ရုပ်သံ
ပြည်တွင်းသတင်း
စက်တင်ဘာ ၁၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပုသိမ်မှာ စာမတတ်သူ အမျိုးသား ၁ ဦးကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က လိမ်လည်လက်မှတ်ထိုးခိုင်းပြီး စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်သွား
စက်တင်ဘာ ၄
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ စာမတတ်သူ အမျိုးသားတစ်ဦးကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ရုံးကို ခဏလာဖို့ လိမ်လည်ခေါ်ယူပြီး စစ်မှုထမ်းဆင့်ခေါ်စာမှာ လက်မှတ်ထိုးခိုင်းကာ တပ်အတွင်း ပို့ဆောင်လိုက်တယ်လို့ သတင်းအထူးတပ်ဖွဲ့-ပုသိမ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အဆိုပါဖြစ်စဉ်ဟာ ဩဂုတ် ၃၀ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အမှတ်(၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး မြဌေးနဲ့ ရာအိမ်မှူးတွေဖြစ်တဲ့ ဝဏ္ဏ၊ မြင့်ဆွေ၊ ထွန်းရွှေနဲ့ တက်ပုတို့က ရပ်ကွက်အတွင်း (၉)လမ်းမှာ နေထိုင်တဲ့ ကိုသူရ (အဘ ဦးခင်ဝင်း) ကို ရုံးကို ခဏလာဖို့ ခေါ်ယူခဲ့တာလို့ ဆိုပါတယ်။
ကိုသူရဟာ စာမတတ်သူဖြစ်တာကြောင့် စာရွက်စာတမ်းတွေမှာ လက်မှတ်မထိုးဖို့ ဇနီးဖြစ်သူက တားမြစ်ခဲ့ပေမယ့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က အဆိုပါစာရွက်မှာ လက်မှတ်ထိုးပေးရင် စစ်မှုထမ်းစရာမလိုတော့ဘူးလို့ လိမ်လည်ပြောဆိုပြီး လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
လက်မှတ်ထိုးပြီးနောက် ကိုသူရကို ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ချက်ချင်းခေါ်ဆောင်သွားပြီး အဲဒီကတစ်ဆင့် အမှတ်(၅၀၅) တပ်ရင်းကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
ကိုသူရဟာ စစ်မှုထမ်းကင်းလွတ်ခွင့်ရဖို့ လစဉ် စစ်မှုထမ်းကြေး ကျပ်တစ်သိန်း ပေးဆောင်နေရသူဖြစ်ပေမယ့် စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ရုပ်သံ
ပြည်တွင်းသတင်း
အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့သတင်းများ…
ပြည်တွင်းသတင်း
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ပန်းတောကျေးရွာမှာ ကျူရှင်ကနေ အိမ်ပြန်လာတဲ့ အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူ မဆောင်းနှင်းဖြူကို နားကပ်လုယက်ပြီး လူသတ်မှုကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့…
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