အရေးပေါ်
မိုးလေဝသ

ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးနိုင်ပြီး အလယ်ပိုင်းဒေသတွေမှာ အပူချိန် ၄၀°C အထိ အပူချိန် လွန်ကဲနိုင်တယ်လို့ဆို

၂၀၂၆ အောက်တိုဘာ ၁၆ Myo Taw
ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးနိုင်ပြီး အလယ်ပိုင်းဒေသတွေမှာ အပူချိန် ၄၀°C အထိ အပူချိန် လွန်ကဲနိုင်တယ်လို့ဆို

ကမ်းရိုးတန်းဒေသတွေမှာ မိုးကြီးနိုင်ပြီး အလယ်ပိုင်းဒေသတွေမှာ အပူချိန် ၄၀°C အထိ အပူချိန် လွန်ကဲနိုင်တယ်လို့ဆို

အောက်တိုဘာ ၁၆

ICON မော်ဒယ်၊ အိန္ဒိယမိုးလေဝသဌာန (IMD)၊ ထိုင်းမိုးလေဝသဌာန (TMD) တို့ရဲ့ ထုတ်ပြန်ချက်တွေ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း/အလယ်ပိုင်းတို့မှာ အနိမ့်ပိုင်း လေဝဲစနစ်တစ်ခု စတင်အားကောင်းလှုပ်ရှားလာနေတယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

၎င်းစနစ်ဟာ အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့တွေမှာ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်တောင်ပိုင်း တို့မှာ ပင်လယ်ဘက်မှ တိမ်တိုက်တွေ တိုးဝင်လာပြီး မိုးရေချိန် ပိုမိုရရှိလာနိုင်တယ်လို့ ဆိုပါတယ်။

အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ လတ်တလောသုံးသပ်ချက်အရ လာမယ့် ၇ ရက်အတွင်း မုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်ခြေကို မပြသသေးပေမယ့် ပင်လယ်အော်တောင်ပိုင်းမှာ မုတ်သုံအလွန် အနိမ့်လေဖိအားဆဲလ်တွေ ပေါ်ပေါက်လာနိုင်တာကြောင့် အောက်တိုဘာလ ၂၂ ရက်နောက်ပိုင်း စနစ်ရဲ့ အရှိန်အဟုန်ပြောင်းလဲမှုကို ဆက်လက် စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့မှာ ညနေပိုင်း မိုးထစ်ချုန်းရွာတာ၊ ခေတ္တလေပြင်းတိုက်ခတ်တာနှင့် အောက်တိုဘာလ ၂၁ ရက်မှ ၂၂ ရက်အတွင်း ပင်လယ်အော်(တောင်ပိုင်း)မှ လေဖိအားနည်းစနစ် အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းတာနှင့် ဒီရေမြင့်တက်နိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ် (တောင်ပိုင်း/အရှေ့ပိုင်း) နှင့် ကရင်နီပြည်နယ် တို့မှာ တရုတ်ပင်လယ်ကွေ့နှင့် လာအိုဘက်မှ တိုးဝင်လာတဲ့ စိုထိုင်းဆတွေနှင့် အရှေ့လေကြောင်းတွေ နေ့စဉ်ညနေပိုင်းမှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း (တောင်ပိုင်း/အရှေ့ပိုင်း/အနောက်ပိုင်း) တို့မှာ နေ့ပိုင်းမှာ အပူချိန် ၃၆°C မှ ၄၀°C အထိ အလွန်ပူပြင်းမှာဖြစ်ပြီး မွန်းလွဲ/ညနေပိုင်းတို့မှာ အပူတိမ် အရှိန်နဲ့ လေပြင်းတိုက်ခတ်တာ၊ မိုးကြိုးပစ်တာနှင့်အတူ မိုးကွက်ကျား ရွာနိုင်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း (အထက်ပိုင်း/အောက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့မှာ မိုးရွာသွန်းနိုင်ခြေ နည်းပါးပြီး ရာသီဥတု အများအားဖြင့် သာယာနေမယ်လို့ ဆိုပါတယ်။

မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)နှင့် နေပြည်တော် တို့မှာ နေ့စဉ် အပူချိန် အလွန်မြင့်မားမှာဖြစ်ပြီး အထူးသဖြင့် အောက်တိုဘာလ ၁၈ ရက်မှ ၂၁ ရက်အတွင်း မကွေးနှင့် စစ်ကိုင်း(အောက်ပိုင်း)တို့မှာ အပူချိန် ၃၈°C မှ ၄၀°C အထိ စံချိန်တင် မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။

