အရေးပေါ်
ပြည်တွင်းသတင်း

ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ

၂၀၂၆ စက်တင်ဘာ ၂၈ Myo Taw
ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ

ပေါ်တာဆွဲဖမ်းဆီးလို့ရတဲ့သူတွေကို ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ် ၂ ဦးကို ရဲက အမှုဖွင့်လိုက်လို့ စစ်တပ်က ပြန်ထုတ်ဖို့ ကြိုးစားနေ

စက်တင်ဘာ ၂၈

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး ရောင်းစားဖို့ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးကို ရဲကဖမ်းဆီးပြီး အမှုဖွင့်ထားလို့ အာဏာသိမ်း စစ်တပ်ဘက်က မရမက ထုတ်ယူဖို့ ပြင်နေတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၀ ရက်နေ့က အသက် ၁၈ နှစ် မပြည့်သေးတဲ့ လူငယ် ၃ ဦးကို ပေါ်တာဆွဲဖမ်းဆီးကာ ရောင်းစားဖို့ ပြင်နေတဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ကိုဟန်သူထွန်း နဲ့ ကိုအောင်ပြည့်စုံ ဆိုသူတို့ကို ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၆) နယ်မြေရဲစခန်းက သက်သေနဲ့တကွ ဖမ်းမိခဲ့တာလို့ သိရပါတယ်။

“ကလေးတွေကို ဖမ်းပြီး ရောင်စားဖို့လုပ်တဲ့အချိန် ဖမ်းမိတာ။ အရင်ကလည်း ဒီလိုကိစ္စတွေ ရှိနေတော့ အချိန်ကိုက် စောင့်ဖမ်းလိုက်တာ။ အခု အဲ့ပြည်သူ့စစ် ၂ ယောက်ကို စစ်မှုထမ်းဥပဒေနဲ့ အမှုဖွင့် အရေးယူထားတယ်။ စစ်တပ်ဘက်က မရမက ပြန်ထုတ်ဖို့ ပြင်နေတယ်” လို့ ရဲနဲ့ နီးစပ်သူတဦးက မြို့တော်ကို ပြောပါတယ်။

ပြည်သူ့စစ် ၂ ယောက်ကို ဖမ်းဆီးပြီး အမှတ်(၆) နယ်မြေရဲစခန်းက အမှုဖွင့်လိုက်တဲ့အပေါ် ဖမ်းဆီးခံရသူတွေရဲ့ ခေါင်းဆောင်လို့ ယူဆရတဲ့ ကိုကျော်ဝင်းမောင် ဆိုသူက “ခင်ဗျားတို့တွေ တွေ့မယ်နော်၊ ကျုပ်တပည့်ကျော်နဲ့ ကျုပ်ညီတယောက်ကို ခင်ဗျားတို့ ရဲတွေ မတရားခေါင်းစဥ်တပ်ပြီး စစ်နယ်မြေနဲ့ပေါင်းပြီး အမှုဖွင့်တယ်နော်။ အဲ့ကလေးတွေက မင်းတို့ထက် တန်ဖိုးရှိတယ်။ လုံခြုံရေးမှာ အတူလိုက်နေတဲ့ ကလေးတွေ။ သေချာ မမေးမြန်းဘဲနဲ့ လိုရာဆွဲပြီး အမှုဖွင့်ထားတာ။ ဟရောင့် ငါ့ညီတွေကွ၊ မင်းတို့ထက် တိုင်းပြည်ချစ်တဲ့ စိတ်ရှိတယ် အဲ့ကလေးတွေက။ အမှတ်(၆) နယ်မြေရဲစခန်းမှူး မင်းအမှုဖွင့်ထားတဲ့ ကလေးတွေက ဘာမှအပြစ်မရှိဘူးကွ။ ကြားလား ဟေ့ရောင့်။ မင်းတို့ကောင်တွေ တွေ့မယ်၊ မင်းတို့မန္တလေးကကောင်တွေ အကုန်တွေ့မယ်၊ မာအောင်နေကြ” လို့ ခြိမ်းခြောက်ပြောဆိုထားတဲ့ ရုပ်သံဖိုင်ကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဘက်က ဖမ်းဆီးခံရတဲ့ လူငယ် ၃ ဦးဟာ မိမိသဘောဆန္ဒအရ စစ်ထဲဝင်ချင်လို့ သွားရောက်ခေါ်ယူတာ ဖြစ်ကြောင်းနဲ့ ပေါ်တာဆွဲဖမ်းဆီးတာ မဟုတ်ကြောင်း ပြောဆိုထားပေမယ့် ဖမ်းဆီးခံရတဲ့လူငယ် ၃ ယောက်က ငြင်းဆိုထားလို့ ရဲက စစ်မှုထမ်း ဥပဒေပုဒ်မ ၃၅၆/၁၁၄ နဲ့ အမှုဖွင့်ခဲ့တာလို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား ပြည်တွင်းသတင်း

မြေးအဖွား ၂ ယောက်တည်းရှိတဲ့ နေအိမ် အာရုဏ်ဆွမ်းထချက်ချိန် ဓားပြတိုက်ခံရပြီး ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေ အကုန်ချွတ်ယူသွား

မွန်ပြည်နယ်၊ ဖားအောက်ကျေးရွာ အနောက်ဘက်ခြမ်းက မြေးအဖွား ၂ ယောက်တည်းနေတဲ့ နေအိမ်မှာ ဓားပြတိုက် လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို ပြည်တွင်းသတင်း

ရဲအယောင်ဆောင်ကာ ဆိုင်ကယ်လုယက်သူတွေ ဖမ်းဆီးခံရ၊ ရဲတွေလုပ်တတ်တဲ့ ပုံစံအတိုင်း လုယက်ခဲ့တာလို့ဆို

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ ရဲအယောင်ဆောင်ပြီး ထုရိုက်ခြိမ်းခြောက်ကာ ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ပြီး တရားခံတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကန့်ဘလူမြို့နယ် နဲ့ မြင်းမူမြို့နယ်တို့မှာ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေရှိ ပြည်တွင်းသတင်း

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကန့်ဘလူမြို့နယ် နဲ့ မြင်းမူမြို့နယ်တို့မှာ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်နှင့် မြင်းမူမြို့နယ်တို့ကို အာဏာသိမ်းစစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် အရပ်သားပြည်သူတချို့နဲ့ နွားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်