အရေးပေါ်
ပြည်တွင်းသတင်း

'ဘုရင်' ယာဉ်လိုင်းက ဂိတ်မှူးနဲ့ စာရေးတွေကို PDF သတင်းပေးလုပ်တယ်လို့ဆိုကာ ထောင် ၅၄ နှစ်နဲ့ ၃၄ နှစ်စီ မတရားအမိန့်ချ

၂၀၂၆ နိုဝင်ဘာ ၆ Myo Taw
'ဘုရင်' ယာဉ်လိုင်းက ဂိတ်မှူးနဲ့ စာရေးတွေကို PDF သတင်းပေးလုပ်တယ်လို့ဆိုကာ ထောင် ၅၄ နှစ်နဲ့ ၃၄ နှစ်စီ မတရားအမိန့်ချ

'ဘုရင်' ယာဉ်လိုင်းက ဂိတ်မှူးနဲ့ စာရေးတွေကို PDF သတင်းပေးလုပ်တယ်လို့ဆိုကာ ထောင် ၅၄ နှစ်နဲ့ ၃၄ နှစ်စီ မတရားအမိန့်ချ

နိုဝင်ဘာ ၆

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ ကားကြီးကွင်းအတွင်း ပြေးဆွဲနေတဲ့ 'ဘုရင်' အဝေးပြေးမော်တော်ယာဉ်လိုင်းက ဂိတ်မှူးနဲ့ စာရေးဝန်ထမ်း ၂ ဦးကို PDF သတင်းပေးလုပ်တယ်လို့ဆိုကာ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်နေ့က 'ဘုရင်' မော်တော်ယာဉ်လိုင်း ဂိတ်မှူး ကိုဇေယျာဝင်းနဲ့ စာရေးမ ၂ ဦးကို အဝေးပြေးဂိတ်ထဲထိ ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် အောက်တိုဘာလ ၃၀ ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ကိုဇေယျာဝင်းကို ထောင်ဒဏ် ၅၄ နှစ်၊ မအေးမြင့်ဆွေ (ခ) ဆွေဆွေနဲ့ မသိမ့်သိမ့်သူတို့ကို တဦးလျှင် ထောင်ဒဏ် ၃၄ နှစ်စီ အသီးသီး ချမှတ်လိုက်တာလို့ သိရပါတယ်။

“ကားပေါ် ဝန်ထမ်းပါလာရင် PDF ကို သတင်းပေးလို့ဆိုပြီး စွပ်စွဲချက်နဲ့ စရဖက ဝင်ဖမ်းတာ။ ဖုန်းတွေယူစစ်ပြီး တရားစွဲတာ၊ တယောက်ကို ၅၄ နှစ်တွေကော ၃၄ နှစ်တွေကော ချပစ်တာ။ ပါးစပ်ထဲရှိတဲ့ နှစ်တွေနဲ့ လူမဆန်ဘဲ အမိန့်ချနေတာ” လို့ ရွှေဘိုဒေသခံတဦးက ပြောပါတယ်။

'ဘုရင်' အဝေးပြေးယာဉ်လိုင်းက ဂိတ်မှူးဖြစ်သူ ကိုဇေယျာဝင်းနဲ့ စာရေးဝန်ထမ်းတွေဖြစ်တဲ့ မအေးမြင့်ဆွေ (ခ) ဆွေဆွေနဲ့ မသိမ့်သိမ့်သူတို့ကို အာဏာသိမ်းစစ်တပ်က ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ 'ဘုရင်' ခရီးသည်တင်ကားကို လိုက်ပါစီးနင်းပါက အဲ့ဒီလူတွေရဲ့ ခရီးသွားလာမှုဆိုင်ရာ အချက်အလက်တွေကို တော်လှန်ရေးတပ် PDF နဲ့ ပကဖအဖွဲ့တွေကို သတင်းပေးတယ်လို့ဆိုပြီး မတရားစွပ်စွဲ ထောင်ချခဲ့တာလို့ သိရပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (4)

ဆက်စပ် သတင်းများ

မော်လူးမှာ ရပ်နားထားတဲ့ ယာဉ်တန်းပေါ် Drop ဗုံးကျလို့ ကား ၂ စီး ပျက်စီးကာ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရ ပြည်တွင်းသတင်း

မော်လူးမှာ ရပ်နားထားတဲ့ ယာဉ်တန်းပေါ် Drop ဗုံးကျလို့ ကား ၂ စီး ပျက်စီးကာ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်အနီး၊ ရွှေဘို-မြစ်ကြီးနား လမ်းပေါ်က မော်လူးမြို့မှာ ပိတ်မိနေတဲ့ ကားတန်း Drop ဗုံးနဲ့ ကြဲချခံရလို့ ဈေးသည် ၁ ဦး ထိခိုက်ကာ…

ဖတ်ရန်
နှစ်ရက်အတွင်း ရှမ်းတောင်နဲ့ မွန်ပြည်နယ်မှာ မိုးကြိုးပစ်ခံရလို့ ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ ပြည်တွင်းသတင်း

နှစ်ရက်အတွင်း ရှမ်းတောင်နဲ့ မွန်ပြည်နယ်မှာ မိုးကြိုးပစ်ခံရလို့ ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်နဲ့ ဟဲဟိုးမြို့တို့မှာ တနေ့တည်း မိုးကြိုးထိမှန်လို့ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ဝမ်ပေါင်ကြေးနီစီမံကိန်းမှာ Non-CDM ဝန်ထမ်း ၂ ဦး နေရာလုရင်း စကားများရာက ဓားထိုးမှုဖြစ်ပြီး ၁ ဦး သေဆုံး ပြည်တွင်းသတင်း

ဝမ်ပေါင်ကြေးနီစီမံကိန်းမှာ Non-CDM ဝန်ထမ်း ၂ ဦး နေရာလုရင်း စကားများရာက ဓားထိုးမှုဖြစ်ပြီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကြေးနီစီမံကိန်းမှာ Non-CDM ဝန်ထမ်း အချင်းချင်း လုပ်ပိုင်ခွင့်အာဏာ နေရာလုကြရာကနေ လူသတ်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်