အရေးပေါ်
မှုခင်းသတင်း

အရံစေတီက ထီးတော်တွေကို ဖြုတ်ခိုးယူတဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးရမိ

၂၀၂၆ သြဂုတ် ၂၃ Myo Taw
အရံစေတီက ထီးတော်တွေကို ဖြုတ်ခိုးယူတဲ့ အမျိုးသမီးတဦးကို ဖမ်းဆီးရမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ အုတ်ကျင်းဘုန်းတော်ကြီးကျောင်းက စေတီတော်ကြီးရဲ့ အရံစေတီက ထီးတော်တွေကို ခိုးယူတဲ့သူကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၁ ရက် ညနေပိုင်းက အုတ်ကျင်းဘုန်းတော်ကြီးကျောင်းမှာ တည်ထားတဲ့ စေတီတော်ကြီးရဲ့ အရံစေတီက ရွှေထီးတွေကို ဖြုတ်ယူနေတဲ့ အမျိုးသမီးတဦးကို ဒေသခံတွေက တွေ့သွားပြီး ဝိုင်းဝန်းဖမ်းဆီးခဲ့ကြတာလို့ သိရပါတယ်။

"မိန်းကလေးတယောက်က စေတီပေါ်တက်ပြီး အရံစေတီက ထီးတော်တွေကို ဖြုတ်ခိုးနေတာတွေ့လို့ ဝိုင်းဖမ်းကြတာ၊ ကောင်မလေးကလည်း ဝန်ခံတယ်၊ ဝမ်းရေးအတွက် ရောင်းစားဖို့ လုပ်တာလို့ ပြောတယ်၊ ထုရိုက်တာတော့ မလုပ်ကြပါဘူး၊ ရဲလက် အပ်လိုက်ကြပါတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ရွှေထီးတော်ခိုးယူတဲ့ အမျိုးသမီးဟာ ရပ်စောက်မြို့၊ ဇော်ဂျီရပ်ကွက်က အသက် ၂၅ နှစ်အရွယ် မအိအိဖြိုး ဆိုသူဖြစ်ပြီး ဖြုတ်ယူခံရတဲ့ ထီးတော်တွေကို ပြန်လည်တပ်ဆင်ဖို့ အနေကဇာ ပြန်တင်ထားကြတယ်လို့ သိရပါတယ်။

ခိုးယူသူအမျိုးသမီးကို ရပ်စောက်မြို့မရဲစခန်းမှာ ထိန်းသိမ်းထားပေမဲ့ တိုင်တန်သူမရှိသေးလို့ အမှုဖွင့်လှစ်ထားတာတော့ မရှိသေးဘူးလို့ သိရပါတယ်။

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

မိသားစု ၃ ဦး စီးနင်းလာတဲ့ဆိုင်ကယ်ကို Express ယာဉ်က အနောက်ကနေဝင်တိုက်လို့ အမျိုးသမီးဖြစ်သူ သေဆုံး ပြည်တွင်းသတင်း

မိသားစု ၃ ဦး စီးနင်းလာတဲ့ဆိုင်ကယ်ကို Express ယာဉ်က အနောက်ကနေဝင်တိုက်လို့ အမျိုးသမီးဖြစ်သူ သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့၊ မိုးကောင်းကျေးရွာ၊ ဖရဲသီးဆိုင်တန်းရှေ့က ရန်ကုန်-မော်လမြိုင်သွား ကားလမ်းမပေါ်မှာ ခရီးသည်တင် Express နဲ့ ဆိုင်ကယ်တို့တိုက်မိပြီး အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မန္တလေးက "ခန့်ကြီး" ဘီယာဆိုင်ပိုင်ရှင် ကားအတွင်း လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံး ပြည်တွင်းသတင်း

မန္တလေးက "ခန့်ကြီး" ဘီယာဆိုင်ပိုင်ရှင် ကားအတွင်း လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံး

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းပေါ်ရှိ က.ည.န ရုံးအနီးမှာ ကားအတွင်း လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်းတခုကို တွေ့ရှိခဲ့ကြတယ်လို့ သိရပါတယ်။

ဖတ်ရန်
လှိုင်သာယာမှာ အသက် ၄ နှစ်အရွယ် ကလေးငယ်တဦး အသတ်ခံထားရတဲ့ အနေအထားနဲ့ သေဆုံး ပြည်တွင်းသတင်း

လှိုင်သာယာမှာ အသက် ၄ နှစ်အရွယ် ကလေးငယ်တဦး အသတ်ခံထားရတဲ့ အနေအထားနဲ့ သေဆုံး

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ မင်းရဲကျော်စွာ ၉ လမ်းမှာနေတဲ့ အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး နေအိမ်ထဲမှာတင် အသတ်ခံထားရတဲ့ အနေအထားနဲ့…

ဖတ်ရန်
သထုံနဲ့ ပဲခူးမှာ တရက်တည်း ဆိုင်ကယ်နဲ့ ကားတိုက်မိတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းသူ ၂ ဦးစလုံး သေဆုံး ပြည်တွင်းသတင်း

သထုံနဲ့ ပဲခူးမှာ တရက်တည်း ဆိုင်ကယ်နဲ့ ကားတိုက်မိတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းသူ ၂ ဦးစလုံး သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ကားနဲ့ ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်သမား သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်