အရေးပေါ်
ပြည်တွင်းသတင်း

တောင်တွင်းကြီးမြို့နယ်မှာ စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများ

၂၀၂၆ သြဂုတ် ၂၂ Myo Taw
တောင်တွင်းကြီးမြို့နယ်မှာ စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် ရန်ကုန်-မန္တလေး အမှတ်(၂) ပြည်ထောင်စုလမ်းမကြီးပေါ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီက သတင်းထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ ၂၀ ရက်နေ့ မနက် ၁၁ နာရီခွဲခန့်မှာ အောင်လံမြို့နယ်ဘက်မှ တောင်တွင်းကြီးမြို့နယ်ဘက်ကို မောင်းနှင်လာတဲ့ စစ်ကား ၂ စီးကို တောင်တွင်းကြီးမြို့နယ် ပရပ်ကြယ်ကျေးရွာနဲ့ ဆက်သွားကျေးရွာကြား လမ်းပိုင်းတနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေ အများအပြား သေဆုံးပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိခဲ့သူတွေလည်း များပြားခဲ့တယ်လို့ ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုအပြီး ကျန်တဲ့အခြား စစ်ကားပေါ်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(ပုဏ္ဏဝတီ)၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-မကွေး(ပကဖ)၊ မကွေး-တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့နဲ့ တောင်တွင်းကြီး Rocket Fighter အဖွဲ့တို့က အတူတကွ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ သံသယတရားခံကို ဖမ်းဆီးရမိ ပြည်တွင်းသတင်း

အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ သံသယတရားခံကို ဖမ်းဆီးရမိ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ပန်းတောကျေးရွာမှာ ကျူရှင်ကနေ အိမ်ပြန်လာတဲ့ အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူ မဆောင်းနှင်းဖြူကို နားကပ်လုယက်ပြီး လူသတ်မှုကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့…

ဖတ်ရန်