တောက်လျှောက် ဗုံးကြဲတာ။ ဝင်းကဖော်ရွာနဲ့ သဲစုရွာကို ကြဲတာမှာ အိမ်တွေ အတော်ပျက်စီးတယ်။ လမ်းမှာတွေ့တဲ့သူမှန်သမျှကို လူသားဒိုင်အဖြစ် ဖမ်းတယ်၊ ၂၀ ကျော်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ် စစ်ကြောင်းဟာ လမ်းတလျှောက်မှာတွေ့တဲ့ ဒေသခံ ၂၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပြီး စစ်ပွဲကြောင့် အလယ်စုရွာ၊ ဝင်းကဖော်ရွာ၊ ကျွဲခြံရွာနဲ့ သဲချောင်းကြီးရွာတို့က ဒေသခံအရပ်သားတွေနဲ့ စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း ၃,၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲမှာ ဝင်းကဖော်ကျေးရွာအတွင်းကို လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာထဲရှိ ဗုံးခိုကျင်းထဲ ပုန်းခိုနေတဲ့ ဒေသခံပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

လတ်တလောမှာ တောင်ပျောက်တိုက်နယ်အတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အာဏာသိမ်းစစ်အုပ်စုဘက်က ၂ ရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သား ၃၀၀၀ ကျော် စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွား ရုပ်သံ Daily NEWS

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွား

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွားတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု…

ကြည့်ရန်
ဘီးလင်းမြို့နယ်မှာ ကားနဲ့ ခရီးသွားနေစဉ် အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရ ပြည်တွင်းသတင်း

ဘီးလင်းမြို့နယ်မှာ ကားနဲ့ ခရီးသွားနေစဉ် အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်ကြီးကျေးရွာမှာ ကားနဲ့ ခရီးသွားခဲ့တဲ့ အမျိုးသားတဦး အမည်မသိ လူ ၂ ဦးရဲ့ သေနတ်နဲ့ စောင့်ကြိုပစ်ခတ်ခြင်းခံရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ပြည်ပလုပ်သားတွေရဲ့ ဘဏ်ငွေလွှဲနှုန်း တိုးမြှင့်လာပေမယ့် ပြင်ပပေါက်ဈေးထက် နည်းနေလို့ နစ်နာမှုတွေ ရှိနေဆဲ အလုပ်သမားရေးရာ

ပြည်ပလုပ်သားတွေရဲ့ ဘဏ်ငွေလွှဲနှုန်း တိုးမြှင့်လာပေမယ့် ပြင်ပပေါက်ဈေးထက် နည်းနေလို့ နစ်နာမှုတွေ ရှိနေဆဲ

ပြည်ပရောက် အလုပ်သားတွေရဲ့ လုပ်ခလစာ ငွေလွှဲနှုန်းကို အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၆၀၀ အထိ တိုးမြှင့်ပေးမယ်လို့ ပြည်တွင်းပုဂ္ဂလိကဘဏ်အချို့က နိုဝင်ဘာ ၁၉…

ဖတ်ရန်
ကျောက်မဲမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှု သုံးကြိမ်မြောက် ဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် ပါသွား ပြည်တွင်းသတင်း

ကျောက်မဲမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှု သုံးကြိမ်မြောက် ဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် ပါသွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ဗဟိုဈေးအနီး ဈေးတောင်ဘက်တိုက်တန်းက 'ရွှေတောင်တန်း' ရွှေဆိုင် ဓားပြတိုက်လုယက်ခံရပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် တန်ဖိုးရှိ ရွှေဆွဲကြိုးတွေ ပါသွားခဲ့တယ်လို့ ဒေသတွင်း…

ဖတ်ရန်