အရေးပေါ်
မှုခင်းသတင်း

မြေပဲပြုတ်ရောင်းတဲ့ တွန်းလှည်းနဲ့ လူတွေကို Taxi တစီးက ဝင်တိုက်ပြီး ထွက်ပြေးသွား

၂၀၂၆ သြဂုတ် ၂၃ Myo Taw
မြေပဲပြုတ်ရောင်းတဲ့ တွန်းလှည်းနဲ့ လူတွေကို Taxi တစီးက ဝင်တိုက်ပြီး ထွက်ပြေးသွား

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာ မြေပဲပြုတ်ရောင်းနေတဲ့ တွန်းလှည်းကို Taxi တစီးက ဝင်တိုက်ပြီး ထွက်ပြေးသွားလို့ မြေပဲပြုတ်ရောင်းသူနဲ့ အနီးအနားက လူတွေ ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၂ ရက်နေ့ မနေ့ညက သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းနဲ့ မြင်တော်သာလမ်း မီးပွိုင့်ထောင့် လျှံဖြိုးစားသောက်ဆိုင်ရှေ့မှာ လမ်းဘေးမှာ ရပ်တန့်ထားတဲ့ မြေပဲပြုတ်ရောင်းတဲ့လှည်းနဲ့ Taxi Probox ယာဉ်တို့ကို Taxi ကားတစီးက အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်သွားခဲ့တယ်လို့ သိရပါတယ်။

"Taxi သမားက မူးနေပုံရတယ်၊ လှည်းကလမ်းနဲ့အလွတ်ကြီးကို ဝင်တိုက်သွားတာ၊ ပြီးတော့ ကားကိုမရပ်ဘဲ ဆက်မောင်းသွားတာ၊ ထိတဲ့သူတွေက မြေပဲပြုတ်ရောင်းတဲ့ တွန်းလှည့်သမားနဲ့ ဘေးကလူတွေ ထိတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် လမ်းဘေးတွန်းလှည်းရပ်ကာ ဈေးရောင်းချနေသူတွေနဲ့ အနီးအနားက အမျိုးသား ၂ ဦးမှာ ပြင်းထန်ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး တကိုယ်လုံး ရေနွေးပူ‌လောင် ဒဏ်ရာ၊ ဘယ်ဘက်မျက်နှာ ကွဲအက်ဒဏ်ရာ၊ ဘယ်ဘက်ခြေထောက် ထိခိုက်ဒဏ်ရာတို့ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

ဝင်တိုက်ခဲ့တဲ့ Taxi ယာဥ်ဟာ တိုက်ပြီး ထွက်ပြေးသွားခဲ့တယ်လို့ သိရကာ Taxi-AA/1983 ယာဉ် ဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

ဟိုပုံမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး ရောင်းချသူတွေကို လိုက်လံဖမ်းဆီးနေ မှုခင်းသတင်း

ဟိုပုံမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး ရောင်းချသူတွေကို လိုက်လံဖမ်းဆီးနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး အများစုက ဆယ်ကျော်သက်လူငယ်တွေ ဖြစ်နေလို့ ဖမ်းဆီးမှုတွေ လုပ်နေရတယ်လို့ သိရပါတယ်။

ဖတ်ရန်
လျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး မီးခံသေတ္တာလိုက်မသွားကာ CCTV တွေကိုလည်း ဖျက်ဆီးသွား မှုခင်းသတင်း

လျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး မီးခံသေတ္တာလိုက်မသွားကာ CCTV တွေကိုလည်း ဖျက်ဆီးသွား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက် ကမ်းနားလမ်းရှိ 'ကိုကိုနှင့်ညီညီ' လျှပ်စစ်ပစ္စည်းဆိုင်တဆိုင် ဓားပြတိုက်ခံရတယ်လို့ သိရပါတယ်။

ဖတ်ရန်
Grade-3 ကျောင်းသားကို ကျောင်းကြိုပြီး ဘတ္ထရီစက်ဘီးနဲ့ပြန်လာတဲ့ သားအမိနှစ်ယောက် ယာဉ်တိုက်မှုဖြစ်လို့ ကလေးငယ်သေဆုံး မှုခင်းသတင်း

Grade-3 ကျောင်းသားကို ကျောင်းကြိုပြီး ဘတ္ထရီစက်ဘီးနဲ့ပြန်လာတဲ့ သားအမိနှစ်ယောက် ယာဉ်တိုက်မှုဖြစ်လို့ ကလေးငယ်သေဆုံး

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်မှာ ညနေကျောင်းဆင်းချိန် Grade-3 ကျောင်းသား ကလေးငယ်ကိုကျောင်းကြိုကာ ဘတ္ထရီစက်ဘီးစီးလာတဲ့ သားအမိနှစ်ယောက် စက်ဘီးလဲရာက နောက်ကကားမှ ကြိတ်ခံလိုက်ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
အိမ်စီးကားတစီးကို သေနတ်ပြ ခြိမ်းခြောက်ပြီး လုယူမောင်းနှင်ထွက်ပြေးသွား မှုခင်းသတင်း

အိမ်စီးကားတစီးကို သေနတ်ပြ ခြိမ်းခြောက်ပြီး လုယူမောင်းနှင်ထွက်ပြေးသွား

မွန်ပြည်နယ်၊ လမိုင်းမြို့၊ ဘူတာရပ်ကွက်မှာ အိမ်စီးကားတစီးကို သေနတ်ပြ ခြိမ်းခြောက်ကာ လုယက်သွားတဲ့ဖြစ်စဉ် ဩဂုတ်လ ၂၅ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်