အရေးပေါ်
ပြည်တွင်းသတင်း

မိသားစု ၃ ဦး စီးနင်းလာတဲ့ဆိုင်ကယ်ကို Express ယာဉ်က အနောက်ကနေဝင်တိုက်လို့ အမျိုးသမီးဖြစ်သူ သေဆုံး

၂၀၂၆ အောက်တိုဘာ ၂၉ Myo Taw
မိသားစု ၃ ဦး စီးနင်းလာတဲ့ဆိုင်ကယ်ကို Express ယာဉ်က အနောက်ကနေဝင်တိုက်လို့ အမျိုးသမီးဖြစ်သူ သေဆုံး

မိသားစု ၃ ဦး စီးနင်းလာတဲ့ဆိုင်ကယ်ကို Express ယာဉ်က အနောက်ကနေဝင်တိုက်လို့ အမျိုးသမီးဖြစ်သူ သေဆုံး

အောက်တိုဘာ ၂၉

မွန်ပြည်နယ်၊ သထုံမြို့၊ မိုးကောင်းကျေးရွာ၊ ဖရဲသီးဆိုင်တန်းရှေ့က ရန်ကုန်-မော်လမြိုင်သွား ကားလမ်းမပေါ်မှာ ခရီးသည်တင် Express နဲ့ ဆိုင်ကယ်တို့တိုက်မိပြီး အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၈ ရက်နေ့ နေ့လယ် ၁ နာရီခန့်က ရန်ကုန်-မော်လမြိုင်သွား ကားလမ်းမပေါ် မိုးကောင်းကျေးရွာအနီးမှာ မိသားစု ၃ ဦး စီးနင်းလာတဲ့ဆိုင်ကယ်ကို ခရီးသည်တင် Express ယာဉ်က ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။

"ဒီနားဖြစ်တာ ၂ ရက်ဆက်တိုက်ရှိပြီ၊ အရင်ရက်ကလည်း ကားနဲ့ဆိုင်ကယ်တိုက်တာ တစ်ယောက်သေတယ်၊ ခုလည်း အမျိုးသမီးသေတယ်၊ ကားကအရှိန်များပြီး အနောက်ကနေဝင်တိုက်တာ၊ ဒီနားကလမ်းကျဉ်းတယ်၊ ကားတွေက အရှိန်အတော်ပြင်းပြင်းနဲ့မောင်းတာ၊ ဖြစ်တော့မထိန်းနိုင်ကြဘူး" လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် တံတားဦးကျေးရွာမြောက်ပိုင်းမှာနေတဲ့ အသက် ၄၄ နှစ်အရွယ် ကိုစိုးမိုးသူ လက်မောင်း၊ ဒူးဆစ်နဲ့မျက်နှာတွေ ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့ပြီး၊ ဆိုင်ကယ်အလယ်ကစီးနင်းတဲ့ သမီးဖြစ်သူ အသက် ၅ နှစ် အရွယ် မနန်းအိမ်သူချစ်စံ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကာ မိခင်ဖြစ်သူ ဒေါ်မေယုစံ မှာ နဖူးပွင့် ဦးခေါင်းပြားချပ်ကာ နေရာမှာပဲသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရသူတွေနဲ့ သေဆုံးသူကို အရေးပေါ်လူနာတင်ယာဉ်နဲ့ သိမ်ဆိပ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး အဲဒီ ဆေးရုံကတစ်ဆင့် ဖခင်ဖြစ်သူကို သထုံပြည်သူ့ဆေးရုံကြီးကို ထပ်မံလွှဲပြောင်းခဲ့ရတယ်လို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (5)

ဆက်စပ် သတင်းများ

လာမယ့် ၂ ရက်အတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ပြီး ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ဆို ပြည်တွင်းသတင်း

လာမယ့် ၂ ရက်အတွင်း မုန်တိုင်းငယ်ဖြစ်ပေါ်လာနိုင်ပြီး ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ဆို

အိန္ဒိယမိုးလေဝသဌာန (IMD) ၊ ထိုင်းမိုးလေဝသဌာန နှင့် ICON Model ရဲ့ ထုတ်ပြန်ချက်တွေအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ၎င်းနှင့် ဆက်စပ်နေတဲ့ အန္ဒမန်ကျွန်းစုတွေပေါ်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု…

ဖတ်ရန်
လူ ၈ ဦး သေဆုံးခဲ့တဲ့ 'နယူးမန္တလာထွန်း'ယာဥ်လိုင်း ရန်ကုန်-ပြင်ဦးလွင် ခရီးစဉ်ပြေးဆွဲခွင့် ပိတ်သိမ်းခံရ ပြည်တွင်းသတင်း

လူ ၈ ဦး သေဆုံးခဲ့တဲ့ 'နယူးမန္တလာထွန်း'ယာဥ်လိုင်း ရန်ကုန်-ပြင်ဦးလွင် ခရီးစဉ်ပြေးဆွဲခွင့် ပိတ်သိမ်းခံရ

အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က ပြင်ဦးလွင်ကနေ ရန်ကုန်ကိုမောင်းနှင်လာတဲ့ 'နယူးမန္တလာထွန်း' ခရီးသည်တင်ယာဉ်ဟာ ၁၉ မိုင်အရောက် မီးသတ်ကွေ့အနီးမှာ ဘရိတ်ပေါက်ပြီးနောက်…

ဖတ်ရန်
ရန်ကုန်နဲ့ မန္တလေးမှာ ညဘက် လမ်းသွားလမ်းလာတွေကို ပေါ်တာဆွဲဖမ်းဆီးမှု ဆက်တိုက်ဖြစ်နေ ပြည်တွင်းသတင်း

ရန်ကုန်နဲ့ မန္တလေးမှာ ညဘက် လမ်းသွားလမ်းလာတွေကို ပေါ်တာဆွဲဖမ်းဆီးမှု ဆက်တိုက်ဖြစ်နေ

ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ လမ်းသွားလမ်းလာ အရပ်သားတွေနဲ့ လူငယ်တွေကို အာဏာသိမ်းစစ်တပ်နဲ့ ရဲက မတရားပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ မြေပြင်ကင်းထောက်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

ဖတ်ရန်