အရေးပေါ်
ပြည်တွင်းသတင်း

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေး

၂၀၂၆ ဇူလိုင် ၂၆ Myo Taw
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့  အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေး

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေး

ဇူလိုင် ၂၆

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)မှ တာဝန်ရှိသူတွေဟာ ဇူလိုင်လ ၂၃ ရက်နေ့က အွန်လိုင်းမှတစ်ဆင့် တစ်နာရီကျော်ကြာ တွေ့ဆုံခဲ့ကြတယ်လို့ SCEF က ဇူလိုင်လ ၂၆ ရက် ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ အွန်လိုင်းတွေ့ဆုံပွဲမှာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ အလှည့်ကျ သဘာပတိ ခူဦးရယ်လ်နှင့် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့က အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်မှ တက်ရောက်လာကြတဲ့ ခေါင်းဆောင်တွေက အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့် ပြည်သူတွေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး ကိစ္စရပ်တွေ၊ လက်ရှိနိုင်ငံရေး အခင်းအကျင်းနှင့် ရှေ့နိုင်ငံရေး လုပ်ငန်းစဉ် လိုအပ်ချက်တွေနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ရဲ့ ခေါင်းဆောင်တွေက SCEF ရဲ့ ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်၊ မူဝါဒ၊ လက်ရှိပြုလုပ်နေတဲ့ အကြောင်းအရာတွေနှင့် ရှေ့ဆက်လုပ်ငန်းစဉ်အကြောင်းအရာတို့ကို အသိပေးခဲ့ကာ SCEF ရဲ့ မဟာဗျူဟာနှင့် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နိဂုံးချုပ် စကားပြောကြားခဲ့တယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ပုလောမြို့နယ်မှာ ပလုံကောက်တဲ့ အမျိုးသမီး ၁ ဦး မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံး ပြည်တွင်းသတင်း

ပုလောမြို့နယ်မှာ ပလုံကောက်တဲ့ အမျိုးသမီး ၁ ဦး မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ ပလုံကောက်တဲ့ အမျိုးသမီ ၁ ဦး မြေမြှုပ်မိုင်း နင်းမိရာက သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ဆွမ်းကပ်ပြီး မွေးနေ့ဆုတောင်းစာတင်ခဲ့တဲ့ NLD အမတ်ဟောင်း ဒေါက်တာစောနိုင် ထောင် ၃ နှစ် ချမှတ်ခံရ ပြည်တွင်းသတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ဆွမ်းကပ်ပြီး မွေးနေ့ဆုတောင်းစာတင်ခဲ့တဲ့ NLD အမတ်ဟောင်း ဒေါက်တာစောနိုင် ထောင် ၃ နှစ် ချမှတ်ခံရ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့အတွက် သံဃာတော်တွေကို ဆွမ်းနဲ့လှူဖွယ်ပစ္စည်းတွေ လှူဒါန်းပြီး မွေးနေ့ဆုတောင်းစာတင်ခဲ့တာကြောင့် အဖမ်းခံထားရတဲ့ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာစောနိုင်ကို အာဏာသိမ်းစစ်အစိုးရက ထောင်ဒဏ်…

ဖတ်ရန်
အာဏာသိမ်းစစ်တပ်က Grade 12 ကျောင်းသားကို အဆောင်ထဲအထိ ဝင်ရောက်ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်း ပြည်တွင်းသတင်း

အာဏာသိမ်းစစ်တပ်က Grade 12 ကျောင်းသားကို အဆောင်ထဲအထိ ဝင်ရောက်ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ အသက် ၁၇ နှစ်အရွယ် Grade 12 ကျောင်းသား ၁ ဦးကို အာဏာသိမ်းစစ်တပ်က ဇူလိုင် ၂၃ ရက် ညပိုင်းမှာ…

ဖတ်ရန်