အရေးပေါ်
နိုင်ငံတကာသတင်း

ဘရာဇီးမှာ ပထွေးဖြစ်သူက ချစ်ရေးဆိုတာကို မယားပါသမီးက ငြင်းလို့ ပေါက်တူးနဲ့ ရိုက်သတ်မှု ဖြစ်ပွား

၂၀၂၆ နိုဝင်ဘာ ၁၉ Myo Taw
ဘရာဇီးမှာ ပထွေးဖြစ်သူက ချစ်ရေးဆိုတာကို မယားပါသမီးက ငြင်းလို့ ပေါက်တူးနဲ့ ရိုက်သတ်မှု ဖြစ်ပွား

ဘရာဇီးမှာ ပထွေးဖြစ်သူက ချစ်ရေးဆိုတာကို မယားပါသမီးက ငြင်းလို့ ပေါက်တူးနဲ့ ရိုက်သတ်မှု ဖြစ်ပွား

နိုင်ဝင်ဘာ ၁၉

ဘရာဇီးနိုင်ငံတောင်ပိုင်း၊ အီတာပယ်မီရင်မြို့မှာ အသက် ၂၃ နှစ်အရွယ် မယားပါသမီးဖြစ်သူကို ပေါက်တူးနဲ့ ရိုက်သတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ပထွေးဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

အသက် ၆၃ နှစ်အရွယ် မယ်လီ ဒယ်လ်ဖီနို အာမာရို ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က မယားပါသမီးဖြစ်သူ ဖာမယ်လာ ဘာဘိုဆာ ဆေးလ်ဗား ရေချိုးနေတာကို ချောင်းကြည့်ဖို့ ကြိုးစားရာကနေ စကားများရန်ဖြစ်ခဲ့တာ လို့ ဆိုပါတယ်။

မိသားစုဝင်တွေရဲ့ ပြောပြချက်အရ အာမာရိုဟာ ဖာမယ်လာ ရေချိုးနေတာကို မချောင်းခင်ကတည်းက သူမကို ချစ်ရေးဆိုတာတွေ ရှိခဲ့ပြီး ဖာမယ်လာဘက်က ငြင်းပယ်ခဲ့တာကြောင့် အခုလို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

အခင်းဖြစ်ပွားချိန်မှာ ဖာမယ်လာရဲ့ မိခင်ဖြစ်သူက ဝင်ရောက်ဖျန်ဖြေဖို့ ကြိုးစားခဲ့ပေမဲ့ ဖာမယ်လာဟာ နံရံနဲ့ ဆောင့်တွန်းခံရလို့ လဲကျသွားခဲ့ပြီးနောက် ပထွေးဖြစ်သူက သူမရဲ့ ဦးခေါင်းကို ပေါက်တူးနဲ့ အကြိမ်ကြိမ် ရိုက်နှက်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒဏ်ရာအပြင်းအထန် ရရှိသွားတဲ့ ဖာမယ်လာကို အီဗန်ဂျယ်လီကို လီတိုရယ် ဆူးလ် ဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ပြီး အခြေအနေ စိုးရိမ်ရတာကြောင့် ဆန်တာ ကာဆာ ဒီ မီဆီရီကော်ဒီယာ ဒီ ကာချိုအီရို ဆေးရုံကို ထပ်မံလွှဲပြောင်း ကုသခဲ့ပေမဲ့ နာရီပိုင်းအကြာမှာပဲ သေဆုံးသွားခဲ့ပါတယ်။

တိုင်ကြားချက်ရလို့ ရဲတပ်ဖွဲ့ဝင်တွေ နေအိမ်ကို ရောက်ရှိချိန်မှာတော့ အာမာရိုဟာ ထွက်ပြေးတိမ်းရှောင်နေပြီ ဖြစ်ပါတယ်။ နေအိမ်ကြမ်းပြင်နဲ့ ဆင်ဝင်အောက်တွေမှာ သွေးကွက်တွေ ပြန့်ကျဲနေပြီး သွေးစွန်းနေတဲ့ ပေါက်တူးတစ်လက်ကိုသာ ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကင်းလှည့်ရဲတပ်ဖွဲ့ဝင်တွေဟာ ဖမ်းဝရမ်းထုတ်ပြီး နှစ်ရက်ကြာ ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၁၇ ရက်နေ့မှာတော့ အာမာရိုဟာ ရဲစခန်းကို ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့တာကြောင့် ချက်ချင်း ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

