MyoTaw 8月29日每日新闻
8月29日 MyoTaw 晚间新闻 2026年8月29日 MyoTaw 晚间新闻
မကွေးတိုင်း, ပွင့်ဖြူမြို့နယ်, ရေပုတ်ကြီးကျေးရွာနဲ့ ကျောင်းကုန်းကြီးကျေးရွာကြားမှာ ပျူစောထီး အဖွဲ့ဝင်တွေ မောင်းလာတဲ့ သုံးဘီးဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာက အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သုံးဘီးပေါ်ပါလာတဲ့ အမျိုးသမီး ၁ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂၉ ရက် ဒီကနေ့မနက်ပိုင်း ၇ နာရီခန့်က ရေပုတ်ကြီးကျေးရွာအုပ်စုက ပျူစောထီး ငကျန်ဆိုသူရဲ့ သားဖြစ်သူဟာ ရေပုတ်ကြီးရွာကနေ ကျောင်းကုန်းကြီးရွာကို ခရီးသည်တွေနဲ့အတူ သုံးဘီးဆိုင်ကယ်နဲ့ ထွက်လာစဥ် လမ်းခုလတ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ရပ်တန့်ရန် တားဆီးရာက အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တာလို့ သိရပါတယ်။
"ပျူခေါင်းဆောင် ငကျန်ရဲ့သားနဲ့ PDF နဲ့ဖြစ်တာ။ တော်လှန်ရေးတပ် PDF တွေက သုံးဘီးကိုတားပြီး စစ်တာ။ သုံးဘီးက ခဏရပ်ပြီး မောင်းပြေးသွားတာ။ မောင်းပြေးတဲ့သုံးဘီးကို နောက်ကနေ သေနတ်နဲ့လှမ်းပစ်တော့ သုံးဘီးသမားက အောက်ဆင်းပြီး ကိုင်းတောထဲကနေ လက်ပစ်ဗုံးနဲ့ ပြန်ပစ်တာ။ နှစ်ဖက်ပစ်ခတ်တာနဲ့ သုံးဘီးပေါ်က လူတွေ ထိကုန်တယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
အပြန်အလှန် ပစ်ခတ်မှုကြောင့် ရေပုတ်ကြီးကျေးရွာအုပ်စုသူ အသက် ၄၀ ကျော် အမျိုးသမီး ၁ ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ကာ ကျန်အမျိုးသမီး ၁ ဦးလည်း ထိခိုက်ဒဏ်ရာ ပြင်းထန်ရခဲ့တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကို ပွင့်ဖြူဆေးရုံကို အရေးပေါ် တင်ခဲ့ကြရတယ်လို့ သိရပြီး ရေပုတ်ကြီးကျေးရွာအုပ်စုဟာ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပျူစောထီးတွေနဲ့ စစ်သားတွေ ဝင်ရောက်နေထိုင်နေကြတဲ့ ကျေးရွာအုပ်စုဖြစ်တယ်လို့လည်း သိရပါတယ်။
8月29日 MyoTaw 晚间新闻 2026年8月29日 MyoTaw 晚间新闻
犯罪新闻
在掸邦南部勃欧自治区霍庞镇,鸦片叶煮水(俗称“鸦片茶”)的使用者日益增多,其中大多数为青少年,因此当局不得不采取抓捕行动。
国内新闻
克钦邦密支那市因交通不便及军事问题,导致接受ART药物治疗的患者无法继续服药,医院方面也只能提供10天的ART药物。
国内新闻
MyoTaw报道:在孟邦榜镇区,一只疯狗咬伤至少5名当地村民,其中包括1名女教师,伤者已被送医治疗。