အရေးပေါ်
ပြည်တွင်းသတင်း

တာချီလိတ်မှာ အမျိုးသားတဦး သေနတ်နဲ့ ပစ်သတ်ခံရတဲ့ အနေအထားနဲ့ သေဆုံးနေ

၂၀၂၆ သြဂုတ် ၂၄ Myo Taw
တာချီလိတ်မှာ အမျိုးသားတဦး သေနတ်နဲ့ ပစ်သတ်ခံရတဲ့ အနေအထားနဲ့ သေဆုံးနေ

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှာ အမျိုးသားတဦး သေနတ်နဲ့ ပစ်သတ်ခံရတဲ့ အနေအထားနဲ့ သေဆုံးနေတာကို ဒေသခံတွေက တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။

သြဂုတ်လ ၂၃ ရက်နေ့ ည ၈ နာရီခန့်က တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့တွင်းရပ်၊ တော်ကော့တွင်း (၄)လမ်းက "လိုမာ" ဟိုတယ်အနီးမှာ အသက် ၃၇ နှစ်အရွယ် အမျိုးသားတဦး သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာလို့ သိရပါတယ်။

သေဆုံးသူဟာ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၃၇ နှစ်အရွယ် စိုင်းလှ ဆိုသူဖြစ်ပြီး ဝဲဘက်နားထင် ဖောက်ဝင်ဒဏ်ရာ ၁ ချက်နဲ့ သေဆုံးနေခဲ့တာလို့ သိရပါတယ်။

"တာချီလိတ်မှာက မူးယစ်ဆေးနဲ့ လုယက်မှုတွေ ခဏခဏ ဖြစ်တယ်။ အဓိကကတော့ ဆေးသုံးကြတာ။ ဒုစရိုက်ဂိုဏ်းတွေ များလာတော့ အခုလို အသတ်ခံရပြီဆိုရင်လည်း တရားခံမမိဘူး။ ရဲက ကြားကနေ ငွေယူပြီး ကျေအေးပေးလိုက်တာတွေလည်း ရှိတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းဘေးက 9mm Luger ကျည်ခွံ ၁ ခုနဲ့ နိုင်ငံသားစိစစ်ရေးကတ် မှတ်ပုံတင်ကို ရဲက သိမ်းဆည်းသွားပြီး ရုပ်အလောင်းကိုတော့ တာချီလိတ် ခရိုင်ဆေးရုံကြီး ရင်ခွဲရုံကို ပို့ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိ ရုပ်သံ ပြည်တွင်းသတင်း

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိ

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့သတင်းများ…

ကြည့်ရန်
အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ သံသယတရားခံကို ဖမ်းဆီးရမိ ပြည်တွင်းသတင်း

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ သံသယတရားခံကို ဖမ်းဆီးရမိ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ပန်းတောကျေးရွာမှာ ကျူရှင်ကနေ အိမ်ပြန်လာတဲ့ အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူ မဆောင်းနှင်းဖြူကို နားကပ်လုယက်ပြီး လူသတ်မှုကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့…

ဖတ်ရန်