ဖာမယ်လာရဲ့ မိခင်နဲ့ အာမာရိုတို့ဟာ အခင်းမဖြစ်ခင်ကတည်းက လမ်းခွဲထားကြပေမဲ့ တအိမ်တည်းမှာ အတူဆက်လက် နေထိုင်နေကြတာ ဖြစ်ပြီး လက်ရှိမှာတော့ အာမာရိုကို အမျိုးသမီးများအပေါ် အကြမ်းဖက်သတ်ဖြတ်မှု သံသယနဲ့ ဖမ်းဆီးထိန်းသိမ်းထားပြီး အမှုကို ဒေသဆိုင်ရာ ရဲစခန်းထံ လွှဲပြောင်းပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

Ref & Photo: The Sun


မြို့တော် News Channel

ဓာတ်ပုံများ (2)

ဆက်စပ် သတင်းများ

ဆယ်လီတဦးကို အရူးအမူး စွဲလမ်းနေတဲ့ ပရိသတ် အိမ်ထဲအတင်းဝင်ပြီး လက်ထပ်ခွင့်တောင်းရာက ရိုက်နှက်ခံရလို့ သေဆုံး နိုင်ငံတကာသတင်း

ဆယ်လီတဦးကို အရူးအမူး စွဲလမ်းနေတဲ့ ပရိသတ် အိမ်ထဲအတင်းဝင်ပြီး လက်ထပ်ခွင့်တောင်းရာက ရိုက်နှက်ခံရလို့ သေဆုံး

အိန္ဒိယနိုင်ငံမှာ နာမည်ကြီး လူမှုကွန်ရက် ဆယ်လီတစ်ဦးရဲ့ နေအိမ်ထဲကို ကျူးကျော်ဝင်ရောက်ပြီး လက်ထပ်ခွင့်တောင်းခဲ့တဲ့ အစွဲအလမ်းကြီးတဲ့ ပရိသတ်တဦးဟာ ဆယ်လီရဲ့ မိသားစုဝင်တွေနဲ့ အိမ်နီးချင်းတွေရဲ့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့ပါတယ်။

ဖတ်ရန်
ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံရဲ့ သမိုင်းဝင်တွေ့ဆုံမှု ပုံရိပ်ပိုင်း အားကောင်းပေမဲ့ ရလဒ်ပိုင်း အားနည်း နိုင်ငံတကာသတင်း

ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံရဲ့ သမိုင်းဝင်တွေ့ဆုံမှု ပုံရိပ်ပိုင်း အားကောင်းပေမဲ့ ရလဒ်ပိုင်း အားနည်း

ကမ္ဘာ့အင်အားကြီး ၃ နိုင်ငံဖြစ်တဲ့ တရုတ်၊ အမေရိကန်နဲ့ ရုရှားခေါင်းဆောင်တွေ စားပွဲအဝိုင်းကြီးတခုမှာ အတူထိုင်နေတဲ့ မြင်ကွင်းဟာ ၂၁ ရာစု သံတမန်ရေးရာ သမိုင်းမှာ မှတ်တမ်းဝင်ကျန်ရစ်မယ့်…

ဖတ်ရန်
ကျန်းမာရေးမကောင်းတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား ၁ ဦး မတရားခိုင်းစေခံရမှုကြောင့် သေဆုံး ပြည်တွင်းသတင်း

ကျန်းမာရေးမကောင်းတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သား ၁ ဦး မတရားခိုင်းစေခံရမှုကြောင့် သေဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ ကျန်းမာရေးမကောင်းတဲ့ စစ်မှုထမ်းတပ်သားသစ်ကို အလုပ်ကြမ်းခိုင်းစေရာက သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်ခွင့်ပေးဖို့ အစိုးရအဖွဲ့ သဘောတူ နိုင်ငံတကာသတင်း

မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံမှာ ပြန်လည်အခြေချနေထိုင်ခွင့်ပေးဖို့ အစိုးရအဖွဲ့ သဘောတူ

မလေးရှားနိုင်ငံမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၀,၀၀၀ ကို တူရကီနိုင်ငံသို့ ပြန်လည်နေရာချထားနိုင်ဖို့အတွက် အဆိုပြုချက်ကို မလေးရှားအစိုးရအဖွဲ့က သဘောတူလိုက်တယ်လို့ မလေးရှား ဒုတိယဝန်ကြီးချုပ်နှင့် ကျေးလက်ဒေသနှင့် ဒေသဖွံ့ဖြိုးရေးဝန်ကြီး…

ဖတ်ရန်