အရေးပေါ်
ပြည်တွင်းသတင်း

ပြည်မြို့မှာ စစ်မှုထမ်း အပါတ်စဥ် ၂၈ အတွက် လူလိုနေသေးတယ်လို့ဆိုကာ ကုန်လမ်းရော ရေလမ်းကပါ ပေါ်တာဆွဲ ဖမ်းဆီးနေ

၂၀၂၆ သြဂုတ် ၂၄ Myo Taw
ပြည်မြို့မှာ စစ်မှုထမ်း အပါတ်စဥ် ၂၈ အတွက် လူလိုနေသေးတယ်လို့ဆိုကာ ကုန်လမ်းရော ရေလမ်းကပါ ပေါ်တာဆွဲ ဖမ်းဆီးနေ

ပဲခူးတိုင်း၊ ပြည်မြို့မှာ စစ်မှုထမ်း အပါတ်စဥ် ၂၈ အတွက် ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ကုန်းလမ်းရော ရေလမ်းပါ တင်းတင်ကျပ်ကျပ် လုပ်ဆောင်နေပြီး ပန်းတောင်း-ဥသျှစ်ပင်-ပြည် ကားလမ်းမကြီးလည်း အရင်လို ဖြတ်သန်းသွားလာသူ မရှိတော့ဘဲ ခြောက်ကပ်နေပြီလို့ သိရပါတယ်။

သြဂုတ်လ ၁၆ ရက်နေ့က စတင်ကာ ပဲခူးတိုင်း၊ ပြည်-ကံမ လမ်းခွဲမှာ မနက်အစောပိုင်း ၆ နာရီ ကနေ ၈ နာရီခွဲထိ ပေါ်တာဆွဲ ဖမ်းဆီးနေပြီး မနက် ၉ နာရီနောက်ပိုင်း ကားကြီးကွင်းတဝိုက်နဲ့ နေ့လယ်ပိုင်း ၁၁ နာရီနောက်ပိုင်းကို ရေကြောင်းကသွားတဲ့ သင်္ဘောတွေ၊ စက်လှေတွေကို လိုက်လံကာ စစ်ဆေးပြီး ပေါ်တာဆွဲ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

"ပြည်မှာက ရေလမ်း၊ ကုန်းလမ်း အကုန်ဆွဲတယ်။ ရက်ရက် စက်စက်ကို ဆွဲနေတာ။ အရင်က ဥသျှစ်ပင်နဲ့ ပြည်လမ်းမကြီးပေါ်မှာ ကားတွေ မပြတ်ဘူး စည်တယ်။ အခုဆို ကားတွေ ဆိုင်ကယ်တွေ သွားလာတာ မရှိတော့သလောက် လုံးဝ တိတ်ဆိတ်သွားပြီ။ အရင်က ကားတစီးနဲ့ တစီး မပြတ်ဘူး။ လူမရရင် ကားသမားကအစ ဆွဲနေတော့ မသွားရဲကြတော့တာကနေ လမ်းမှာ လူမရှိတော့တာ" လို့ ဒေသခံတဦးက ပြောပါတယ်။

ပြည်မြို့မှာ အာဏာသိမ်းစစ်တပ်က အဖွဲ့စုံနဲ့ ပေါ်တာဆွဲ ဖမ်းဆီးနေတာဖြစ်ပြီး စစ်မှုထမ်းအတွက် သြဂုတ် ၂၅ ရက်နေ့နောက်ဆုံး လူပေးရမှာကြောင့် ရေကြောင်းနဲ့ ခရီးသွားတဲ့သူတွေကိုပါ စက်လှေနဲ့ လိုက်ဖမ်းတယ်နေလို့ သိရကာ အခုထိ လူ ၂၀ ကျော်သာ ရထားသေးတယ်လို့ ဆိုပါတယ်။

"အခုလ လူ ၂၀ ကျော်ပဲ ရသေးတယ်တဲ့။ ပြည်-ကံမ ကထွက်တဲ့ မော်တော်ဆိပ်မှာ သူတို့လူတွေ သတင်းပေးတွေကို လွှတ်ထားတယ်။ မော်တော်ပေါ်မှာ လူငယ်ပါလာရင် သူတို့က လာဖမ်းတယ်။ သူတို့ မမှီလိုက်ဘူးဆို နောက်ကနေ စက်လှေနဲ့ လိုက်ဖမ်းတယ်။ ကျော်စွာနားမှာလည်း သူတို့ရဲ့ ရေလမ်းစစ်ဆေးတဲ့ ဂိတ်ရှိတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

လတ်တလောမှာတော့ ပြည်မြို့မှာ လူငယ်တွေ အိမ်ထဲက အိမ်ပြင် မထွက်ရဲကြသလို အာဏာသိမ်းအစိုးရလက်အောက်ခံ အဖွဲ့တွေကလည်း ပေါ်တာဆွဲ ဖမ်းဆီးရာမှာ အမျိုးသားဖြစ်ပြီးရော ဆွဲနေလို့ ခရီးသည်တင်ကားတွေမှာပါ အမျိုးသား စပယ်ယာတွေအစား အမျိုးသမီးတွေကို ခန့်ထားနေရတယ်လို့ သိရပါတယ်။

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိ ရုပ်သံ ပြည်တွင်းသတင်း

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိ

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့သတင်းများ…

ကြည့်ရန်
အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ သံသယတရားခံကို ဖမ်းဆီးရမိ ပြည်တွင်းသတင်း

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ သံသယတရားခံကို ဖမ်းဆီးရမိ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ပန်းတောကျေးရွာမှာ ကျူရှင်ကနေ အိမ်ပြန်လာတဲ့ အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူ မဆောင်းနှင်းဖြူကို နားကပ်လုယက်ပြီး လူသတ်မှုကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့…

ဖတ်ရန်