အရေးပေါ်
ပြည်တွင်းသတင်း

ကျားဖြန့်နှိမ်နင်းရေးအရှိန်မြှင့်နေတဲ့ မဲဆောက်မှာ မြန်မာဘက်ခြမ်းက တံတားဈေးဆိုင်တန်းတွေဆီကို သွားလာခွင့် ထိုင်းဘက်က ကန့်သတ်ပိတ်ပင်

၂၀၂၆ နိုဝင်ဘာ ၁၉ Myo Taw
ကျားဖြန့်နှိမ်နင်းရေးအရှိန်မြှင့်နေတဲ့ မဲဆောက်မှာ မြန်မာဘက်ခြမ်းက တံတားဈေးဆိုင်တန်းတွေဆီကို သွားလာခွင့် ထိုင်းဘက်က ကန့်သတ်ပိတ်ပင်

ကျားဖြန့်နှိမ်နင်းရေးအရှိန်မြှင့်နေတဲ့ မဲဆောက်မှာ မြန်မာဘက်ခြမ်းက တံတားဈေးဆိုင်တန်းတွေဆီကို သွားလာခွင့် ထိုင်းဘက်က ကန့်သတ်ပိတ်ပင်

နိုဝင်ဘာ ၁၉

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၁) အနီး မြန်မာဘက်ခြမ်း ကမ်းနဖူးရှိ ဈေးဆိုင်တန်းတွေဆီ သွားလာခွင့်ကို ဒီကနေ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ထိုင်းဘက်က ကန့်သတ်ပိတ်ပင်လိုက်တယ်လို့ နယ်စပ်နေထိုင်သူတွေထံက သိရပါတယ်။

ဈေးဆိုင်တန်းတွေဆီ သွားလာနိုင်တဲ့ တံတားထိပ်နေရာမှာ စည်းတားကာ ဝင်ထွက်သွားလာခွင့် ပိတ်ပင်ထားတာဖြစ်ပြီး ဒီကန့်သတ်ချက်ကြောင့် ဈေးရောင်းချသူတွေသာမက ပုံမှန်ဈေးဝယ်သွားလာသူတွေပါ ထိခိုက်နစ်နာနိုင်တယ်လို့ ဆိုပါတယ်။

“တကယ်နှိမ်နင်းချင်တယ်ဆိုရင် ကျားဖြန့်လုပ်ငန်းတွေကို ဦးတည်ပြီး ထိထိရောက်ရောက် အရေးယူသင့်တာ။ အဲဒီလုပ်ငန်းတွေနဲ့ ဘာမှမပတ်သက်တဲ့ ဈေးသည်တွေ၊ အလုပ်သမားတွေ၊ နေ့စဉ်သွားလာ စားသောက်လုပ်ကိုင်နေရတဲ့သူတွေကို ပိတ်ပင်တာမျိုးကတော့ ပြည်သူတွေရဲ့ စားဝတ်နေရေးကို ပိုပြီးထိခိုက်စေတယ်” လို့ နယ်စပ်နေထိုင်သူ အမျိုးသားတဦးက ပြောပါတယ်။

ကျားဖြန့်လုပ်ငန်းတွေနဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို နှိမ်နင်းရေးလို့ဆိုကာ နယ်စပ်ဖြတ်သန်းသွားလာမှုတွေကို တင်းကျပ်ကန့်သတ်လာပေမယ့် ဒီလုပ်ငန်းတွေနဲ့ မသက်ဆိုင်တဲ့ ရိုးရိုးသားသား အသက်မွေးဝမ်း ကျောင်းပြုနေကြသူတွေသာ အကျိုးဆက်ကို အဓိကခံစားနေရတယ်လို့ သူက ဆိုပါတယ်။

ထိုင်းနိုင်ငံ အမျိုးသားရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ရဲဗိုလ်ချုပ်ကြီး ထရိုင်ရောင် ပီဝန် ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၁၈ ရက်နေ့က တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း နယ်စပ်ဖြတ်ကျော် အွန်လိုင်းလောင်းကစားနဲ့ ငွေလိမ်လည်မှုကွန်ရက်တွေ၊ တရားမဝင်နယ်စပ်ကမ်းကူးဂိတ်‌တွေကို လိုက်လံစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

