အရေးပေါ်
မိုးလေဝသ

နီပေါနဲ့ တိဘက်မှာ ရေခဲမြစ်ပြိုကျပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၂၇၀ ကျော် သေဆုံးကာ ၁,၃၀၀ ကျော် ပျောက်ဆုံးနေ

၂၀၂၆ သြဂုတ် ၂၇ Myo Taw
နီပေါနဲ့ တိဘက်မှာ ရေခဲမြစ်ပြိုကျပြီး ရေကြီးမြေပြိုမှုတွေကြောင့် လူ ၂၇၀ ကျော် သေဆုံးကာ ၁,၃၀၀ ကျော် ပျောက်ဆုံးနေ

ဟိမဝန္တာဒေသ နီပေါနဲ့ တိဘက်မှာ ဩဂုတ် ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရေခဲမြစ်ပြိုကျမှုကြောင့် ရုတ်တရက် အလွန်ပြင်းထန်တဲ့ ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၂၇၃ ဦး သေဆုံးကာ ၁,၃၀၀ ကျော် ပျောက်ဆုံးနေတယ်လို့ AP သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပျောက်ဆုံးသူတွေထဲမှာ နိုင်ငံခြားသားတွေနဲ့ ဘုရားဖူးတွေ အများအပြား ပါဝင်နေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နီပေါမှာ လူ ၂၇၀ သေဆုံးပြီး ၈၂၆ ဦး ပျောက်ဆုံးနေကာ တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိဘက်မှာတော့ ၃ ဦး သေဆုံးပြီး ၅၅၈ ဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

ရေကြီးမှုကြောင့် နီပေါမှာ တံတား ဒါဇင်နဲ့ချီ ပျက်စီးပြီး လမ်း ၄၀ ကီလိုမီတာနီးပါး ထိခိုက်ပျက်စီးခဲ့တာကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ အခက်အခဲရှိနေသလို နီပေါစစ်တပ်က ရဟတ်ယာဉ်တွေ အသုံးပြုပြီး ရေဘေးသင့်ဒေသတွေက လူ ၁၀၀ ကျော်ကို ကယ်ဆယ်ထားတယ်လို့ သိရပါတယ်။

နီပေါခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ရဲ့ အချက်အလက်အရ ပျောက်ဆုံးနေသူတွေထဲက ၅၁၇ ဦးဟာ နိုင်ငံခြားသားတွေဖြစ်ပြီး အိန္ဒိယနိုင်ငံသား ၁၇၈ ဦးနဲ့ အမေရိကန်နိုင်ငံသား ၆၀ ကျော်အပါအဝင် နိုင်ငံပေါင်း ၃၀ က နိုင်ငံခြားသားတွေ ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

တိဘက်ဘက်မှာတော့ ဂျီရွန်နယ်စပ်ဝင်ပေါက်အနီး မြေပြိုမှုကြောင့် လမ်းတွေပျက်စီးခဲ့ပြီး ရွှံ့တွေဟာ ပျမ်းမျှ ၁ မီတာခွဲကျော်အထိ ဖုံးလွှမ်းခဲ့သလို မိုးဆက်လက်ရွာနေတဲ့အတွက် မြေပြိုမှု ထပ်မံဖြစ်ပွားနိုင်တယ်လို့ တရုတ်အာဏာပိုင်တွေက သတိပေးထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။

အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) က အစောပိုင်းမှာ ငလျင်လှုပ်ခတ်မှုလို့ သတ်မှတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရေခဲမြစ်ပြိုကျမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ၅ ဒဿမ ၂ အဆင့်ရှိ တုန်ခါမှုဖြစ်စဉ် ဖြစ်တယ်လို့ ပြန်လည်သတ်မှတ်ခဲ့ပါတယ်။

