ရုပ်သံ
ပြည်တွင်းသတင်း
နိုဝင်ဘာ ၆ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ဝမ်ပေါင်ကြေးနီစီမံကိန်းမှာ Non-CDM ဝန်ထမ်း ၂ ဦး နေရာလုရင်း စကားများရာက ဓားထိုးမှုဖြစ်ပြီး ၁ ဦး သေဆုံး
နိုဝင်ဘာ ၆
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကြေးနီစီမံကိန်းမှာ Non-CDM ဝန်ထမ်း အချင်းချင်း လုပ်ပိုင်ခွင့်အာဏာ နေရာလုကြရာကနေ လူသတ်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၅ ရက်၊ မနေ့က မနက်ပိုင်းမှာ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကြေးနီစီမံကိန်းက စီမံကိန်းရဲ့ အရည်အသွေးစစ်ဆေးရေး (Quality Inspection) ဌာနက ကိုဖိုးချစ် (ခ) ကိုထွန်းဝင်းမြတ်နဲ့ ကိုသိန်းဇော်ထွေး ဆိုသူတို့ လုပ်ပိုင်ခွင့်အာဏာကိစ္စနဲ့ နေရာလု စကားများကြရာက ဓားနဲ့ထိုးပြီး လူသတ်မှု ဖြစ်ခဲ့တာလို့ သိရပါတယ်။
“QI ဌာနကပါ၊ တယောက်တခွန်း စကားများကြရာကနေ မင်းဘာလဲ ငါဘာလဲနဲ့ ထထိုးကြရင်း ကိုသိန်းဇော်ထွေး ဓားနဲ့ အထိုးခံလိုက်ရတာ။ နေရာမှာတင်သေသွားတယ်" လို့ စက်ရုံဝင်းနဲ့နီးစပ်တဲ့ ဒေသခံတဦးက ပြောပါတယ်။
ဝမ်ပေါင်ကြေးနီစီမံကိန်းဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်က ကုမ္ပဏီဝန်ထမ်း ၉၅ ရာခိုင်နှုန်း CDM လုပ်ခဲ့ကြလို့ စက်ရုံရပ်နားတဲ့အထိ ဖြစ်ခဲ့ရပြီး ၂၀၂၄ ခုနှစ်မှာ အာဏာသိမ်းစစ်တပ်က ဝန်ထမ်းအသစ်တွေ ခေါ်ယူကာ လုပ်ငန်းပြန်လည်ပတ်ခဲ့ရာက ၂၀၂၆ ခုနှစ် နှစ်စပိုင်းမှာ အာဏာသိမ်းစစ်တပ်ကို လစဉ် ဒေါ်လာသန်းနဲ့ချီ ရှာပေးနိုင်တဲ့ စီမံကိန်းအဖြစ် ပြန်ပြီးလည်ပတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ကားကြီးကွင်းအတွင်း ပြေးဆွဲနေတဲ့ 'ဘုရင်' အဝေးပြေးမော်တော်ယာဉ်လိုင်းက ဂိတ်မှူးနဲ့ စာရေးဝန်ထမ်း ၂ ဦးကို PDF သတင်းပေးလုပ်တယ်လို့ဆိုကာ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးပြီး…
ပြည်တွင်းသတင်း
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်အနီး၊ ရွှေဘို-မြစ်ကြီးနား လမ်းပေါ်က မော်လူးမြို့မှာ ပိတ်မိနေတဲ့ ကားတန်း Drop ဗုံးနဲ့ ကြဲချခံရလို့ ဈေးသည် ၁ ဦး ထိခိုက်ကာ…
ပြည်တွင်းသတင်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်နဲ့ ဟဲဟိုးမြို့တို့မှာ တနေ့တည်း မိုးကြိုးထိမှန်လို့ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။