“နှိမ်နင်းတာက ကျားဖြန့်လို့ ပြောပေမဲ့ ပိတ်ပင်တာက ရိုးရိုးဈေးရောင်းဈေးဝယ် လုပ်စားနေတဲ့သူတွေပါ ထိခိုက်နေတယ်။ တကယ်တမ်း ကျားဖြန့်လုပ်တဲ့သူတွေက အဖမ်းမခံရဘဲ ရှိနေကြတာ” လို့ မဲဆောက်နေပြည်သူတဦးက ပြောပါတယ်။

အဆိုပါဈေးဆိုင်တန်းတွေကို မှီခိုပြီး အသက်မွေးဝမ်းကျောင်းပြုနေသူတွေအနေနဲ့ သွားလာခွင့်ပိတ်ပင်မှု ဘယ်လောက်ကြာနိုင်သလဲဆိုတာနဲ့ ပြန်လည်ဖွင့်လှစ်မယ့်အချိန်ကို သေချာမသိရသေးဘူးလို့လည်း သိရပါတယ်။

မဲဆောက်-မြဝတီ နယ်စပ်မှာ နေ့စဉ်အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ် သမားတွေ၊ ဈေးသည်တွေနဲ့ အသေးစားကုန်သွယ်ရေးလုပ်ကိုင်သူတွေအတွက် နယ်စပ်ဖြတ်သန်းသွားလာခွင့်က အရေးပါတဲ့ ဝင်ငွေလမ်းကြောင်းတခုလည်း ဖြစ်ပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (5)

ဆက်စပ် သတင်းများ

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွား ရုပ်သံ Daily NEWS

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွား

ရွှေဆိုင်ဓားပြတိုက်မှု ရက် ၄၀ အတွင်း ၃ ကြိမ်ဖြစ်ခဲ့ပြီး ခုကြိမ်မှာ သိန်း ၁၂၀၀ ခန့်ပါသွားတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ ညစဉ်သတင်း တင်ဆက်မှု…

ကြည့်ရန်
ဘီးလင်းမြို့နယ်မှာ ကားနဲ့ ခရီးသွားနေစဉ် အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရ ပြည်တွင်းသတင်း

ဘီးလင်းမြို့နယ်မှာ ကားနဲ့ ခရီးသွားနေစဉ် အမျိုးသားတဦး သေနတ်နဲ့ ပစ်ခတ်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်ကြီးကျေးရွာမှာ ကားနဲ့ ခရီးသွားခဲ့တဲ့ အမျိုးသားတဦး အမည်မသိ လူ ၂ ဦးရဲ့ သေနတ်နဲ့ စောင့်ကြိုပစ်ခတ်ခြင်းခံရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ပြည်ပလုပ်သားတွေရဲ့ ဘဏ်ငွေလွှဲနှုန်း တိုးမြှင့်လာပေမယ့် ပြင်ပပေါက်ဈေးထက် နည်းနေလို့ နစ်နာမှုတွေ ရှိနေဆဲ အလုပ်သမားရေးရာ

ပြည်ပလုပ်သားတွေရဲ့ ဘဏ်ငွေလွှဲနှုန်း တိုးမြှင့်လာပေမယ့် ပြင်ပပေါက်ဈေးထက် နည်းနေလို့ နစ်နာမှုတွေ ရှိနေဆဲ

ပြည်ပရောက် အလုပ်သားတွေရဲ့ လုပ်ခလစာ ငွေလွှဲနှုန်းကို အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၄,၆၀၀ အထိ တိုးမြှင့်ပေးမယ်လို့ ပြည်တွင်းပုဂ္ဂလိကဘဏ်အချို့က နိုဝင်ဘာ ၁၉…

ဖတ်ရန်
ကျောက်မဲမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှု သုံးကြိမ်မြောက် ဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် ပါသွား ပြည်တွင်းသတင်း

ကျောက်မဲမြို့မှာ ရွှေဆိုင်ဓားပြတိုက်မှု သုံးကြိမ်မြောက် ဖြစ်ပွားပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် ပါသွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ ဗဟိုဈေးအနီး ဈေးတောင်ဘက်တိုက်တန်းက 'ရွှေတောင်တန်း' ရွှေဆိုင် ဓားပြတိုက်လုယက်ခံရပြီး ငွေကျပ်သိန်း ၁၂၀၀ ခန့် တန်ဖိုးရှိ ရွှေဆွဲကြိုးတွေ ပါသွားခဲ့တယ်လို့ ဒေသတွင်း…

ဖတ်ရန်