ရုပ်သံ
ပြည်တွင်းသတင်း
တအိမ်တည်းအတူနေတဲ့ သားမက်ဖြစ်သူက ယောက္ခမဖြစ်သူကို ချွန်ထက်တဲ့ လက်နက်နဲ့ ထိုးမှုဖြစ်ပွားခဲ့
တအိမ်တည်းအတူနေတဲ့ သားမက်ဖြစ်သူက ယောက္ခမဖြစ်သူကို ချွန်ထက်တဲ့ လက်နက်နဲ့ ထိုးမှုဖြစ်ပွားခဲ့
စက်တင်ဘာ ၁၀
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ ယောက္ခမနှင့် သားမက်ဖြစ်သူတို့ စကားများကြရာက သားမက်ဖြစ်သူက ယောက္ခမဖြစ်သူကို သူကိုယ်တိုင်ပြုလုပ်ထားတဲ့ ချွန်ထက်တဲ့ လက်နက်နဲ့ မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၉ ရက်နေ့ ည ၉ နာရီအချိန်ခန့်က မအူပင်မြို့၊ အမှတ် (၈)ရပ်ကွက် မြနန္ဒာတိုးချဲ့ (၆)လမ်းမှာ နေထိုင်တဲ့ သားမက်ဖြစ်သူ အသက် ၃၂ နှစ်အရွယ်ရှိ ကိုနေလင်းအောင် ဆိုသူနှင့် တစ်အိမ်တည်းအတူနေ အသက် (၅၂)နှစ် အရွယ်ရှိ ယောက္ခမဖြစ်သူ ဒေါ်သန်းသန်းထွေး တို့ စကားများကြရာက ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
သားမက်ဖြစ်သူ ကိုနေလင်းအောင် က သူကိုယ်တိုင်ပြုလုပ်ထားတဲ့ ချွန်ထက်တဲ့ လက်နက်နဲ့ ယောက္ခမဖြစ်သူ ဒေါ်သန်းသန်းထွေးကို ထိုးလိုက်တာကြောင့် ဒေါ်သန်းသန်းထွေးမှာ နဖူးပေါက်ပြဲဒဏ်ရာ (၂) ချက်၊ ညာလည်ပင်းအောက် (၄) လက်မခန့် ပြတ်ရှဒဏ်ရာ (၁) ချက်၊ အောက်နှုတ်ခမ်း ပြတ်ရှဒဏ်ရာ (၁) ချက်၊ ရင်ညွှန့် (၂) လက်မခန့် ထိုးသွင်း ဒဏ်ရာ (၁) ချက်၊ မျက်လုံး ဖူးရောင်ညိုမဲ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ယောက္ခမဖြစ်သူ ဒေါ်သန်းသန်းထွေး ဟာ မအူပင်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပြီး ဒဏ်ရာပြင်းထန်တာကြောင့် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
သားမက်ဖြစ်သူ ကိုနေလင်းအောင် ကို မအူပင် မြို့မရဲစခန်းမှ အမှုဖွင့် ဖမ်းဆီးထိန်းသိမ်း အရေးယူထားတယ်လို့ သိရပါတယ်။
မြို့တော် News Channel
ဓာတ်ပုံများ (2)
ဆက်စပ် သတင်းများ
ရုပ်သံ
ပြည်တွင်းသတင်း
ရုပ်သံ
ပြည်တွင်းသတင်း
ကမ်းသာယာကမ်းခြေမှာ ရေဆင်းဆော့ရာက ဇနီးမောင်နှံ ၂ ဦးနဲ့ စစ်ရှောင် ၁ ဦး အပါအဝင် လူငယ် ၄ ဦး ရေနစ်သေဆုံး
ရုပ်သံ
ပြည်တွင်းသတင်း
အောက်တိုဘာ ၂၉ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
လာမယ့် ၂ ရက်အတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ပြီး ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ဆို
အိန္ဒိယမိုးလေဝသဌာန (IMD) ၊ ထိုင်းမိုးလေဝသဌာန နှင့် ICON Model ရဲ့ ထုတ်ပြန်ချက်တွေအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ၎င်းနှင့် ဆက်စပ်နေတဲ့ အန္ဒမန်ကျွန်းစုတွေပေါ်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု…