ရုပ်သံ
Daily NEWS
စက်တင်ဘာ ၁၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
တအိမ်တည်းအတူနေတဲ့ သားမက်ဖြစ်သူက ယောက္ခမဖြစ်သူကို ချွန်ထက်တဲ့ လက်နက်နဲ့ ထိုးမှုဖြစ်ပွားခဲ့
စက်တင်ဘာ ၁၀
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ ယောက္ခမနှင့် သားမက်ဖြစ်သူတို့ စကားများကြရာက သားမက်ဖြစ်သူက ယောက္ခမဖြစ်သူကို သူကိုယ်တိုင်ပြုလုပ်ထားတဲ့ ချွန်ထက်တဲ့ လက်နက်နဲ့ မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၉ ရက်နေ့ ည ၉ နာရီအချိန်ခန့်က မအူပင်မြို့၊ အမှတ် (၈)ရပ်ကွက် မြနန္ဒာတိုးချဲ့ (၆)လမ်းမှာ နေထိုင်တဲ့ သားမက်ဖြစ်သူ အသက် ၃၂ နှစ်အရွယ်ရှိ ကိုနေလင်းအောင် ဆိုသူနှင့် တစ်အိမ်တည်းအတူနေ အသက် (၅၂)နှစ် အရွယ်ရှိ ယောက္ခမဖြစ်သူ ဒေါ်သန်းသန်းထွေး တို့ စကားများကြရာက ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
သားမက်ဖြစ်သူ ကိုနေလင်းအောင် က သူကိုယ်တိုင်ပြုလုပ်ထားတဲ့ ချွန်ထက်တဲ့ လက်နက်နဲ့ ယောက္ခမဖြစ်သူ ဒေါ်သန်းသန်းထွေးကို ထိုးလိုက်တာကြောင့် ဒေါ်သန်းသန်းထွေးမှာ နဖူးပေါက်ပြဲဒဏ်ရာ (၂) ချက်၊ ညာလည်ပင်းအောက် (၄) လက်မခန့် ပြတ်ရှဒဏ်ရာ (၁) ချက်၊ အောက်နှုတ်ခမ်း ပြတ်ရှဒဏ်ရာ (၁) ချက်၊ ရင်ညွှန့် (၂) လက်မခန့် ထိုးသွင်း ဒဏ်ရာ (၁) ချက်၊ မျက်လုံး ဖူးရောင်ညိုမဲ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ယောက္ခမဖြစ်သူ ဒေါ်သန်းသန်းထွေး ဟာ မအူပင်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပြီး ဒဏ်ရာပြင်းထန်တာကြောင့် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
သားမက်ဖြစ်သူ ကိုနေလင်းအောင် ကို မအူပင် မြို့မရဲစခန်းမှ အမှုဖွင့် ဖမ်းဆီးထိန်းသိမ်း အရေးယူထားတယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
Daily NEWS
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ရုပ်သံ
Afternoon NEWS
အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့သတင်းများ…
ပြည်တွင်းသတင်း
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ပန်းတောကျေးရွာမှာ ကျူရှင်ကနေ အိမ်ပြန်လာတဲ့ အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူ မဆောင်းနှင်းဖြူကို နားကပ်လုယက်ပြီး လူသတ်မှုကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့…
ရုပ်သံ
Daily NEWS
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