ရာသီဥတု ပြောင်းလဲမှုနဲ့ အပူချိန်မြင့်တက်မှုတွေကြောင့် ဟိမဝန္တာ တောင်တန်းဒေသရှိ ရေခဲမြစ်တွေ မတည်ငြိမ်မှု မရှိတော့တာဟာ ဒေသတွင်းက သန်းပေါင်းများစွာသော ဒေသခံတွေနဲ့ အခြေခံအဆောက်အအုံတွေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်နေတယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

Ref & Photo; AP

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

ရေကြည်မှာ ရေစီးနဲ့ မျောပါသွားတဲ့ လူငယ် ၂ ဦးထဲက ကျန်တဲ့တဦးကို လိုက်လံရှာဖွေနေပေမယ့် မတွေ့သေး မိုးလေဝသ

ရေကြည်မှာ ရေစီးနဲ့ မျောပါသွားတဲ့ လူငယ် ၂ ဦးထဲက ကျန်တဲ့တဦးကို လိုက်လံရှာဖွေနေပေမယ့် မတွေ့သေး

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ ရေစီးနဲ့ မျောပါပျောက်ဆုံးသွားတဲ့ လူငယ်တဦးရဲ့ ရုပ်အလောင်းကို ဒီကနေ့ထိ ရှာဖွေနေကြပေမယ့် မတွေ့သေးဘူးလို့ သိရပါတယ်။

ဖတ်ရန်
အသက်မပြည့်သေးတဲ့ ညီမဝမ်းကွဲကို လိင်ပိုင်းဆိုင်ရာပြုကျင့်ပြီး သတ်ဖြတ်အလောင်းဖျောက်ခဲ့သူကို သေဒဏ်ပေး ပြည်တွင်းသတင်း

အသက်မပြည့်သေးတဲ့ ညီမဝမ်းကွဲကို လိင်ပိုင်းဆိုင်ရာပြုကျင့်ပြီး သတ်ဖြတ်အလောင်းဖျောက်ခဲ့သူကို သေဒဏ်ပေး

အသက်မပြည့်သေးတဲ့ ညီမဝမ်းကွဲ တော်စပ်သူ အမျိုးသမီးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာပြုကျင့်ပြီး သတ်ဖြတ်ခဲ့သူကို သေဒဏ်ပေးလိုက်တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP/SSA က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဖတ်ရန်
ကမ္ဘာ့ကုန်သွယ်ရေး မညီမျှမှု လျှော့ချဖို့ တရုတ်အပေါ် ကုန်သွယ်ရေးအတားအဆီးတွေ တိုးမြှင့်ရန် G20 ကို အမေရိကန် တိုက်တွန်း နိုင်ငံတကာသတင်း

ကမ္ဘာ့ကုန်သွယ်ရေး မညီမျှမှု လျှော့ချဖို့ တရုတ်အပေါ် ကုန်သွယ်ရေးအတားအဆီးတွေ တိုးမြှင့်ရန် G20 ကို အမေရိကန် တိုက်တွန်း

ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး မညီမျှမှုတွေကို လျှော့ချဖို့အတွက် တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုဆိုင်ရာ သတ်မှတ်ချက်တွေကို ပြန်လည်သုံးသပ်ကြဖို့ လာမယ့် G20 အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းသွားမယ်လို့ အမေရိကန်…

ဖတ်ရန်
ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၂ ပေ ၉ လက်မ ကျော်လွန်နေပြီး ပထမအကြိမ်ထက် ပိုမြင့်တက်လာနိုင်တယ်လို့ဆို ပြည်တွင်းသတင်း

ဘားအံမြို့မှာ သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ၂ ပေ ၉ လက်မ ကျော်လွန်နေပြီး ပထမအကြိမ်ထက် ပိုမြင့်တက်လာနိုင်တယ်လို့ဆို

ဘားအံမြို့ သံလွင်မြစ်ရေဟာ မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ ပေ ၉ လက်မ ကျော်လွန်ရောက်ရှိနေတယ်လို့ သိရပါတယ်။

ဖတ်ရန်