အရေးပေါ်
မှုခင်းသတင်း

မြို့ပေါ်က အုပ်ချုပ်ရေးမှူးကို နေအိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီး ခံခဲ့ရတာကြောင့် တိုင်းအစိုးရအဖွဲ့က အစည်းအဝေးခေါ်ပြီး ဆဲဆို

၂၀၂၆ သြဂုတ် ၂၆ Myo Taw
မြို့ပေါ်က အုပ်ချုပ်ရေးမှူးကို နေအိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီး ခံခဲ့ရတာကြောင့် တိုင်းအစိုးရအဖွဲ့က အစည်းအဝေးခေါ်ပြီး ဆဲဆို

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးကို လက်နက်ကိုင် အဖွဲ့တခုက ဩဂုတ်လ ၂၅ ရက်နေ့ ည ၇ နာရီခန့်မှာ ဝင်ရောက်ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ကျောက်ပန်းတောင်းမြို့၊ ဘူတာရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူး ဦးမောင်ဆန်း ကို သေနတ်တွေ ကိုင်ဆောင်ထားတဲ့ လူ ၃ ဦးခန့်က ဆိုင်ကယ် ၂ စီးနဲ့ လာရောက်ခေါ်သွားတာလို့ သိရပါတယ်။

"သူက စစ်တပ်အတွက် စစ်မှုထမ်းငွေ ကောက်ပေးတယ်ဆိုပြီး ပြောနေကြတာ ကြာပီ၊ တခြား အိမ်ခြံမြေကိစ္စ ဧည့်စာရင်းကိစ္စကအစ ငွေတောင်းတာတွေလည်း အသံထွက်ထားတယ်၊ ခုဖမ်းတဲ့သူတွေက ဘယ်ဘက်က ဝင်ဖမ်းသွားတယ်ဆိုတာတော့ မသိသေးဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။

မြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ညအစောပိုင်းမှာပဲ ဝင်ရောက်ဖမ်းဆီးခံခဲ့ရတာကြောင့် အာဏာသိမ်းအစိုးရလက်အောက်ခံ မန္တလေးတိုင်း အစိုးရအဖွဲ့က ဒီကနေ့ နေ့လယ်ပိုင်းမှာ Zoom အစည်းအဝေးခေါ်ပြီး မြို့နယ်(ထွေ/အုပ်)နဲ့ ကော်မတီက အရာရှိကြီးတွေကို 'ငါ' နဲ့ ကိုင်တုတ်ကာ ဆဲဆိုတာတွေအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူး ဖမ်းဆီးခံခဲ့ရတဲ့ညက ရဲ နဲ့ စစ်သားတွေဟာ နေအိမ်ကို လာရောက်စစ်ဆေးခဲ့ပြီး ပတ်ဝန်းကျင်ကိုလည်း စစ်ဆေးမေးမြန်းခဲ့ပေမဲ့ တိကျတဲ့အဖြေ မရခဲ့တာတွေကြောင့် အထက်က ဆဲဆိုကြိမ်းမောင်းခံနေရတာလို့လည်း သိရပါတယ်။

ကျောက်ပန်းတောင်းမြို့ပေါ်ဟာ အာဏာသိမ်းစစ်တပ်နဲ့ ပျူ၊ ရဲတပ်ဖွဲ့အပြင် တခြားသော စစ်တပ်ထောက်ခံသူတွေ အားကောင်းပြီး မြို့အဝင်အထွက်တွေနဲ့ လမ်းဆုံလမ်းခွတွေမှာ အမြဲတမ်း လုံခြုံရေးတင်းကြပ်ထားတဲ့ မြို့ဖြစ်တယ်လို့လည်း သိရပါတယ်။

ဆက်စပ် သတင်းများ

ဟိုပုံမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး ရောင်းချသူတွေကို လိုက်လံဖမ်းဆီးနေ မှုခင်းသတင်း

ဟိုပုံမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး ရောင်းချသူတွေကို လိုက်လံဖမ်းဆီးနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး အများစုက ဆယ်ကျော်သက်လူငယ်တွေ ဖြစ်နေလို့ ဖမ်းဆီးမှုတွေ လုပ်နေရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ရေပုတ်ကြီးရွာ ပျူစောထီးရဲ့သားနဲ့ တော်လှန်ရေးတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး မှုခင်းသတင်း

ရေပုတ်ကြီးရွာ ပျူစောထီးရဲ့သားနဲ့ တော်လှန်ရေးတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာနဲ့ ကျောင်းကုန်းကြီးကျေးရွာကြားမှာ ပျူစောထီး အဖွဲ့ဝင်တွေ မောင်းလာတဲ့ သုံးဘီးဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာက အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သုံးဘီးပေါ်ပါလာတဲ့ အမျိုးသမီး ၁ ဦး…

ဖတ်ရန်
လျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး မီးခံသေတ္တာလိုက်မသွားကာ CCTV တွေကိုလည်း ဖျက်ဆီးသွား မှုခင်းသတင်း

လျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး မီးခံသေတ္တာလိုက်မသွားကာ CCTV တွေကိုလည်း ဖျက်ဆီးသွား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက် ကမ်းနားလမ်းရှိ 'ကိုကိုနှင့်ညီညီ' လျှပ်စစ်ပစ္စည်းဆိုင်တဆိုင် ဓားပြတိုက်ခံရတယ်လို့ သိရပါတယ်။

ဖတ်ရန်
Grade-3 ကျောင်းသားကို ကျောင်းကြိုပြီး ဘတ္ထရီစက်ဘီးနဲ့ပြန်လာတဲ့ သားအမိနှစ်ယောက် ယာဉ်တိုက်မှုဖြစ်လို့ ကလေးငယ်သေဆုံး မှုခင်းသတင်း

Grade-3 ကျောင်းသားကို ကျောင်းကြိုပြီး ဘတ္ထရီစက်ဘီးနဲ့ပြန်လာတဲ့ သားအမိနှစ်ယောက် ယာဉ်တိုက်မှုဖြစ်လို့ ကလေးငယ်သေဆုံး

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်မှာ ညနေကျောင်းဆင်းချိန် Grade-3 ကျောင်းသား ကလေးငယ်ကိုကျောင်းကြိုကာ ဘတ္ထရီစက်ဘီးစီးလာတဲ့ သားအမိနှစ်ယောက် စက်ဘီးလဲရာက နောက်ကကားမှ ကြိတ်ခံလိုက်ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်