ရုပ်သံ
ပြည်တွင်းသတင်း
နိုဝင်ဘာ ၆ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
မော်လူးမှာ ရပ်နားထားတဲ့ ယာဉ်တန်းပေါ် Drop ဗုံးကျလို့ ကား ၂ စီး ပျက်စီးကာ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရ
နိုဝင်ဘာ ၅
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်အနီး၊ ရွှေဘို-မြစ်ကြီးနား လမ်းပေါ်က မော်လူးမြို့မှာ ပိတ်မိနေတဲ့ ကားတန်း Drop ဗုံးနဲ့ ကြဲချခံရလို့ ဈေးသည် ၁ ဦး ထိခိုက်ကာ ကား ၂ စီး ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၅ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ မော်လူးမြို့က စာသင်ကျောင်းအနီး မြို့တွင်းမှာ ပိတ်မိနေလို့ ရပ်နားထားရတဲ့ ကားတန်းပေါ်ကို Drop ဗုံး ကျခဲ့တာလို့ သိရပါတယ်။
“ကျောင်းနား Drop ဗုံး ကျတာ၊ တွဲကား ပျက်စီးသွားတယ်။ အိမ်စီးကား Surf အပြာရောင်ထဲ ဗုံးစတွေ လွင့်စင်ပြီး အထဲက ထိုင်ခုံ မီးစွဲသွားတယ်။ ကျောင်းရှေ့ အသုပ်ရောင်းတဲ့ အန်တီကြီး ခြေထောက် ထိသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
နိုဝင်ဘာလ ၄ ရက်နေ့က စတင်ကာ မော်လူးမြို့အပြင်ဘက်က နေရာတော်တော်များများမှာ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက်ပိုင်း မြို့အဝင်အထွက် အားလုံးနီးပါးကို ပိတ်ဆို့ထားတာကြောင့် မြို့တွင်းမှာ ပိတ်မိနေတဲ့ ကုန်ကားနဲ့ ခရီးသွားကားတွေ တန်းစီရပ်နားနေချိန် အခုလို ကြဲချခံရတာလို့ သိရပါတယ်။
“ကားတွေ ပိတ်မိနေတယ်၊ အဆင်းကားတွေကို နန့်စီးအောင်နဲ့ မော်လူးမြို့တွေမှာ တဖြတ်စီ ပိတ်ထားတယ်။ အတက်ကို ကသာမှာ ပိတ်ထားတယ်” လို့ ကားသမားတဦးက ပြောပါတယ်။
လက်ရှိမှာတော့ Drop ဗုံးကျလို့ ထိခိုက်ပျက်စီးမှုကို အာဏာသိမ်းစစ်တပ် ထောက်ခံသူနဲ့ လော်ဘီတွေက KIA နဲ့ တော်လှန်ရေးတပ်တွေဘက်က စာသင်ကျောင်းကို ပစ်ခတ်ခဲ့တာလို့ စွပ်စွဲပြောဆိုနေကြပါတယ်။
မော်လူးမြို့ဟာ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းပေါ်က စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ကြား ဆက်သွယ်ထားတဲ့ စစ်ရေးနဲ့ ကုန်သွယ်ရေးအရ အရေးပါတဲ့ မြို့တမြို့ဖြစ်ပြီး ၂၀၂၆ ခုနှစ် မေလ ၅ ရက်နေ့ကမှ အာဏာသိမ်းစစ်တပ်က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေထံက ပြန်လည်ရရှိထားတဲ့မြို့လည်း ဖြစ်ပါတယ်။
လတ်တလောမှာ မော်လူးမြို့အပြင်ဘက်က ကျေးရွာတွေကို တော်လှန်ရေးတပ်တွေက စိုးမိုးထားပြီး အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ Y-12 ပျံသန်းကာ ကင်းပတ်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
ပြည်တွင်းသတင်း
၂၀၂၆ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ပြည်တွင်းသတင်း
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ကားကြီးကွင်းအတွင်း ပြေးဆွဲနေတဲ့ 'ဘုရင်' အဝေးပြေးမော်တော်ယာဉ်လိုင်းက ဂိတ်မှူးနဲ့ စာရေးဝန်ထမ်း ၂ ဦးကို PDF သတင်းပေးလုပ်တယ်လို့ဆိုကာ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးပြီး…
ပြည်တွင်းသတင်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်နဲ့ ဟဲဟိုးမြို့တို့မှာ တနေ့တည်း မိုးကြိုးထိမှန်လို့ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းသတင်း
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကြေးနီစီမံကိန်းမှာ Non-CDM ဝန်ထမ်း အချင်းချင်း လုပ်ပိုင်ခွင့်အာဏာ နေရာလုကြရာကနေ လူသတ်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။