အရေးပေါ်
ပြည်တွင်းသတင်း

အင်းငါးခွ သကြားစက်ရုံမှာ ကြံဝယ်ယူမှုဈေးနှုန်း လျော့ဝယ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေ

၂၀၂၆ အောက်တိုဘာ ၈ Myo Taw
အင်းငါးခွ သကြားစက်ရုံမှာ ကြံဝယ်ယူမှုဈေးနှုန်း လျော့ဝယ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေ

အင်းငါးခွ သကြားစက်ရုံမှာ ကြံဝယ်ယူမှုဈေးနှုန်း လျော့ဝယ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေ

အောက်တိုဘာ ၈

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်က အင်းငါးခွ သကြားစက်ရုံမှာ ကြံ ၁ တန်ကို အရင်နှစ်ကထက် ဈေးလျော့ပြီး ဝယ်မယ်လို့ သတင်းထွက်ပေါ်နေပြီး ကြံစိုက်တောင်သူတွေအဖို့ အခက်တွေ့နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က ကြံ ၁ တန်ကို ၁၇၀၀၀၀ ကျပ်နဲ့ စက်ရုံအရောက် ဝယ်ယူခဲ့ရာက ယခုနှစ် သကြားထုတ်လုပ်မှု ပြည်ပပို့ကုန် မရှိတော့တာကြောင့်နဲ့ ပြည်တွင်းသကြားဈေး ကျဆင်းလာတာတွေကြောင့် အခုလို ဈေးလျော့ပြီး ဝယ်တာလို့ သိရပါတယ်။

အင်းငါးခွ သကြားစက်ရုံက ကြံ ၁ တန်ကို စက်ရုံအရောက် ၁၃၉၀၀၀ ကျပ်သာ ပေးမယ်လို့ သိရပြီး ယခင်နှစ်ထက် ၃ သောင်းကျော် ဈေးလျော့ဝယ်ယူဖို့ ပြင်နေတာကြောင့် ကြံစိုက်ပျိုးရိတ်သိမ်းတဲ့ ကုန်ကျစရိတ်တွေနဲ့ စက်ရုံအရောက် ကားခတွေ မြင့်တက်မှုကြောင့် တောင်သူတွေ အခက်ကြုံနေရတယ်လို့ သိရပါတယ်။

“အရင်နှစ်လို ၁၇၀၀၀၀ လောက်ပေးရင်တောင် ခုသာခံသာ ရှိသေးတယ်။ ခုဈေးနဲ့ဆို ကားခက ၃ သောင်းနဲ့ တွက်ရင် ၁ သိန်းပဲ လက်ထဲကျန်မယ်။ စိုက်ပျိုးရိတ်သိမ်းခတွေနဲ့ အထွေထွေစရိတ်နဲ့ဆိုရင် တောင်သူတွေ လုပ်အားရှုံးပြီး ဘာမှမကျန်တော့ဘူး” လို့ ကြံစိုက်တောင်သူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က စစ်ကိုင်းတိုင်းထဲမှာ ကြံစိုက်တောင်သူတွေရဲ့ ကြံတွေကို သကြားစက်ရုံတွေက တခြားစက်ရုံတွေထက် ဈေးနှိမ်ဝယ်ယူခဲ့တာကြောင့် ကြံစိုက်တောင်သူတွေ အရှုံးပေါ်ခဲ့ပါသေးတယ်။

ကြံစိုက်တောင်သူတွေ အရှုံးပေါ်ခဲ့တာကြောင့် ၂၀၂၆ ခုနှစ်မှာ စစ်ကိုင်းတိုင်းအထက်ပိုင်းက ကြံစိုက်ပျိုးမှု သိသိသာသာ လျော့ကျလာခဲ့ပြီး လာမယ့်နှစ်တွေမှာ သကြားထုတ်လုပ်မှုလည်း လျော့ကျလာနိုင်တယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ဧရာဝတီမှာ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ခွဲတစ်ခွဲကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ စုန်းမအဖွဲ့ ထုတ်ပြန် ပြည်တွင်းသတင်း

ဧရာဝတီမှာ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ခွဲတစ်ခွဲကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ စုန်းမအဖွဲ့ ထုတ်ပြန်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြီးခဲ့တဲ့ ဩဂုတ်လက ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေမှာ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင် ၅၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး သေဆုံးသူတွေလည်း ရှိခဲ့သလို တပ်ခွဲတခွဲလုံးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ AIF…

ဖတ်ရန်
မင်းအောင်လှိုင်ကို ကောဇောနီခင်း ကြိုဆိုမှု ဝေဖန်ခံနေရချိန် မြန်မာကို အာဆီယံအသိုက်အဝန်းထဲ အပြည့်အဝ ပြန်လည်ပါဝင်လာနိုင်ရေး အစွမ်းကုန်ကြိုးပမ်းမယ်လို့ မလေးရှားဝန်ကြီးချုပ်ပြော ပြည်တွင်းသတင်း

မင်းအောင်လှိုင်ကို ကောဇောနီခင်း ကြိုဆိုမှု ဝေဖန်ခံနေရချိန် မြန်မာကို အာဆီယံအသိုက်အဝန်းထဲ အပြည့်အဝ ပြန်လည်ပါဝင်လာနိုင်ရေး အစွမ်းကုန်ကြိုးပမ်းမယ်လို့ မလေးရှားဝန်ကြီးချုပ်ပြော

မလေးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အာဆီယံအသိုက်အဝန်းထဲ အပြည့်အဝ ပြန်လည်ပါဝင်လာနိုင်ရေး “တတ်နိုင်သမျှ အစွမ်းကုန်” ဆက်လက်ကြိုးပမ်းသွားမယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဒီကနေ့ အောက်တိုဘာ ၈…

ဖတ်ရန်
မင်းအောင်လှိုင်ကို ကော်ဇောနီနဲ့ ကြိုတာကြောင့် “အာဆီယံ သေဆုံးသွားပြီ” လို့ မလေးရှားအမတ်ဟောင်း ပြောဆို ရုပ်သံ ပြည်တွင်းသတင်း

မင်းအောင်လှိုင်ကို ကော်ဇောနီနဲ့ ကြိုတာကြောင့် “အာဆီယံ သေဆုံးသွားပြီ” လို့ မလေးရှားအမတ်ဟောင်း ပြောဆို

မင်းအောင်လှိုင်ကို မလေးရှား ဝန်ကြီးချုပ်က ကော်ဇောနီခင်း ကြိုဆိုလိုက်တာကြောင့် “အာဆီယံ သေဆုံးသွားပြီ” လို့ မလေးရှားလွှတ်တော်အမတ်ဟောင်း ပြောဆို အောက်တိုဘာ ၈ အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်…

ကြည့်ရန်