ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်းနှင့် တိုင်ဖွန်းမုန်တိုင်းရဲ့ ဆွဲအားကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း မိုးရွာသွန်းမှု သိသိသာသာ မြင့်တက်လာမယ်လို့ဆို
ဇူလိုင် ၂၄
ECMWF နှင့် ICON မော်ဒယ် တို့ရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင် ၂၅ မှ ၂၆ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း (ဘင်္ဂလားဒေ့ရှ် - စစ်တကောင်း ကမ်းလွန်)မှာ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်း/လေပွေလှိုင်းတခု အရှိန်ရလာနိုင်တယ်လို့ ဆိုပါတယ်။
တောင်တရုတ်ပင်လယ်မှ တိုင်ဖွန်းမုန်တိုင်းရဲ့ အရှေ့ဘက်မှ ဆွဲအားနှင့် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းရှိ လေဖိအားနည်းရပ်ဝန်းတို့ တပြိုင်နက် ဖြစ်ပေါ်လာတာကြောင့် အနောက်တောင် မုတ်သုံလေဟာ မြန်မာနိုင်ငံဘက်သို့ အားအလွန်ကောင်းစွာနဲ့ ဝင်ရောက်လာမယ်လို့ ဆိုပါတယ်။
ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်း တိုက်ရိုက်သက်ရောက်မယ့် ရခိုင်ပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ် နှင့် စစ်ကိုင်းတိုင်း(အထက်ပိုင်း) တို့မှာ ဇူလိုင်လ ၂၅ ရက်မှ ၂၈ ရက်နေ့အထိ မိုးအလွန်ကြီးနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
မုတ်သုံလေ တိုက်ရိုက် တိုက်ခတ်မယ့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်း တို့မှာလည်း မိုးဆက်တိုက် ရွာသွန်းပြီး နေရာကွက် မိုးကြီးမယ်လို့ ဆိုပါတယ်။
မကွေးတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)နှင့် ရှမ်းပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးရွာနိုင်ပြီး မိုးတိမ်တောင်တွေ ဖြစ်ပေါ်ခြင်းကြောင့် လေပြင်းတိုက်ခတ်တာတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။
တောင်တရုတ်ပင်လယ် တိုင်ဖွန်းမုန်တိုင်းဟာ မြန်မာနိုင်ငံအတွင်းသို့ တိုက်ရိုက် ဝင်ရောက်မှာ မဟုတ်ပေမယ့် မုတ်သုံလေ ဝင်ရောက်မှုကို မြှင့်တင်ပေးမှာဖြစ်ရာ ဇူလိုင်လ ၂၅ ရက်မှ ၂၈ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝှမ်း မိုးရွာသွန်းမှု သိသိသာသာ မြင့်တက်လာမယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။
မြို့တော် News Channel
#myotawnpt
#Myotaw