ရုပ်သံ
Daily NEWS
စက်တင်ဘာ ၁၅ ရက်နေ့ မြို့တော်ရဲ့ ညစဉ်သတင်းများ
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
"DONG PENG" ပလက်စတစ် စက်ရုံမှာ အလုပ်လုပ်တဲ့ လူငယ် ၂ ဦး ပျောက်ဆုံးနေပြီး ၂ ပတ်ကြာသည်အထိ အဆက်အသွယ် မရသေး
စက်တင်ဘာ ၈
ရန်ကုန်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ကျန်စစ်သားလမ်းနှင့် စိမ်းလဲ့ကန်သာလမ်းထောင့်၊ ကျန်စစ်သားရိပ်မွန် စက်မှုဇုန် (၂)မှာ ရှိတဲ့ "DONG PENG" ပလက်စတစ် စက်ရုံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ လူငယ် ၂ ဦး ပျောက်ဆုံးနေပြီး ၂ ပတ်ကြာသည်အထိ အဆက်အသွယ် မရရှိသေးဘူးလို့ သိရပါတယ်။
ပျောက်ဆုံးနေသူ လူငယ် ၂ ဦးဟာ ပဲခူးတိုင်း၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ မကျီးစုအုပ်စု၊ ဇရပ်လှရွာနေ ဦးမောင်ထွေးနှင့် ဒေါ်ကြင်သန်း တို့ရဲ့ သားဖြစ်သူ အသက် ၁၇ နှစ်အရွယ်ရှိ မောင်ဇင်ကိုထက် နှင့် ဦးအေးလွင်၊ ဒေါ်အေးမြင့်တို့ရဲ့ သားဖြစ်သူ အသက် ၂၀ နှစ်အရွယ်ရှိ မောင်သက်ဝေဖြိုး တို့ ဖြစ်တယ်လို့ သိရပါတယ်။
"ဩဂုတ်လ ၂၅ ရက်နေ့က စက်ရုံမှာ အလုပ်ဆင်းတယ်လို့ အတည်ပြုလို့ ရတယ်။ စက်ရုံက အဝင်အထွက် လက်မှတ်ထိုးရတော့ အထွက်မှာ လက်မှတ်ထိုးထားတဲ့ မှတ်တမ်းရှိတယ်။ ည ၇ လောက်မှာ အဆောင်ကို ပြန်ရောက်မလာတော့ဘဲ လမ်းမှာ ပျောက်သွားပြီး ခုထိ အဆက်အသွယ်မရသေးဘူး" လို့ မိသားစုဝင် တစ်ဦးက မြို့တော်ကို ပြောပါတယ်။
ပျောက်ဆုံးနေသူ မောင်ဇင်ကိုထက် နှင့် မောင်သက်ဝေဖြိုး တို့ဟာ ရန်ကုန်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၀၈) ရပ်ကွက်၊ ကုန်းဘောင် (၅) လမ်း၊ အမှတ် (၁၈၇) အေးချမ်းမွန် အဆောင်မှာနေထိုင်သူတွေ ဖြစ်တယ်လို့ သိရပြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့မရဲစခန်းမှာ လူပျောက်တိုင်တန်း အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
အလားတူ ဩဂုတ်လ ၁၂ ရက်ကလည်း ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ နွယ်ခွေစံပြကျေးရွာ "ရှင်းရှင်း" ကြာဇံစက်ရုံမှာ အလုပ်လုပ်တဲ့ အသက် ၂၀ နှစ်အရွယ်ရှိ မောင်ဝေဖြိုး ဟာ ဩဂုတ်လ ၁၂ ရက်နေ့မှာ စက်ရုံက အပြန် ပျောက်ဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
မြို့တော် News Channel
ရုပ်သံ
Daily NEWS
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ
ရုပ်သံ
Afternoon NEWS
အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူဆီက နားကပ်လုယက်ပြီး လူသတ်ကျူးလွန်ခဲ့တဲ့ တရားခံကိုဖမ်းမိတဲ့သတင်းနှင့်အတူ မြို့တော်ရဲ့နေ့လယ်ခင်းသတင်းတင်ဆက်မှု ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့သတင်းများ…
ပြည်တွင်းသတင်း
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ပန်းတောကျေးရွာမှာ ကျူရှင်ကနေ အိမ်ပြန်လာတဲ့ အသက် ၁၁ နှစ်အရွယ် Grade-5 ကျောင်းသူ မဆောင်းနှင်းဖြူကို နားကပ်လုယက်ပြီး လူသတ်မှုကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့…
ရုပ်သံ
Daily NEWS
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့အတွက် မြို့တော်ရဲ့ ညစဉ်သတင်းများ