အပူရှိန် မြင့်မားမှုကြောင့် နေ့အပူလွန်ကဲပြီး ညနေ/ညပိုင်းတွေမှာ အပူတိမ်ဖြစ်ပေါ်ကာ လေပြင်း၊ မိုးကြိုးတွေနှင့်အတူ နေရာကွက်ကျား မိုးထစ်ချုန်းရွာတာတွေ ခေတ္တဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ ကုန်းတွင်းပိုင်း အပူချိန် ၃၅°C မှ ၃၈°C အထိ ပူပြင်းမှာဖြစ်ပြီး ကမ်းရိုးတန်းနှင့် နီးတဲ့ ဒေသတွေမှာ စိုထိုင်းဆ မြင့်မားကာ အပူအညွှန်း ပိုမိုမြင့်မားနိုင်တယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှာ အရှေ့ဘက်မှ တိုးဝင်လာတဲ့ တိမ်တိုက်တွေကြောင့် ညနေပိုင်းတွေမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်၊ စစ်ကိုင်း(အထက်ပိုင်း)၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ် တို့ရဲ့ အပူချိန်မှာ အလယ်ပိုင်းနှင့် နှိုင်းယှဉ်ပါက သာမန်အတိုင်းသာ ရှိမှာဖြစ်ပြီး အထက်ပိုင်း ဒေသအများစုမှာ ရာသီဥတု သာယာပြီး တိမ်အသင့်အတင့် ရှိမယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့မှာ ထိုင်းနိုင်ငံမြောက်ပိုင်းမှ တိုးဝင်လာတဲ့ တိမ်တိုက်တွေကြောင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

ICON မော်ဒယ်ရဲ့ ဒေတာတွေအရ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့မှာ အပူချိန် ၃၆°C မှ ၄၀°C ခန့်အထိ ပုံမှန်ထက် ပိုမိုမြင့်မားလျက်ရှိပြီး အပူရှိန် ပြင်းထန်နိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းသုံးသပ်ထားပါတယ်။

မြို့တော် News Channel

ဓာတ်ပုံများ (5)

ဆက်စပ် သတင်းများ

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လာမယ့်ရက်ပိုင်းအတွင်း တိုင်းနဲ့ ပြည်နယ် အများစုမှာ မိုးကြီးနိုင်တယ်လို့ဆို ပြည်တွင်းသတင်း

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လာမယ့်ရက်ပိုင်းအတွင်း တိုင်းနဲ့ ပြည်နယ် အများစုမှာ မိုးကြီးနိုင်တယ်လို့ဆို

အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်လာပြီးနောက် ၎င်းစနစ်မှ စိုထိုင်းဆများပြီး ရေငွေကြွယ်ဝတဲ့ မိုးတိမ်တန်းတွေဟာ အောက်တိုဘာလ ၁၄ ရက်မှ…

ဖတ်ရန်
ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်းကြောင့် လာမယ့်အပတ်အတွင်း မိုးပြန်လည် အားကောင်းလာမယ်လို့ဆို ပြည်တွင်းသတင်း

ဘင်္ဂလားပင်လယ်အော် လေဖိအားနည်းရပ်ဝန်းကြောင့် လာမယ့်အပတ်အတွင်း မိုးပြန်လည် အားကောင်းလာမယ်လို့ဆို

အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ထုတ်ပြန်ချက်အရ ထိုင်းကွေ့နှင့် ၎င်းရဲ့ အနီးဝန်းကျင်မှာ လေထုအထက်ပိုင်း လေဝှေ့စနစ်တစ်ခု စတင်ဖြစ်ပေါ်နေပြီး အောက်တိုဘာလ ၁၁ ရက်ဝန်းကျင်မှာ ကပ္ပလီပင်လယ်ပြင်သို့…

ဖတ်ရန်
လေဖိအားနည်းရပ်ဝန်းကြောင့် လာမယ့်တပတ်ကျော်မှာ တိုင်းနဲ့ပြည်နယ် ၆ ခုမှာ နေရာကွက်ကျား မိုးကြီးမယ်လို့ဆို ပြည်တွင်းသတင်း

လေဖိအားနည်းရပ်ဝန်းကြောင့် လာမယ့်တပတ်ကျော်မှာ တိုင်းနဲ့ပြည်နယ် ၆ ခုမှာ နေရာကွက်ကျား မိုးကြီးမယ်လို့ဆို

ECMWF Model ရဲ့ ထုတ်ပြန်ချက်အရ အောက်တိုဘာလ ၁၂ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်(တောင်ပိုင်း)နှင့် ကပ္ပလီပင်လယ်ပြင်(တောင်ပိုင်း)တို့မှာ လေဝဲလည်ပတ်မှု စတင်အားကောင်းလာပြီး လေပွေလှိုင်းတစ်ခု ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသ…

ဖတ်ရန်
အယ်လ်နီညို အမြင့်ဆုံး အခြေအနေသို့ နှစ်ကုန်ပိုင်းမှာ ရောက်ရှိနိုင်တယ်လို့ဆို မိုးလေဝသ

အယ်လ်နီညို အမြင့်ဆုံး အခြေအနေသို့ နှစ်ကုန်ပိုင်းမှာ ရောက်ရှိနိုင်တယ်လို့ဆို

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ အောက်တိုဘာ ၁ ရက် ထုတ်ပြန်ချက်အရ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ရဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့်…

ဖတ်ရန်