ရုပ်သံ
ပြည်တွင်းသတင်း
နိုဝင်ဘာ ၆ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
မူးယစ်မှုနဲ့ အဖမ်းခံထားရသူ ဆေးရုံမှာ ပြသနေစဉ် ထွက်ပြေးခဲ့ပေမယ့် ပြန်လည်အဖမ်းခံရ
နိုဝင်ဘာလ ၆
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံမှာ ဆေးကုသနေစဉ် ထွက်ပြေးခဲ့တဲ့ အချုပ်သား ပြန်လည်အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်းက ဟိုပုံးမြို့ အနောက်ရပ်ကွက်၊ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးအတွင်းရှိ အရန်စေတီတွေကြားမှာ ပြန်လည်ဖမ်းဆီးရမိခဲ့တာလို့ သိရပြီး မူးယစ်မှုနဲ့ ဖမ်းဆီးခံထားရသူ ဖြစ်တယ်လို့ သိရပါတယ်။
“တောင်ကြီး စဝ်စံထွန်းဆေးရုံမှာ ဓာတ်မှန်ခန်းထဲကနေ ထွက်ပြေးတာ။ သူက အေးသာယာရဲစခန်းမှာ မူးယစ်မှုနဲ့ အဆွဲခံထားရတာကနေ နေမကောင်းလို့ ရဲ ၃ ယောက်စောင့်ကြပ်ပြီး ဆေးရုံလာတက်တာ။ ထွက်ပြေးပြီးတော့ ဟိုပုံးမြို့ကနေ ပြန်ဖမ်းမိတယ်။ ထုရိုက်တာတော့ မရှိဘူး၊ ရောဂါသည်ဖြစ်နေတော့ သူတို့လက်ထဲ သေသွားမှာကြောက်လို့ ကြားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
နိုဝင်ဘာလ ၄ ရက်နေ့၊ နေ့လယ် ၁၂ နာရီခန့်က ကိုယ်ပူပြီး ချောင်းဆိုးနေလို့ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှာ ဓာတ်မှန်ရိုက်ဖို့ ပြသနေချိန် ခေတ္တလက်ထိပ်ဖြုတ်ပေးပြီးနောက် ဆေးရုံဓာတ်မှန်ခန်းထဲကနေ ထွက်ပြေးသွားခဲ့တာလို့ သိရပါတယ်။
လတ်တလောမှာ ထွက်းပြေးခဲ့တဲ့ မူးယစ်မှုနဲ့ ဖမ်းဆီးခံရသူ ကိုဝဏ္ဏအောင် ဆိုသူကို ဟိုပုံးရဲစခန်းကနေ တောင်ကြီး နယ်မြေရဲစခန်းကို ပြန်လွှဲပြောင်းလိုက်ပြီလို့ သိရပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)/၂၁ နဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇူလိုင် ၁၃ ရက်နေ့ကလည်း တောင်ကြီးမြို့နယ် ရဲစခန်းကနေ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အချုပ်သား ၂ ဦး ထွက်ပြေးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ကားကြီးကွင်းအတွင်း ပြေးဆွဲနေတဲ့ 'ဘုရင်' အဝေးပြေးမော်တော်ယာဉ်လိုင်းက ဂိတ်မှူးနဲ့ စာရေးဝန်ထမ်း ၂ ဦးကို PDF သတင်းပေးလုပ်တယ်လို့ဆိုကာ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးပြီး…
ပြည်တွင်းသတင်း
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်အနီး၊ ရွှေဘို-မြစ်ကြီးနား လမ်းပေါ်က မော်လူးမြို့မှာ ပိတ်မိနေတဲ့ ကားတန်း Drop ဗုံးနဲ့ ကြဲချခံရလို့ ဈေးသည် ၁ ဦး ထိခိုက်ကာ…
ပြည်တွင်းသတင်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်နဲ့ ဟဲဟိုးမြို့တို့မှာ တနေ့တည်း မိုးကြိုးထိမှန်လို့ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။